သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပျက်ကျအင်ဒိုလေယာဉ်ရဲ့ Black Box တခုရှာတွေ့

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တော်ကနေ တနင်္လာနေ့မနက်တုန်းက ပျံတက်ပြီး သိပ်မကြာခင်မှာပဲ ဂျာဗားပင်လယ်ထဲ ပျက်ကျသွားခဲ့တဲ့ Lion Air လေကြောင်းလိုင်းရဲ့ အမှတ်စဉ် JT-610 လေယာဉ် အပျက်အစီးတွေကြားကနေ ခရီးစဉ် အချက်အလက် မှတ်တမ်းတင် Black Box တခုကို ရှာဖွေတွေ့ရှိခဲ့ကြောင်း အင်ဒိုနီးရှားရေတပ်က ရေငုပ်သမားတွေက ပြောပါတယ်။ ခရီးစဉ် မှတ်တမ်းတင် ကရိယာတွေထဲက တခုကို ပင်လယ်ကြမ်းပြင် ရေအောက်မှာ ရှာဖွေတွေ့ရှိပြီး ဆယ်ယူနိုင်ခဲ့တာ ဖြစ်ကြောင်းလည်း ရေငုပ်သမားတွေက ဒေသခံသတင်းသမားတွေကို ဒီနေ့ပဲ ပြောဆိုခဲ့ကြတာပါ။

Boeing 737 MAX 8 အမျိုးအစား ခရီးသည်တင် ဂျက်လေယာဉ် အပျက်အစီးတွေကြားမှာ လေယာဉ်ခရီးစဉ် မှတ်တမ်းနဲ့အတူ လေယာဉ်မှူးက မြေပြင်မှာရှိတဲ့ လေကြောင်းထိန်းသိမ်းရေးသမားတွေနဲ့ နောက်ဆုံး ဆက်သွယ်စကားပြောခဲ့တဲ့ အသံမှတ်တမ်းတွေ အပါအဝင် အရေးကြီးတဲ့ အချက်အလက်တွေ ပါဝင်တဲ့ မှတ်တမ်းတင် ကရိယာတွေကို ပြန်ရနိုင်ဖို့ ရေငုပ်သမားတွေ တနေကုန် ရှာဖွေနေကြတာ ဖြစ်ပါတယ်။

နောက်ဆုံး ဆက်သွယ်မှုအတွင်း မြေပြင်မှာရှိတဲ့ လေကြောင်းထိန်းသိမ်းရေး စခန်းကတော့ လေယာဉ်ကို ပြန်လှည့်လာဖို့ ပြောခဲ့ပါတယ်။ Bangka-Belitung ကျွန်းကနေ ထွက်ခွာလာပြီး မကြာခင်မှာပဲ ရေဒါပေါ်ကနေ ပျောက်သွားတဲ့ Lion Air လေယာဉ်ပျက်ကျတဲ့ နေရာကို ရှာဖွေတွေ့ရှိထားပြီလို့ ယူဆကြောင်း အာဏာပိုင်တွေ မနေ့တုန်းကပဲ ပြောဆိုထားတာပါ။ လေယာဉ်ပျက်ကျမှုအတွင်း လေယာဉ်ပေါ်မှာ လိုက်ပါသွားတဲ့ ခရီးသည်နဲ့ လေယာဉ်ဝန်ထမ်း ၁၈၉ ယောက်စလုံး သေဆုံးခဲ့ပါတယ်။

ပျက်ကျအင်ဒိုလေယာဉ်ရဲ့ Black Box တခုရှာတွေ့
please wait

No media source currently available

0:00 0:01:09 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG