သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘာသာကိုးကွယ်ယုံကြည်ခွင့် အညီအမှ ျ ရရဲ့လား (တိုက်ရိုက်လေလှိုင်း)


ဒီဇင်ဘာ ၄၊ ၂၀၁၈။ မြန်မာနိုင်ငံမှာ မိမိယုံကြည်ရာ ဘာသာ သာသနာကို လွတ်လပ်စွာ ယူဆ ကိုးကွယ်ခွင့်ရှိတယ်ဆိုတာကို လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း၁ အပိုဒ်၃၄ မှာ ပြဌာန်းပေးထားပါတယ်။ ခြွင်းချက်အားဖြင့် ငြိမ်ဝပ်ပိပြားရေး ပြည်သူ့ကိုယ့်ကျင့်တရားနဲ့ ပြည်သူ့ကျမ်းမာရေး ဖွဲ့စည်းပုံပါပြဌာန်းချက်တွေကို မဆန့်ကျင်လျှင်ဆိုပြီးတော့ စကားပိုဒ်တော့ ခံထားပါတယ်။

လက်ရှိ နိုင်ငံမှာ ဒီပြဌာန်းချက်နဲ့အညီ ဘာသာရေးလွတ်လပ်ခွင့်ရှိရဲ့လား၊ ဘာသာကိုးကွယ်ယုံကြည်ခွင့် အညီအမျှရစေမယ်ဆိုတဲ့ အာမခံချက်အတိုင်းပဲ အုပ်ချုပ်မှုပိုင်းမှာရော ဘာသာရေးလွတ်လပ်ခွင့်အပေါ် အကာအကွယ်ပေးရဲ့လား .. စသဖြင့် အင်္ဂါနေ့ တိုက်ရိုက်လေလှိုင်းအစီအစဉ်မှာ ဆွေးနွေးထားပါတယ်။

မန္တလေးမြို့က လူ့အခွင့်အရေးရှေ့နေကြီး ဦးသိန်းသန်းဦး၊ ကချင် လူ့အခွင့်အရေးရှေ့နေ ဦးခွန်နောင်နဲ့ ဘာသာစုံချစ်ကြည်ရေးလူငယ်များပူးပေါင်းဆောင်ရွက်မှုအဖွဲ့က ကိုရှိုင်းတို့ ပင်တိုင်ဆွေးနွေးထားကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG