သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ချန်ပီယံလိဂ် ဒုတိယအဆင့် ရှုံးထွက်ပွဲစဉ်


ဥရောပချန်ပီယံလိဂ် ဒုတိယအဆင့် ရှုံးထွက်ပွဲစဉ်တွေကို မဲနှိုက်နေ

ဥရောပချန်ပီယံလိဂ် ဒုတိယအဆင့် ရှုံးထွက်ပွဲစဉ်တွေကို ဒီကနေ့ပဲ မဲနှိုက်ခဲ့ကြပါတယ်။ အင်္ဂလန်က မန်ချက်စတာယူနိုက်တက်အသင်း ကတော့ ပြင်သစ်က ပဲရစ်စိန့်ဂျာမိန်းအသင်း နဲ့ တွေ့မှာဖြစ်ပြီး၊ လီဗာပူးလ်ကတော့ ဂျာမနီက နာမည်ကြီး ဘိုင်ယန်မြူးနစ်နဲ့ တွေ့မှာဖြစ်ပါတယ်။ ပရီမီယာလိဂ် ချန်ပီယံ မန်စီးတီးကတော့ ရှော်လ်ကေး ၊ အက်တလက်တီကို မက်ဒရစ် နဲ့ ဂျူဗင်တပ်၊ တော့တင်ဟမ် နဲ့ ဘိုရုစီယားဒေါ့မန် ၊ ရိုမား နဲ့ ပေါ်တို တို့ တွေ့မှာဖြစ်ပါတယ်။

လက်ရှိဥရောပချန်ပီယံ ရီးယဲလ်မက်ဒရစ်ကတော့ နယ်သာလန်က အေဂျက်စ်အမ်စတာဒမ် နဲ့ ကစားရမှာဖြစ်ပြီး၊ ဘာစီလိုနာကတော့ ပြင်သစ် လီယွန်အသင်း နဲ့ တွေ့မှာဖြစ်ပါတယ်။

ချန်ပီယံလိဂ် ဒုတိယအဆင့် ရှုံးထွက်ပွဲစဉ်တွေကို ပထမအကျော့ကိုတော့ - ဖေဖော်ဝါရီလ ၁၂ ၊ ၁၃ ၊ ၁၉ နဲ့ ၂၀ ရက်တွေ့မှာ ကစားမှာဖြစ်ပြီး၊ ဒုတိယကျော့ပွဲစဉ်တွေကိုတော့ မတ်လ ၅ ၊ ၆ ၊ ၁၂ ၊ ၁၃ ရက်တွေမှာ ကစားမှာဖြစ်ပါတယ်။

ချန်ပီယံလိဂ် ဒုတိယအဆင့် ရှုံးထွက်ပွဲစဉ်
please wait

No media source currently available

0:00 0:00:48 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG