သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာကလေးငယ်အလောင်း ထပ်မံစစ်ဆေးဖို့ ထိုင်းမှုခင်းဌာန ပြင်ဆင်


ဆူဖန်ဘူရီကယ်ဆယ်ရေးတွေကလေးအလောင်းသယ်လာပုံ
ဆူဖန်ဘူရီကယ်ဆယ်ရေးတွေကလေးအလောင်းသယ်လာပုံ

ထိုင်းနိုင်ငံ ဆူဖန်ဘူရီခရိုင်က ကြံခင်းထဲမှာ ပျောက်ဆုံးသွားတဲ့ ၂ နှစ်သား ကလေးငယ်ကို အင်္ဂါနေ့က ပြန်တွေ့ခဲ့အခါမှာ သေဆုံးနေပုံကို ကြည့်ပြီး သွေးရိုးသားရိုး သေဆုံးတာမဟုတ်ဖူးလို့ သံသယရှိနေတဲ့ သူ့မိဘတွေအတွက် ကလေးငယ်ရဲ့ အလောင်းကို ဒုတိယအကြိမ်မြောက် ခွဲစိတ်စစ်ဆေးဖို့ လုပ်နေပါတယ်။

ကလေးငယ်ရဲ့ အလောင်းကိုစစ်ဆေးရာမှာ ကိုယ်ထိလက်ရောက် ကျူးလွန်ထားတဲ့ လက္ခဏာ မတွေ့ရဘူးလို့ PGH ရဲတပ်ဖွဲ့ အထွေထွေဆေးရုံရဲ့ မူခင်းဆေးစစ်ဌာနက ထုတ်ပြန်ချက်ကို မိဘတွေဖြစ်တဲ့ အသက် ၂၆ နှစ်အရွယ် မြန်မာအလုပ်သမား ဦးပီးနဲ့ အသက် ၂၀ အရွယ်သူ့ဇနီးမမော် တို့က မကျေနပ်တဲ့အတွက် မေးခွန်းတွေ ထုတ်ခဲ့ပါတယ်။ ဒီဆေးစစ်ချက်အရ ကလေးငယ်မှာ အရိုးတစုံတရာကျိုးနေတာ မတွေ့ရသလို ကလေးဝတ်ထားတဲ့ အကျီမှာလည်း သွေးစွန်းမနေဘူးလို့ ဖေါ်ပြထားတာပါ။ မိခင်ဖြစ်သူကတော့ ပျောက်ဆုံးပြီး ၉ ရက်အကြာမှ ပြန်တွေ့ခဲ့ရတဲ့ သားငယ်ရဲ့ ကိုယ်မှာ ဒဏ်ရာဒဏ်ချက်တွေ ပြည့်နေတယ်လို့ ပြောကြားခဲ့ပြီး သူတို့ရဲ့ သားငယ် စောလူပီး သေဆုံးမှုနဲ့ ပတ်သက်ပြီး အဖြစ်မှန်ကို မသိရမချင်း အလောင်းကို မသဂြိုလ်ဘူးလို့လည်း ပြောပါတယ်။

ဒီဇင်ဘာလ ၂၆ ရက်နေ့မှာတော့ သားငယ်သေဆုံးမှုနဲ့ ပတ်သက်ပြီး အမှန်အတိုင်းဖြစ်အောင် ဆောင်ရွက်ပေးဖို့ မိဘတွေက ရဲကို တိုင်ချက်ဖွင့်ခဲ့သလို အလောင်းကိုလည်း ပြန်လည် အပ်နှံခဲ့တာပါ။

တရားရေးဌာန လက်အောက်က CIFS မှုခင်းဆေးသိပ္ပံပညာ ဆိုင်ရာဗဟိုဌာနရဲ့ DNA ဌာနခွဲ ဒါရိုက်တာ Worawee Waiyawut ကတော့ ကလေးငယ်ရဲ့ အလောင်းကို Thammasat Rangsit ဆေးရုံမှာ ဒုတိယအကြိမ်မြောက် ခွဲစိတ်စစ်ဆေးမှုတွေလုပ်ဖို့ ရဲတွေနဲ့ CIFS တို့ ပူးတွဲဆောင်ရွက်နေကြောင်း ကြာသပတေးနေ့မှာ ပြောပါတယ်။ ခုလို ဒုတိယအကြိမ်ပြန်စစ်ဖို့ အမိန့်ကို CIFS ဒါရိုက်တာ ဒုရဲမှုးကြီး Wannapong Khotcharak က လက်မှတ်ထိုး ထုတ်ပြန်ခဲ့တာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

ဆူဖန်ဘူရီခရိုင် အတွင်းက ဧကပေါင်းရာနဲ့ချီ ကျယ်ဝန်းတဲ့ ကြံတောထဲမှာ ဒီဇင်ဘာလ ၁၇ ရက်မနက်က မိဘတွေ အလုပ်လုပ်ရာ နေရာနဲ့ မနီးမဝေးမှာ ဆော့ကစားနေရင် ပျောက်ဆုံးသွားခဲတဲ့ ကလေးငယ်ရဲ့ အလောင်းကို ဒီဇင်ဘာလ ၂၅ ရက်နေ့မှာ ပျောက်ဆုံးခဲ့တဲ့ နေရာနဲ့ ၅ ကီလိုမီတာ အကွာမှာ ပြန်တွေ့ခဲ့ရတာ ဖြစ်ပါတယ်။ ရဲတွေက အဲဒီ ကြံစိုက်ခင်းမှာ ထွန်စက်မောင်းသူ ထိုင်းနိုင်ငံသား တဦးကို သံသယနဲ့ ထပ်မံ စစ်ဆေးနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG