သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာဒုက္ခသည်ကူညီရေး ၂၀၁၉ ကုလအစီအစဉ် ဒေါ်လာ၁ဝ၅ သန်း ကန် လှူဒါန်း


ရိုဟင်ဂျာ ဒုက္ခသည်အရေး အကူအညီပေးနေတဲ့ ကုလသမဂ္ဂ စားနပ်ရိက္ခာအစီအစဉ် WFP ကို အမေရိကန်ပြည်ထောင်စုက မတ်လ ၃ ရက် က အမေရိကန်ဒေါ်လာ ၄၅ သန်းခွဲ ပေးအပ် လိုက်ကြောင်း ဘင်္ဂလားဒေ့ရှ် ဆိုင်ရာ အမေရိကန်သံရုံးက ကြေညာချက် ထုတ်ပြန်ပါတယ်။

ဒါဟာ ဖေဖေါ်ဝါရီလ ၁၅ ရက်နေ့က ဂျနီဗာမှာ စတင်လိုက်တဲ့ ၂၀၁၉ ခုနှစ် ကုလသမဂ္ဂ ပူးတွဲတုံ့ပြန်ရေး အစီအစဉ် JRP ကို ပေးအပ်ခဲ့တဲ့ ဒေါ်လာ သန်း ၆၀ အပြင် နောက်ထပ် ထပ်မ ံပေးဝေခဲ့တာ ဖြစ်ပြီး အမေရိကန်ပြည်ထောင်စုက ၂၀၁၉ JRP အတွက် စုစုပေါင်း ဒေါ်လာ ၁၀၅ သန်း ပေးလှူခဲ့တာလည်း ဖြစ်ပါတယ်။

ရိုဟင်ဂျာဒုက္ခသည်ပြဿနာအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီ ပေးအပ်ရာမှာ အမေရိကန်က အများဆုံးဖြစ်ပြီး ၂၀၁၇ သြဂုတ်လ အကြမ်းဖက်မှုတွေ စတင်ခဲ့ချိန် ကတည်းကဆိုရင် ဒေါ်လာ သန်း ၅၀၀ နီးပါးလောက် ပေးခဲ့ပြီးဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရောက်နေတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေနဲ့ ဒီဒုက္ခသည်တွေ လက်ခံထားရာ ဒေသခံတွေအတွက် လုပ်ဆောင်ပေးတဲ့ အစီအစဉ်တွေအတွက် ချထားပေးခဲ့တာက ဒေါ်လာ သန်း ၄၅၀ လောက်ရှိပါတယ်။

အခုထပ်မံပေးအပ်တဲ့ ငွေဟာ ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ အသက်ကယ်ဆယ်နိုင်ရေးဆိုင်ရာ စားနပ်ရိက္ခာ ပံ့ပိုးပေးနိုင်ဖို့ ဖြစ်ကြောင်းနဲ့ ဒါဟာ ဈေးထဲအစားအစာတွေ ဝယ်ဖို့လက်မှတ်တွေ ထုတ်ပေးတာ၊ မုတ်သုန်မိုးနဲ့ မုန်တိုင်းအန္တရာယ် အကာကွယ်ပေးဖို့ ပြင်ဆင်တာ၊ ခိုကိုးရာမဲ့ ကလေးငယ်တွေ၊ ကိုယ်ဝန်ဆောင်တွေနဲ့ အမျိုးသမီးတွေအတွက် အဟာရဖြည့်တင်းပေးတာ အပါအဝင် လူသားချင်းစာနာမှုအကူညီတွေ ပေးဖို့ ဖြစ်ပါတယ်။

အခု ထပ်ဆောင်းပေးတဲ့ အလှုငွေဟာ ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည် တသန်းကျော်အပြင် ဘင်္ဂလားဒေ့ရှ် ဒေသခံတွေနဲ့ မြန်မာနိုင်ငံတွင်း အိုးအိမ်ပြောင်းရွှေ့နေရသူတွေ အတွင် အမိုးအကာ၊ စားနပ်ရိက္ခာ၊ အဟာရဖြည့်ဆည်းမှု၊ ရေနဲ့ သန့်ရှင်ရေးဆိုင်ရာ၊ ကျန်းမာရေး စောင့်ရှောက်မှု၊ စိတ်ဓါတ်ရေးရာပံ့ပိုးပေးမှုနဲ့ စာသင်ကြားရေး အခွင့်အလန်းတွေအတွက် အမေရိကန် ပြည်ထောင်စုက ဆက်လက် ပေးအပ်နေတဲ့ လူသားချင်းစာနာမှု အကူညီတွေမှာ သုံးစွဲဖို့ ဖြစ်ကြောင်းလည်း ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

ရိုဟင်ဂျာဒုက္ခသည်ကူညီရေး ၂၀၁၉ ကုလအစီအစဉ် ဒေါ်လာ၁ဝ၅ သန်း ကန် လှူဒါန်း
please wait

No media source currently available

0:00 0:00:50 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG