သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပုပ်ရဟန်းမင်း ဘူလ်ဂေးရီယားနိုင်ငံ ဆိုက်ရောက်


ပုပ်ရဟန်းမင်း ဘူလ်ဂေးရီယားနိုင်ငံ ဆိုက်ရောက်
ပုပ်ရဟန်းမင်း ဘူလ်ဂေးရီယားနိုင်ငံ ဆိုက်ရောက်

ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်ဟာ ဘူလ်ဂေးရီးယားနိုင်ငံ နဲ့ မြောက်ပိုင်း မက်ဆီဒိုနီးယားနိုင်ငံတွေကို ၃ ရက်ကြာ ခရီးအဖြစ် သွားရောက်နေပြီး၊ အဲဒီခရီးစဉ်ရဲ့ ပထမနေ့ဖြစ်တဲ့ ဒီကနေ့မှာတော့ ဘူလ်ဂေးရီးယားနိုင်ငံ ဆိုဖီယာမြို့ကို ရောက်ရှိခဲ့ပါတယ်။ ဒါဟာ ပုပ်ရဟန်းမင်းကြီးအတွက် အခုနှစ်အတွင်း စတုတ္တအကြိမ်မြောက် ပြည်ပခရီးစဉ်ဖြစ်ပါတယ်။

၂ နိုင်ငံစလုံးဟာ ကက်သလစ်ဘာသာဝင် အနည်းငယ်သာရှိကြပြီး ၊ အများစုကတော့ Orthodox ခရစ်ယာန်တွေ ဖြစ်ကြပါတယ်။ ပုပ်ရဟန်းမင်းကြီးအနေနဲ့ ဒီခရီးစဉ်အတွင်း အရှေ့ဥရောပမှာရှိတဲ့ Orthodox ခရစ်ယာန်တွေ နဲ့ ဗာတီကန်ကြား ဆက်ဆံရေးခိုင်မာအောင် တည်ဆောက်ဖို့ လုပ်ဆောင်သွားဖွယ်ရှိပါတယ်။

ပုပ်ရဟန်းမင်းကြီးက သူ့ရဲ့ခရီးစဉ်ဟာ ဘာသာရေး၊ စည်းလုံးညီညွတ်မှု နဲ့ ငြိမ်းချမ်းရေးအတွက် ဖြစ်တယ်လို့ ဘူလ်ဂေးရီးယားပြည်သူတွေကို ခရီးစဉ်မစခင်မှာ ပြောကြားခဲ့ပါတယ်။ ဒါဟာ ပုပ်ရဟန်းမင်းကြီး တပါးအနေနဲ့ ဘူလ်ဂေးရီးယားနိုင်ငံကို ဒုတိယအကြိမ် သွားရောက်တာဖြစ်ပါတယ်။ ၂၀၀၂ ခုနှစ်တုန်းကတော့ ပုပ်ရဟန်းမင်းကြီး John Paul II ဟာ ပထမဆုံးအကြိမ် အဖြစ်သွားရောက်ခဲ့တာပါ။

မြောက်ပိုင်း မက်ဆီဒိုနီးယားကိုတော့ ဘယ် ပုပ်ရဟန်းမင်းကြီးမှ အရင်က မသွားဖူးပါဘူး။ ဘူလ်ဂေးရီးယားနိုင်ငံမှာ ခန့်မှန်းချေအားဖြင့် လူဦးရေး ၇ သန်းလောက်ရှိပြီး ကက်သလစ်ခရစ်ယာန်ဘာသာဝင်က ၁ % လောက်ပဲရှိတာဖြစ်ပါတယ်။ မက်ဆီဒိုးနီးယားနိုင်ငံကတော့ လူဦးရေ ၂ သန်း ဝန်းကျင်လောက်ရှိပြီး၊ အဲဒီမှာတော့ ကက်သလစ်ခရစ်ယာန်ဘာသာဝင်က ၁ % အောက်မှာရှိတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG