သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘိန်းဖြူနဲ့ စိတ်ကြွဆေး ကျပ်သိန်းခြောက်သောင်းကျော်ဖိုး ပြင်ဦးလွင်မှာ ဖမ်းမိ


၂၀၁၇ ဇွန်လတုန်းက ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးများ (MOI)
၂၀၁၇ ဇွန်လတုန်းက ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးများ (MOI)

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်တွင် မူးယစ်စစ်ဆေးရေး တပ်ဖွဲ့စု ၁၆ က အမေရိကန်က မူးယစ်ဆေးဝါးနှိမ်နင်းရေးအတွက်အ ကူညီပေးထားတဲ့ ကားစစ်ဆေးရေးစက် Mobile x-rayစက် ကို ပထမအကြိမ် စမ်းသပ်ရာမှာ ကျပ်သိန်းပေါင်း ခြောက်သောင်းကျော် တန်ဖိုးရှိ တဲ့ဘိန်းဖြူနဲ့ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိပါတယ်။ မအေးအေးမာက သတင်းပေးပို့ ထားပါတယ်။

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်မှာ မူးယစ်ဆေးဝါးနှိမ်နင်းရေး တပ်ဖွဲ စု ၁၆ က
အမေရိကန်ကနေ ကူညီပေးထားတဲ့ ရွှေ့ပြောင်းသွားလာနိုင်တဲ့ Mobile x-rayစက်ကို စမ်းသပ်သုံးကြည့်တဲ့ နေ့မှာပဲ ခုလို ဘိန်းဖြူ ၄၄ ကီလိုနဲ့စိတ်ကြွဆေး ရှစ်သန်း ငါးသိန်း ကျော်တင်ဆောင်လာတဲ့ (၁၂) ဘီးယာဉ် ဆီဘောက်ဆာ အတွင်းမှာ ဖွက်လာတဲ့ မူးယစ်ဆေးတွေကို ဖမ်းမိသွားခဲ့တာပါ။ ပြင်ဦးလွင်ရဲစခန်းက ရဲစခန်းမှူး ရဲအုပ်တင်ကိုလတ်ကို ဆက်သွယ်မေးမြန်းကြည့်တဲ့ အခါမှာတော့ အခုလိုပြောပြပါတယ်။

“မူးယစ်ဆေးဝါးမိတာ မူးယစ်အဖွဲ့က မိတာပါ ။ မိတာကတော့ Mobile x-ray မိတာလို့ကြားပါတယ်။ မူးယစ်အဖွဲ့က မိတာမို့ကျနော်တို့ရဲစခန်းက မိတာမဟုတ်လို့တိတိကျကျမပြောနိုင်တာပါ ။ မိတာကတော့ Mobile x-rayမိတာ ပါ ။”

ဆီဘောက်ဆာအတွင်းကနေ ကျပ်သိန်းပေါင်း ခြောက်သောင်းကျော် တန်ဖိုးရှိ တဲ့
ဘိန်းဖြူနဲ့ စိတ်ကြွဆေးတွေကို ထည့်လာတာကို မိသွားတာဖြစ်ပါတယ် ။ ပြင်ဦးလွင်မြို့နယ် မန္တလေး-လားရှိုး ကားလမ်းဘေး မိုင်တိုင်အမှတ် (၄၇/၄၈) ကြားမှာရှိတဲ့ တိုးဂိတ်ဟောင်း နေရာ မှာမေ ၁၈ ရက်မနက် ပိုင်းမှာပဲ မူးယစ်တပ်ဖွဲ့စု (၁၆)က Mobile X-Ray စက်နဲ့ စောင့်ကြည့် စစ်ဆေးနေရာက ဖြတ်သန်း သွားလာနေတဲ့ ၁၂ဘီးကုန်တင်ကားအတွင်းကနေ မူယစ်ဆေးဝါးအထုတ်တွေကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။

၁၂ဘီးကုန်တင်ကားရဲ့ ဆီလှောင်ကန်မှာဆီဘောက်ဆာ အကန့် ခုနစ်ကန့်အနက် စတုတ္ထမြောက် အကန့်မှာ အံဝှက်ပြုလုပ်ပြီး ဆာလာအိတ်အတွင်း ထည့်ထားတဲ့ ရောင်စုံဆပ်ပြာခွက် တွေနဲထည့်ထားတဲ့ဘိန်းဖြူ ကီလို ၄၄ကီလိုနဲ့ WY စာတန်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား အလုံးရေ ၈သန်းခွဲကျော် ဖမ်းမိခဲ့တာဖြစ်ပါတယ်။ Mobile x-rayစက်
ကိုအသုံးပြုပြီးဖမ်းမိတာဖြစ်ကြောင်း မြန်မာအာဏာပိုင်တွေကအတည်ပြုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG