ရာသီတုပ်ကွေး H1N1 ကူးစက်ပျံ့နှံ့မှုရှိနေချိန်မှာ ဒီဗိုင်းရပ်စ်ပိုး မကူးစက်အောင် ကိုယ်ခံအားကောင်းနေဖို့ သိပ်ကို အရေးကြီးပါတယ်။ ကျန်းမာရေးကောင်းနေတဲ့ လူငယ်တွေလည်း ကိုယ့်ရဲ့ ကိုယ်ခံစွမ်းအား ကျမသွားအောင် ထိန်းထားနိုင်ဖို့ လိုပါတယ်။ လူထုနဲ့ကျန်းမာရေး အစီအစဉ်မှာ ဒေါက်တာသန့်ဇော် တင်ဆက်ပေးထားပါတယ်။