သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်ဒိုနီးရှားငလျင် လူ ၄ ဦး သေဆုံး

အင်ဒိုနီးရှား ငလျင် ဖြစ်ပြီးနောက် ကုန်တိုက်ရှေ့မှာ လူစုဝေးနေစဉ် (ဓာတ်ပုံ-AP)
အင်ဒိုနီးရှား ငလျင် ဖြစ်ပြီးနောက် ကုန်တိုက်ရှေ့မှာ လူစုဝေးနေစဉ် (ဓာတ်ပုံ-AP)

အင်ဒိုနီးရှားနိုင်ငံက လူဦးရေထူထပ်လှတဲ့ ဂျာဗားကျွန်းမှာ ပြင်းအား ၆.၈ အဆင့်ရှိတဲ့ငလျင် သောကြာနေ့ ညက လှုပ်သွားတာကြောင့်လူ ၄ ဦးထက်မနည်း သေဆုံးပြီး ၄ ဦး ဒဏ်ရာရခဲ့သလို အိမ်ခြေ ၂ ရာကျော်ပျက်စီးသွားတယ်လို့ အင်ဒိုနီးရှားတာဝန်ရှိသူတွေက ပြောပါတယ်။

ငလျင်ဒဏ်ကြောင့် ကြောက်လန့်တကြားထွက်ပြေးရင်း လူသေဆုံးမှုဖြစ်ခဲ့ရတာလို့ သဘာဝဘေးအန္တရာယ် ကိုင်တွယ်ထိန်းချုပ်ရေးဌာနကပြောခွင့်ရသူ Agus Wibowo ကပြောပါတယ်။ လူ ၁ ထောင်ကျော်တို့လည်း ယာယီစခန်းတွေမှာ သွားပြီးခိုလှုံနေကြတယ်လို့ တာဝန်ှရှိသူတွေက ဒီကနေ့ ပြောပါတယ်။

ဂျာဗားပြည်နယ်အနောက်ပိုင်းနဲ့ Banten အရပ်က အားကစားရုံတခုနဲ့ ဆေးရုံတွေအပါအဝင် အိမ်ခြေအတော်များများ အနည်းငယ်ထိခိုက်ပျက်စီးသွားခဲ့တာပါ။ ဂျာဗားကျွန်း အနောက်တောင်ဘက် Banten ပြည်နယ်ကမ်းလွန် ၉၄ မိုင်အကွာမှာ ဗဟိုပြုပြီး သောကြာနေ့ညက ငလျင်လှုပ်သွားခဲ့တာလို့ အမေရိကန် ဘူမိဗေဒလေ့လာရေးဌာနက ပြောပါတယ်။

ငလျင်လှုပ်တဲ့ဒဏ်ကို မြို့တော် ဂျကာတာကပါ ခံစားရပြီး အဆောက်အဦးတချို့ တမိနစ်လောက်ကြာအောင် လှုပ်သွားခဲ့ပါတယ်။ လူတွေကြောက်လန့်တကြားနဲ့ လမ်းပေါ် ထွက်ပြေးတာကိုလည်း ရုပ်မြင်သံကြားပုံရိပ်တွေမှာ တွေ့ရပါတယ်။ ဒီဇင်လာလတုန်းကလည်း ဒီအရပ်မှာ မီးတောင်လှုပ်ရှားမှုကြောင့် ညအချိန်မှာ ဆူနာမီရေလှိုင်းတွေရုတ်တရက် ဖြစ်ပေါ်ခဲ့တဲ့အတွက် လူ ၄၀၀ ကျော် သေဆုံးခဲ့ရတာပါ။ လူဦးရေ သန်း ၂၆၀ ရှိတဲ့ အင်ဒိုနီးရှားနိုင်ငံဟာ ring of fire လို့ခေါ်တဲ့ ပစိဖိတ်ရပ်ဝန်းဒေသက ငလျင်ရပ်ဝန်းပေါ်မှာ တည်ရှိတဲ့အတွက် မကြာခဏဆိုသလို ငလျင်ဒဏ်ကို ရင်ဆိုင်ခံစားနေရတာလည်းဖြစ်ပါတယ်။

အင်ဒိုနီးရှားငလျင် လူ ၄ ဦး သေဆုံး
please wait

No media source currently available

0:00 0:01:14 0:00
တိုက်ရိုက် လင့်ခ်

This item is part of
XS
SM
MD
LG