သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ဟောင်ကောင်မှာ အစိုးရဆန္ဒပြပွဲ ထပ်ကျင်းပ


ဟောင်ကောင် ဆန္ဒပြသူများ (သြဂုတ် ၂၊ ၂၀၁၉ )

ဟောင်ကောင်မှာ ဆန္ဒပြသူလူအုပ်ကြီးဟာ ရဲတွေရဲ့ သတိပေးချက်ကို လျစ်လျူရှုပြီး အတားအဆီး အကာအရံတွေချထားတဲ့ ကန့်သတ်နယ်မြေထဲကပါ ဖြတ်ကျော် ဆန္ဒပြခဲ့ကြတာပါ။ Tsim Sha Tsui အရပ်ထဲက ဈေးတွေနဲ့ လူထူထပ်တဲ့လှတဲ့ လမ်းတွေပေါ်မှာ ဆန္ဒပြသူတွေနဲ့ ပြည့်ကြပ်နေတာပါ။

အစပိုင်းမှာ အေးအေးဆေးဆေး စခဲ့တဲ့ ဆန္ဒပြပွဲဟာ နောက်ပိုင်းမှာ ရဲက လူစုခွဲဖို့လုပ်တော့ အခြေအနေတွေ မတည်မငြိမ်ဖြစ်လာပါတယ်။ ရဲတို့က မျက်ရည်ယိုဗုံးတွေ၊ ရာဘာကျည်ဆံတွေသုံးပြီး လူစုခွဲခဲ့တာကြောင့် ဆန္ဒပြသူတွေက အဆောက်အဦးတွေကို ဖောက်ဝင်ဖျက်ဆီးပြီး အုတ်နီခဲတွေနဲ့ ပြန်ပြီးပစ်ပေါက်တိုက်ခိုက်ခဲ့ပါတယ်။လာမယ့် တနင်္လာနေ့မှာ ဟောင်ကောင်တမြို့ လုံးပါဝင်ဆန္ဒကြဖို့ တိုက်တွန်းနေတဲ့ဆန္ဒပြသူတွေက စာတမ်းတွေကိုလည်း ကိုင်ဆောင်ဝှေ့ရမ်းပြီးသံပြိုင် ကြွေးကျော်အော်ဟစ်ခဲ့ကြပါတယ်။ အဲဒီလို မဝင်ရ သတ်မှတ်ထားတဲ့နေရာကို ကျော်ဖြတ်ရင် ဥပဒေချိုးဖောက်ရာ ရောက်ပါတယ်လို့ ဟောင်ကောင်ရဲတို့က ဒီကနေ့မနက်အစောပိုင်းမှာ ကြိုသတိပေးထားတာပါ။

ရာဇ၀တ်မှုနဲ့ စွဲဆိုခံရသူ ဟောင်ကောင် ဒေသခံတွေကို တရုတ်ပြည်မကြီးထံ တရားရင်ဆိုင်ရေး လွှဲပြောင်းပေးမယ့် ဥပဒေကြမ်းကို ဟောင်ကောင်အုပ်ချုပ်ရေးမှုးက ရုပ်သိမ်းလိုက်ပေမယ့်လည်း ဆန္ဒပြသူတွေရပ်မသွားပဲ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲရေး နဲ့ ဟောင်ကောင်အပေါ် တရုတ်ပြည်မကြီးရဲ့တင်းကြပ်တဲ့ ကိုင်တွယ်မှုအဆုံးသတ်ရေးဘက်ကို ပြောင်းလဲ တောင်းဆိုလာကြတာဖြစ်ပါတယ်

XS
SM
MD
LG