သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကာလီဖိုးနီးယားကမ်းခြေ ချောက်ကမ်းပါးပြို ၃ ယောက်သေဆုံး


ကာလီဖိုးနီးယားကမ်းခြေ ချောက်ကမ်းပါးပြိုကျပြီးကစ အရေးပေါ်လုပ်သားများ သွားရောက်စဉ် (ဓာတ်ပုံ-VOA)
ကာလီဖိုးနီးယားကမ်းခြေ ချောက်ကမ်းပါးပြိုကျပြီးကစ အရေးပေါ်လုပ်သားများ သွားရောက်စဉ် (ဓာတ်ပုံ-VOA)

အမေရိကန်ပြည်ထောင်စု ကာလီဖိုးနီးယားပြည်နယ် တောင်ပိုင်း၊ လှိုင်းစီးသူတွေအတွက် နာမည်ကြီးတဲ့ ပင်လယ်ကမ်းစပ်က သဲချောက်ကမ်းပါးစွန်း တခု ပြိုကျတာကြောင့် လူ(၃)ဦး သေဆုံးသွားပါတယ်။ အမျိုးသမီးတဦးက နေရာမှာတင် သေဆုံးခဲ့ပြီး ကျန်တဲ့ ၂ဦး ကတော့ ဆေးရုံကို ပို့ပြီးနောက်မှာ သေဆုံးသွားပါတယ်။

San Diego မြို့မြောက်ဘက် Grandview Beach မှာရှိတဲ့ သဲတောင်ကုန်းတန်းကနေ ကမ်းပါးစွန်းကြီးတခု ပြိုကျချိန်မှာ လူတွေ အလုအယက် ထွက်ပြေးခဲ့ရပါတယ်။

သဲတောင်ပြိုကျတဲ့ကြားမှာ ပိတ်မိနေသူတွေကို ပင်လယ်ကမ်းစောင့် ကယ်ဆယ်ရေးသမားတွေ၊ ကမ်းစပ်အလည် လာသူတွေက ကူညီ ကယ်ဆယ်ရေး ဝိုင်းလုပ်ခဲ့ကြပြီး လှိုင်းစီးတဲ့ဘုတ်ပြား၊ သဲသောင်ထိုင်ခုံ စတာတွေဟာလည်း ပြိုကျလာတဲ့ သဲကျောက်ကမ်းပါးပုံ အောက်မှာ မြုပ်သွားခဲ့ပါတယ်။ အဲဒီ အပြိုပုံအောက်မှာ ရှိနေနိုင်တဲ့ လူတွေကို အနံ့ခံခွေးတွေနဲ့ ဆက်လက်ရှာဖွေ နေကြဆဲဖြစ်ပါတယ်။

ကယ်လီဖိုးနီးယားတောင်ပိုင်းမှာ တနှစ်ကို ၄ကြိမ်ကနေ ၈ကြိမ်အထိ သဲချောက်ကမ်းပါးစွန်းတွေ ပြိုကျလေ့ရှိပြီး၊ ဒီတကြိမ်ပြိုကျတဲ့ ပမာဏဟာ အကြီးဆုံးဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG