သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ထိုင်းနယ်စပ် မြန်မာကလေးငယ်များ ပိုလီယိုကာကွယ်ဆေးတိုက်ကျွေး


ကလေးတွေကို ပိုလီယိုကာကွယ်ဆေး တိုက်ကျွေးနေစဉ် (ဓာတ်ပွုံ-VOA)

ထိုင်း-မြန်မာနယ်စပ်မှာရှိတဲ့ မြန်မာနိုင်ငံက ရွှေ့ပြောင်းအလုပ်သမား မိသားစုဝင် ကလေးငယ်တွေအားလုံးကို ထိုင်းကျန်းမာရေး ဌာနက သြဂုတ်လ ၈ ရက်နေ့မှာ ပိုလီယိုကာကွယ်ဆေး တိုက်ကျွေးပါတယ်။ မြန်မာကလေးငယ်တွေကို ထိုင်းကျန်းမာရေးဌာနက မကြာခနဆိုသလို ကျန်းမာရေးစောင့်ရှောက်မှုပေးလေ့ရှိပြီး အခုတကြိမ်ကတော့ ကလေးငယ်အားလုံး ပိုလီယိုရောဂါ ကင်းရှင်းစေ ဖို့ ကာကွယ်ဆေးတိုက်တာပါ။ ဒီအကြောင်း ဗွီအိုအေ ထိုင်းအခြေစိုက်သတင်းထောက် မအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်း-မြန်မာနယ်စပ် တာခရိုင်ထဲက မဲဆောက်နဲ့တခြားမြိုနယ်တွေမှာတော့ ထိုင်းကျန်းမာရေးဝန်ကြီးဌာနက ၀န်ထမ်းတွေကျေးလက်ဆေးပေးခန်းတွေက ၀န်ထမ်းတွေက မြန်မာရွှေ့ပြောင်းစာသင်ကျောင်းတွေက ကလေးတွေကို ပိုလီယိုကာကွယ်ဆေးတွေကို လိုက်လံတိုက်ပေးနေကြောင်း ကလေးနဲ့အမျိုးသမီးကူညီစောင့်ရှောက်ရေးဖောင်ဒေရှင်းရဲ့ Board member – Ms. Phuangthong ကအခုလိုပြောပါတယ်။

“ပိုလီယိုကလေး ကာကွယ်ဆေးကို မယ်တောင်ရပ်ကွက်က စောကျောင်းက ကလေးအသက် ၁၅နှစ်အောက် ကလေးတွေကိုတိုက်တယ်။ ထိုင်းအစိုးရသတ်မှတ်ထားတာက မဲဆောက်မှာ သြဂုတ်လ ၈ ရက်နေ့မှာ အားလုံး မဲဆောက်က ရှိတဲ့ထိုင်းကလေးရော၊ မြန်မာကလေးရော၊ ထိုင်းကလေးဆိုရင်အသက် ၇ နှစ်ကစပြီးပေးတိုက်တယ်။ မြန်မာကလေးတွေဆိုရင်အသက် ၁၅ နှစ်အောက်မှာ တိုက်တယ်။ စာသင် ကျောင်းတွေရော၊ အဖွဲအစည်းကျောင်းတွေက ကလေးအားလုံကိုမဲဆောက်မှာတိုက်ရတယ်။ ကျမတို့ အဖွဲအစည်းမှာတော့ သူတို့ ဆရာ၊ ဆရာဝန်တွေ သူတိုက ၀န်ထမ်းမလောက်တော့ ကျမတို့ က သူတို့နေရာကို သွားရတယ်။”

ဒါဟာ ကလေးတွေ မသန်စွမ်းမူတွေမဖြစ်အောင်ကြိုတင်ကာကွယ်တဲ့အစီအစဉ်လို့လည်း ဆိုပါတယ်။

“ဘာဖြစ်လို့လဲဆိုတော့ အခုခေတ်မှာမသန်စွမ်းမူတွေဖြစ်တယ်။ ပိုလီယိုဆေးတို့ ဘာတို့ မတိုက်ထားဘူးဆိုရင် ကလေးတွေမသန်စွမ်းမူတွေဖြစ်တယ်။ အရိုးတွေမခိုင် မကျန်းမာပါဘူးပေါ့။”

ထိုင်း-မြန်မာနယ်စပ်မှာ ထိုင်းအစိုးရက အသိမှတ်ပြုထားတဲ့ ရွှေ့ပြောင်းစာသင်ကျောင်းပေါင်း ၆၀ ကျော်ရှိပြီး ကျောင်းသားကျောင်းသူပေါင်း ၁၃၀၀၀ ကျော်ရှိပါတယ်။ ဒီထဲကအများစုကတော့ အသက် ၁၅ နှစ်အောက်က ကလေးတွေဖြစ်ပြီး ထိုင်းအစိုးရကျန်းမာရေးဝန်ကြီးဌာနက ကျောင်းတွေကို တနှစ် ၃ကြိမ်ခန့် ခံတွင်းကျန်းမာရေး ကြည့်ရူပေးတာ တခြားကူးစက်ရောဂါကာကွယ်ဆေးတွေထိုးပေးတာမျိုးတွေအပါအ၀င် ကျောင်းသားကျောင်းသားတွေကို ကျန်းမာရေးအရ လာရောက်စစ်ဆေးပေးတာမျိုးတွေကို လုပ်ပေးခဲ့ပါတယ်။ အခုအခါမှာတော့ မြန်မာနိုင်ငံသား ရွှေ့ပြောင်းကလေးအရေအတွက်အများဆုံးကို ပိုလီယိုကာကွယ်ဆေးတိုက်ကျွေးခဲ့တာဖြစ်ပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG