သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟောင်ကောင် ဆန္ဒပြပွဲများ တကျော့ပြန် စတင်


ဟောင်ကောင်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ဆန္ဒပြနေကြစဉ် (သြဂုတ်လ ၉ ရက်၊ ၂၀၁၉ )
ဟောင်ကောင်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ဆန္ဒပြနေကြစဉ် (သြဂုတ်လ ၉ ရက်၊ ၂၀၁၉ )

ဟောင်ကောင်က ဆန္ဒပြတဲ့သူတွေဟာ နောက်ထပ်သီတင်းပတ်ကုန် ဆန္ဒပြပွဲတွေကို ဒီကနေ့မှာ စတင်လိုက် ပါတယ်။

ပုံမှန်အားဖြင့်တော့ ဆန္ဒပြပွဲတွေကို စနေနေ့မှာ စတင်လေ့ရှိပေမယ့် ဒီတပတ်မှာတော့ ဆန္ဒပြပွဲတွေကို တရက်စောပြီး လေဆိပ်မှာ လုပ်ခဲ့ကြပါတယ်။ ဆန္ဒပြတဲ့သူတွေက ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် တောင်းဆိုနေတာတွေကို ခရီးသွားတွေ သတိပြုမိလာအောင် လုပ်တဲ့အနေနဲ့ အခုလို လေဆိပ်မှာ ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

အမေရိကန်အပါအဝင် နိုင်ငံအတော်များများကတော့ ဟောင်ကောင်ကိုသွားကြမယ့် သူတို့နိုင်ငံသားတွေကို ခရီးသွားသတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။ အခုဆိုရင် ဟောင်ကောင်ဆန္ဒပြပွဲတွေဟာ သုံးလထဲကို ရောက်လာပြီးဖြစ်ပြီး တရုတ်အစိုးရကတော့ အတိုက်အခံဆန္ဒပြပွဲတွေကို အနောက်နိုင်ငံတွေက အထောက်အပံ့တွေပေးနေတာ ဖြစ်တယ်လို့ ပြောပါတယ်။

ဒါပေမဲ့လည်း အနောက်နိုင်ငံတွေရဲ့ နိုင်ငံရေးသမားတွေဆီကနေ ဆန္ဒပြပွဲတွေကို ထောက်ခံကြောင်း ပြောကြားထားတဲ့ ကြေငြာချက်တွေကလွဲရင် တခြားအထောက်အထားတွေတော့ ပြသနိုင်ခြင်းမရှိခဲ့ပါဘူး။

ဆန္ဒပြပွဲတွေက တခါတရံမှာ အကြမ်းဖက်မှုတွေအထိဖြစ်ခဲ့တာကြောင့် အခြေအနေတွေကတော့ တင်းမာနေဆဲဖြစ်ပါတယ်။

တရုတ်နိုင်ငံပြည်မကြီးကို တရားခံလွှဲပြောင်းပေးရေး ဥပဒေကြမ်းကြောင့် ပြီးခဲ့တဲ့ ဇွန်လကစပြီး ဟောင်ကောင်မှာ နိုင်ငံရေးမတည်မငြိမ်ဖြစ်ပြီး ဆန္ဒပြပွဲတွေဖြစ်လာတာပါ။

အဲဒီကနေတဆင့် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး လှုပ်ရှားမှုအသွင် ပြောင်းလဲလာတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG