သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟောင်ကောင် အဆိုးဆုံးအကျပ်အတည်း ကြုံနေရဟု တရုတ်တာဝန်ရှိသူ ပြောဆို


ဟောင်ကောင်ကျွန်း
ဟောင်ကောင်ကျွန်း

ဟောင်ကောင်ကျွန်းမှာ သီတင်းပတ်အတော်ကြာ ဆန္ဒပြပွဲတွေဖြစ်နေပြီးတဲ့နောက် ၁၉၉၇ ခုနှစ်မှာ ဗြိတိသျှ လက်ထဲကနေ လွှဲပြောင်း ရယူခဲ့ချိန်ကတည်းကဆိုရင် အဆိုးဆုံး အခြေအနေ နဲ့ ရင်ဆိုင်နေရပြီး နောက်တဆင့် ဘာလုပ်ရမယ်ဆိုတာကို စဉ်းစား နေတယ်လို့ ဟောင်ကောင်နဲ့ ပတ်သက်ပြီး တာဝန်ယူလုပ်ဆောင်ရတဲ့ တရုတ်အစိုးရရုံးအကြီးအကဲက ဒီကနေ့ပြောလိုက်ပါတယ်။

ဟောင်ကောင်ကျွန်းနဲ့ ကပ်လျက် တရုတ်နိုင်ငံ၊ Shenzhen မြို့မှာလုပ်တဲ့ ဆွေးနွေးပွဲ တခုကို တက်ရောက်လာတဲ့ ဟောင်ကောင် ဒေသခံတွေကို Zhang Xiaoming က အဲဒီလိုပြောတာပါ။

ဟောင်ကောင် ဆန္ဒပြပွဲတွေဟာ ရုန်းရင်းဆန်ခတ် ပိုဖြစ်လာပြီး လူအဖွဲ့အစည်းအပေါ် ကြီးမားတဲ့သက်ရောက်မှု ပိုပိုပြီးရှိလာနေ တယ်လို့ ဟောင်ကောင်နဲ့ တရုတ်ပြည်မက လွှတ်တော်နဲ့ အကြံပေး အဖွဲ့အစည်းတွေရဲ့ အဖွဲ့ဝင်တွေအပါအဝင် ရာနဲ့ချီတဲ့ ဆွေးနွေးပွဲတက်သူတွေကို Zhang က ပြောပါတယ်။

ဇွန်လကတည်းက စတင်တဲ့ ဆန္ဒပြပွဲကြီးတွေ သီတင်းပတ်အတော်ကြာ ဖြစ်နေပြီးတဲ့နောက် ဟောင်ကောင်ရဲ့ နေ့စဉ်လူနေမှုဘဝ ရပ်သွားသလိုဖြစ်နေပါတယ်။ ရာဇဝတ်ပြစ်မှုကျူးလွန်ထားတယ်လို့ သံသယရှိသူတွေကို တရုတ်ပြည်မကြီးမှာ တရားရင်ဆိုင်ဖို့ လွှဲပြောင်းပေးရမယ့် ဥပဒေမူကြမ်း တခု အပေါ် မကျေနပ်ကြတဲ့ဒေသခံတွေက ဆန္ဒပြနေကြတာပါ။ ဥပဒေမူကြမ်းကို ဆက်မလုပ် ဘဲ ဆိုင်းငံ့ထားပြီးဖြစ်ပေမယ့် ဆန္ဒပြပွဲတွေဆက်ဖြစ်နေပြီး ဒီမိုကရေစီပိုရဖို့ တောင်းဆိုနေကြပါတယ်။

ဒီအတောအတွင်း မှာပဲ ရဲတပ်ဖွဲ့ဝင်ထောင်ပေါင်းများစွာ Shenzhen မှာ အဓိကရုဏ်းနှိမ်နင်းရေး လေ့ကျင့်ခန်းလုပ်တာကို ရိုက်ယူ ထားတဲ့ ဗွီဒီယိုကို တရုတ်အာဏာပိုင်တွေက ဒီကနေ့မှာ အွန်လိုင်းမှာတင်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG