(zawgyi/Unicode)
ရခိုင်မြောက်ပိုင်းပဋိပက္ခနဲ့ နောက်ဆက်တွဲအလားအလာ
(တိုက်ရိုက်လေလှိုင်း)
(zawgyi/Unicode)
ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသက မြန်မာစစ်တပ်နဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့တွေအကြား တိုက်ပွဲတွေ ပိုပိုပြီး တင်းမာလာသလို၊ အရပ်သားထိခိုက်မှုတွေ အရပ်သားတွေ သွားလာနေထိုင်စားသောက်မှုတွေကို ထိခိုက်လာနေပါတယ်။ တဖက်မှာ အပစ်ရပ်ရေးဆွေးနွေးနေတယ်ဆိုပေမယ့်လည်း၊ တဖက်နဲ့တဖက် စွတ်စွဲပြောဆိုမှုတွေဟာလည်း ပိုပြီး ပြင်းထန်လာပါတယ်။ ရခိုင်မြောက်စစ်ပွဲ ငြိမ်းချမ်းဖို့အလားအလာနဲ့ စိန်ခေါ်ချက်တွေအကြောင်း အင်္ဂါနေ့ည တိုက်ရိုက်လေလှိုင်းအစီအစဉ်မှာ ဆွေးနွေးထားပါတယ်။
ရခိုင်ပြည်နယ်ကိုယ်စားပြု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေနဲ့ မြန်မာ့ငြိမ်းချမ်းရေးလေ့လာသူ ဦးမောင်မောင်စိုးတို့ ပင်တိုင်ဆွေးနွေးထားကြပါတယ်။