သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် အစိုးရဝန်ထမ်းတွေနဲ့ မီးဖွားခွင့်


အမေရိကန် အစိုးရဝန်ထမ်းတွေနဲ့ မီးဖွားခွင့်
please wait

No media source currently available

0:00 0:03:02 0:00

အမေရိကန်ပြည်ထောင်စု အစိုးရဝန်ထမ်း ၂.၁ သန်းထဲက အများစုဟာ ကလေးမွေးဖွါးချိန်၊ ဒါမှမဟုတ် ကလေးမွေးစားဖို့အတွက် ခွင့်ရက်ရှည် ၁၂ ပတ် ရရှိတော့မှာဖြစ်ပါတယ်။ ဘယ်တုန်းကမှ မရရှိဘူးတဲ့ အခွင့်အရေးတရပ်ကို ပထမဦးဆုံးအနေနဲ့ ဝန်ထမ်းတွေအခုလို ခွင့်ရက်ရှည်ရမှာဖြစ်ပြီး လာမယ့် အောက်တိုဘာ ၁ ရက်နေ့မှာ ဥပဒေ စတင်အသက်ဝင်မှာပါ။ ကမ္ဘာတဝှမ်းက နိုင်ငံတချို့မှာ ကလေးမွေးဖွားချိန်အတွက် လစာရရှိနေမယ့် ခွင့်ရက်ရှည်ပေးနေကြပေမယ့်လည်း အမေရိကမှာတော့ အစိုးရဝန်ထမ်းတွေအပြင် တခြားသူတွေအားလုံးလည်း ဒီလို အခွင့်အရေးရရှိဖို့ တောင်းဆိုလှုပ်ရှားနေကြပါတယ်။ VOA သတင်းထောက် Mariama Diallo ပေးပို့ထားတဲ့ သတင်းကို ကိုအောင်အောင်က တင်ပြပေးပါလိမ့်မယ်။

XS
SM
MD
LG