(Zawgyi/Unicode)
ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္မွာ ျမန္မာ့စီးပြားေရးဘဏ္ကို လက္နက္ႀကီး က်ည္က်ေရာက္ေပါက္ကြဲခဲ့တာေၾကာင့္ ဘဏ္ဝန္ထမ္း တစ္ဦးနဲ႔ ကေလးႏွစ္ဦး စုစုေပါင္း သံုးဦးေသဆံုးခဲ့တဲ့ သတင္းကို ဗီြအိုေအ ျမန္မာပိုင္းသတင္းေထာက္ ကိုသက္ႏိုင္က တင္ဆက္ေပးပါမယ္။
ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္ထဲ ပစ္ခတ္မႈေတြ ျဖစ္ပြားခဲ့ၿပီး ၿမိဳ႕ေပၚမွာရွိတဲ့ ျမန္မာ့စီးပြားေရးဘဏ္ကို ဒီကေန႔ ညေန ၄ နာရီေက်ာ္ေလာက္မွာ လက္နက္ ႀကီးက်ည္ က်ေရာက္ေပါက္ကြဲခဲ့တာေၾကာင့္ ဘဏ္ဝန္ တစ္ဦးနဲ႔ ကေလးႏွစ္ဦး စုစုေပါင္းသံုးဦး ေသဆံုးခဲ့ၿပီး ပလက္၀ၿမိဳ႕နယ္ထဲက မီးလက္ဝေက်းရြာမွာလည္း ေသဆံုးဒဏ္ရာရတာေတြ ရွိတယ္လို႔ပလက္ဝေဒသခံ ကိုတင္ထြန္းေအာင္ကေျပာပါတယ္။
"ဒီေန႔ ျမန္မာ့စီးပြားေရး ဘဏ္ကို လက္နက္ႀကီးက်ည္ က်လို႔ ကေလးႏွစ္ေယာက္နဲ႔ ဘဏ္ဝန္ထမ္း အမ်ိဳးသမီး တစ္ ေယာက္ ေသဆံုးသြားပါတယ္။ေနာက္ၿပီးေတာ့ မီးလက္ဝ ေက်းရြာမွာ လက္နက္ႀကီးက်လို႔ အမ်ိဳးသမီး တစ္ဦး ေသဆံုးတယ္။ ဒဏ္ရာရတာကေတာ့ ၆ဦးေလာက္ရွိတယ္ဗ်ာ။ အခုကေတာ့ စစ္ပြဲရပ္တန္႔သြားပါၿပီ။"
ပလက္ဝၿမိဳ႕ရဲ႕ အေရွ႕ဘက္ကမ္း ကုလားတန္စီမံကိန္း ေတာင္ကုန္းေတြေပၚမွာ ဒီကေန႔ မနက္ပိုင္းနဲ႔ ညေနပိုင္း ေတြ မွာ ရခိုင္လက္ကိုင္ AA အဖြဲ႔နဲ႔ အစိုးရတပ္တို႔ၾကား တိုက္ပြဲအျပင္းအထန္ျဖစ္ပြားေနတယ္လို႔ ပလက္ဝ ေဒသခံေတြက ေျပာဆိုပါတယ္။
ပလက္ဝဘက္မွာ တိုက္ပြဲျဖစ္ပြားတာ မွန္ေပမဲ့ အေသးစိတ္ မသိရေသးဘူးလို႔ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႔ ေျပာခြင့္ရ ဗုိလ္ခ်ဳပ္ ထြန္းထြန္းညီက ေျပာပါတယ္။
"ေလာေလာဆယ္က်ေနာ္တို႔ အတည္ျပဳခ်က္မရေသးဘူး။ က်ေနာ္တို႔ သတင္းထုတ္ေပးမွာပါ။ ဘဏ္ကိုက်တယ္လို႔ေတာ့ သိရတယ္။ ေလာေလာဆယ္ေတာ့ ေျမျပင္ အတည္ျပဳခ်က္ သတင္းေစာင့္ေနတယ္။ AA ဘက္က ပစ္တာေပါ့။"
တပ္မေတာ္ေျပာခြင့္ရသူဘက္က စီးပြားေရးဘဏ္ကို ပစ္ခတ္တာ AA အဖဲြ႔လက္ခ်က္ျဖစ္တယ္လို႔ေျပာေပမဲ့၊ AA ရခိုင္လက္နက္ကိုင္အဖဲြ႔ရဲ႕ တုံ႔ျပန္ခ်က္ကိုေတာ့ မရေသးပါဘူး။
ကမၻာမွာ COVID ကပ္ေရာဂါအၾကပ္အတည္းေၾကာင့္ စစ္ပဲြေတြ ရပ္ဆိုင္းထားဖို႔ ကုလသမဂၢအတြင္းေရးမွဴးခ်ဳပ္က တိုက္တြန္းထားသလို၊ ျမန္မာအရပ္ဘက္လူမႈအဖဲြ႔ေတြကလည္း ရခိုင္စစ္ပဲြေတြ ရပ္စဲဖို႔ ေတာင္းဆိုေနၾကပါတယ္။
ဒါေပမဲ့လည္း AA ကို အၾကမ္းဖက္အဖဲြ႔အစည္းအျဖစ္ အစိုးရက သတ္မွတ္ေၾကညာလိုက္တဲ့ေနာက္၊ ရခုိင္ေျမာက္ပိုင္းနဲ႔ ခ်င္း ပလက္၀ၿမိဳ႕နယ္ေတြမွာ ဒီကေန႔အထိ အျပန္အလွန္တိုက္ပဲြေတြ ပိုျပင္းထန္လာပါတယ္။
[Unicode Version]
ပလက်ဝ စီးပွားရေးဘဏ် လက်နက်ကြီးကျည်ထိ၊ ကလေးနှစ်ဦးအပါ ၃ ဦးသေဆုံး
ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ မြန်မာ့စီးပွားရေးဘဏ်ကို လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဘဏ်ဝန်ထမ်း တစ်ဦးနဲ့ ကလေးနှစ်ဦး စုစုပေါင်း သုံးဦးသေဆုံးခဲ့တဲ့ သတင်းကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုသက်နိုင်က တင်ဆက်ပေးပါမယ်။
ချင်းပြည်နယ် ပလက်ဝမြို့နယ်ထဲ ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပြီး မြို့ပေါ်မှာရှိတဲ့ မြန်မာ့စီးပွားရေးဘဏ်ကို ဒီကနေ့ ညနေ ၄ နာရီကျော်လောက်မှာ လက်နက် ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဘဏ်ဝန် တစ်ဦးနဲ့ ကလေးနှစ်ဦး စုစုပေါင်းသုံးဦး သေဆုံးခဲ့ပြီး၊ ပလက်ဝမြို့နယ်ထဲက မီးလက်ဝကျေးရွာမှာလည်း သေဆုံးဒဏ်ရာရတာတွေ ရှိတယ်လို့ပလက်ဝဒေသခံ ကိုတင်ထွန်းအောင်ကပြောပါတယ်။
"ဒီနေ့ မြန်မာ့စီးပွားရေး ဘဏ်ကို လက်နက်ကြီးကျည် ကျလို့ ကလေးနှစ်ယောက်နဲ့ ဘဏ်ဝန်ထမ်း အမျိုးသမီး တစ် ယောက် သေဆုံးသွားပါတယ်။နောက်ပြီးတော့ မီးလက်ဝ ကျေးရွာမှာ လက်နက်ကြီးကျလို့ အမျိုးသမီး တစ်ဦး သေဆုံးတယ်။ ဒဏ်ရာရတာကတော့ ၆ဦးလောက်ရှိတယ်ဗျာ။ အခုကတော့ စစ်ပွဲရပ်တန့်သွားပါပြီ။"
ပလက်ဝမြို့ရဲ့ အရှေ့ဘက်ကမ်း ကုလားတန်စီမံကိန်း တောင်ကုန်းတွေပေါ်မှာ ဒီကနေ့ မနက်ပိုင်းနဲ့ ညနေပိုင်း တွေ မှာ ရခိုင်လက်ကိုင် AA အဖွဲ့နဲ့ အစိုးရတပ်တို့ကြား တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေတယ်လို့ ပလက်ဝ ဒေသခံ တွေက ပြောဆိုပါတယ်။
ပလက်ဝဘက်မှာ တိုက်ပွဲဖြစ်ပွားတာ မှန်ပေမဲ့ အသေးစိတ် မသိရသေးဘူးလို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောခွင့်ရ ဗိုလ်ချုပ် ထွန်းထွန်းညီက ပြောပါတယ်။
"လောလောဆယ်ကျနော်တို့ အတည်ပြုချက်မရသေးဘူး။ ကျနော်တို့ သတင်းထုတ်ပေးမှာပါ။ ဘဏ်ကိုကျတယ်လို့တော့ သိရတယ်။ လောလောဆယ်တော့ မြေပြင် အတည်ပြုချက် သတင်းစောင့်နေတယ်။ AA ဘက်က ပစ်တာပေါ့။"
တပ်မတော်ပြောခွင့်ရသူဘက်က စီးပွားရေးဘဏ်ကို ပစ်ခတ်တာ AA အဖွဲ့လက်ချက်ဖြစ်တယ်လို့ပြောပေမဲ့၊ AA ရခိုင်လက်နက်ကိုင်အဖွဲ့ရဲ့ တုံ့ပြန်ချက်ကိုတော့ မရသေးပါဘူး။
ကမ္ဘာမှာ COVID ကပ်ရောဂါအကြပ်အတည်းကြောင့် စစ်ပွဲတွေ ရပ်ဆိုင်းထားဖို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က တိုက်တွန်းထားသလို၊ မြန်မာအရပ်ဘက်လူမှုအဖွဲ့တွေကလည်း ရခိုင်စစ်ပွဲတွေ ရပ်စဲဖို့ တောင်းဆိုနေကြပါတယ်။
ဒါပေမဲ့လည်း AA ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် အစိုးရက သတ်မှတ်ကြေညာလိုက်တဲ့နောက်၊ ရခိုင်မြောက်ပိုင်းနဲ့ ချင်း ပလက်ဝမြို့နယ်တွေမှာ ဒီကနေ့အထိ အပြန်အလှန်တိုက်ပွဲတွေ ပိုပြင်းထန်လာပါတယ်။