သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ပလက္ဝ စီးပြားေရးဘဏ္ လက္နက္ႀကီးက်ည္ထိၿပီး လူ ၃ ဦးေသဆံုး


ပလက္၀ၿမိဳ႕(သတင္းဓာတ္ပံု - khonumthung.news)

(Zawgyi/Unicode)

လက္နက္ကုိင္ ပဋိပကၡေတြ ျဖစ္ပြားေနတဲ့ ခ်င္းျပည္နယ္ ပလက္၀ၿမိဳ႕မွာ စီးပြားေရးဘဏ္ အေဆာက္အဦးကုိ ဒီကေန႔ညေနပုိင္းက လက္နက္ႀကီးက်ည္ ထိမွန္ရာက ကေလး ၂ ေယာက္ အပါအ၀င္ လူ ၃ ဦး ေသဆုံးသြားေၾကာင္း ကုိယ္တုိင္ေတြ႔သူေတြက ဗြီအုိေအကုိ ေျပာပါတယ္။

တပ္မေတာ္ ေျပာခြင့္ရသူ တစ္ဦးျဖစ္တဲ့ ဗုိလ္ခ်ဳပ္ထြန္းထြန္းညီကေတာ့ ပလက္၀ၿမိဳ႕နယ္မွာ ရခုိင္လက္နက္ကုိင္တပ္ဖဲြ႔ AA နဲ႔ တုိက္ပဲြျဖစ္ပြားေၾကာင္း အတည္ျပဳခဲ့ၿပီး လက္နက္ႀကီးက်ည္ ထိမွန္တဲ့ျဖစ္ရပ္ဟာ AA အဖဲြ႔ရဲ႕ လက္ခ်က္ျဖစ္ေၾကာင္းလည္း ေျပာဆုိခဲ့ပါတယ္။

ဒီကိစၥနဲ႔ပတ္သက္လုိ႔ AA အဖဲြ႔ရဲ႕ တုံ႔ျပန္ခ်က္ကုိေတာ့ လတ္တေလာ မသိရေသးပါဘူး။

[Unicode Version]

ပလက်ဝ စီးပွားရေးဘဏ် လက်နက်ကြီးကျည်ထိပြီး လူ ၃ ဦးသေဆုံး

လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ ချင်းပြည်နယ် ပလက်ဝမြို့မှာ စီးပွားရေးဘဏ် အဆောက်အဦးကို ဒီကနေ့ညနေပိုင်းက လက်နက်ကြီးကျည် ထိမှန်ရာက ကလေး ၂ ယောက် အပါအဝင် လူ ၃ ဦး သေဆုံးသွားကြောင်း ကိုယ်တိုင်တွေ့သူတွေက ဗွီအိုအေကို ပြောပါတယ်။

တပ်မတော် ပြောခွင့်ရသူ တစ်ဦးဖြစ်တဲ့ ဗိုလ်ချုပ်ထွန်းထွန်းညီကတော့ ပလက်ဝမြို့နယ်မှာ ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ AA နဲ့ တိုက်ပွဲဖြစ်ပွားကြောင်း အတည်ပြုခဲ့ပြီး လက်နက်ကြီးကျည် ထိမှန်တဲ့ဖြစ်ရပ်ဟာ AA အဖွဲ့ရဲ့ လက်ချက်ဖြစ်ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ AA အဖွဲ့ရဲ့ တုံ့ပြန်ချက်ကိုတော့ လတ်တလော မသိရသေးပါဘူး။

XS
SM
MD
LG