သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းကပြန်လာသူတွေ တရားဝင်လမ်းကလာကြဖို့ မွန်ပြည်သစ်ပါတီပြော


(Zawgyi/Unicode)

ဧပြီ ၃၀ ရက်နောက်ပိုင်းမှာ ထိုင်းကမြန်မာအလုပ်သမားတွေနယ်စပ်ကတဆင့် မြန်မာပြည် ပြန်ဝင်ဖို့စီစဉ်နေရာမှာ မွန်ပြည်သစ်ပါတီထိန်းချုပ်တဲ့ ဘုရားသုံးဆူနယ်စပ်လမ်း သုံးခွင့်မပေးဘူးဆိုတဲ့သတင်းကို နိုင်ကွန်းအိန် ကတင်ဆက်ပေးပါမယ်။

ကမ္ဘာနှင့် အဝန်းဖြစ်ပွားနေတဲ့ COVID-19 ကူးစက်ရောဂါကြောင့် ထိုင်းနိုင်ငံမှာလဲ စက်ရုံ၊ အလုပ်ရုံအများအပြားပိတ် ထားရပြီး ထိုင်းရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ သောင်းနှင့်ချီ မိမိနေရပ်သို့ပြန်လာနိုင်ရေး စောင့်ဆိုင်း နေရာမှာ ၎င်းတို့အတွက် ဧပြီလ ၃၀ ရက်နေ့နောက်ပိုင်း မြဝတီနယ်စပ်လမ်းကြောင်းကနေ နေရပ် ပြန်လာနိုင်ရေး သက်ဆိုင်ရာအစိုးရဌာနတို့ စီစဉ်နေ ပြီဖြစ်ပါတယ်။

တရားဝင်လမ်းကြောင်းမဟုတ်တဲ့ ဘုရားသုံးဆူလမ်းကြောင်းကနေ ပြန်ဖို့ အခက်ခဲရှိနေတဲ့ အတွက် မြဝတီလမ်းကြောင်း ကနေ ပြန်ဖို့ မွန်ပြည်သစ်ပါတီအနေနဲ့ ညွှန်ကြားရတာဖြစ်တယ်လို့ မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်မှုဆောင် ကော်မီ တီဝင် နိုင်ဗညားလယ် က မွန်ဘာသာနဲ့ အခုလိုပြောပါတယ်။

“ထိုင်းကနေ ပြည်တွင်းကို ပြန်လာတဲ့သူတွေကို အစိုးရအနေနဲ့ မြဝတီလမ်းကနေ ပို့ဆောင်သွားဖို့ ရှိနေတယ်။ ဘုရား သုံးဆူလမ်းဘက်ကို ပိတ်ဖို့ ပြန်ခွင့်မပေးဖို့။ တကယ်လို့ သုံးဆူလမ်းကနေ ဒီလိုမျိုးပြန့်ပြန့်ကျဲကျဲပြန်လာလို့ တကယ် လို့ များရောဂါဖြစ်ပွါးနေရင် အခြေအနေကို ထိန်းသိမ်းဖို့ ခက်ခဲမယ်။ ဒီရောဂါ ရပ်ထဲ ရွာထဲပြန့်သွားရင် ထိန်းချုပ်ဖို့က ခက်သွားမယ်။ ဒါကြောင့်မို့ မြဝတီလမ်းကနေပြန်ကြဖို့ လမ်းကြောင်းတခုထဲပြန်ကြဖို့။ မြဝတီမှာ အစိုးရကနေ နေရပ်ပြန်ဖို့ စီစဉ်ထားတယ်။”

ဒီဧပြီလဆန်းပိုင်းတုန်းကလဲ မွန်ပြည်သစ်ပါတီဘုရားသုံးဆူအုပ်ချုပ်ရေးအဖွဲ့ကနေ ထိုင်းနိုင်ငံကနေ ပြန်လာတဲ့ မြန်မာ နိုင်ငံသား အလုပ်သမားတွေအနေနဲ့ မွန်ပြည်သစ်ပါတီထိန်းချုပ်တဲ့ ဘုရားသုံးဆူဒေသ ဂျပန်ရေတွင်းရွာနဲ့ ကြံတောရွာ တို့ကို မလာဖို့နဲ့ လိုက်ပို့ပေးတဲ့ပွဲစားတွေကို ဖမ်းဆီးအရေးယူ မယ်လို့ဧပြီလ ၁၁ ရက်နေ့မှာ အမိန့်ထုတ်ပြန် ထားပါ တယ်။

ဒါပေမယ့် လူပွဲစားတွေကနေ လမ်းထက်ဝက်မှာပို့ဆောင်နေဆဲဖြစ်လို့ ပြည်တော်ပြန်တွေအနေနဲ့ COVID-19 ကာကွယ် တားဆီးရေး Quarantine စောင့်ကြည့်နေတဲ့ မြန်မာအာဏာပိုင်တွေ မြို့ထဲဝင်ခွင့်မပေးတဲ့အတွက် ရာဘာခြံထဲမှာ သောင်တင်နေရလို့ အခက်ခဲ တွေကြုံနေရပါတယ်။

ကရင်ပြည်နယ်အစိုးရအဖွဲ့အနေနဲ့လဲ ပြည်တော်ပြန်တွေကို မြဝတီလမ်းကြောင်းကနေသာ လက်ခံသွားဖို့ အစိုးရ အဖွဲ့ ကနေဆုံးဖြတ်ထားကြောင်း ဝန်ကြီးဦးမင်းတင်ဝင်းကပြောပါတယ်။

“ဘုရားသုံးဆူဟာ ကျွန်တော်တို့ရဲ့ ယိုးဒယားနဲ့ဗမာတရားဝင် ဝင်ပေါက် မဟုတ်ဘူး။ မြဝတီက ကျွန်တော်တို့ တရားဝင် ဝင်ပေါက်။ ဟိုbက်ကဝင်လာကြရင် တရားဝင် ဝင်ပေါက်မဟုတ်တဲ့အတွက်ကြောင့် ယိုးဒယားက အစစ်ဆေး လုပ်တဲ့နေ ရာမှာ အစစ်ဆေးခက်မယ်။ ဒုတိယတခု အဲဒီကလူတွေကို ကျွန်တော်တို့သွားကြိုရမယ့် အလုပ်ဟာ လမ်း(၂)လမ်းကွဲ သွား မယ်။ အဲဒီဘုရားသုံးဆူမှာရှိတဲ့ သတ်မှတ်ထားတဲ့ ဂိတ်ဝတခုထဲမဟုတ်ဘူး။ ဝင်ပေါက်က သိပ်များနေတော့။ သူတို့ ကိုထိန်းရ သိမ်းရ ခက်တယ်။ ပို့ရဆောင်ရခက်တယ်။ ကျွေးရမွေးရပြုစုရ ခက်သွားတယ်။ အဲဒီတော့ တရားဝင်ဝင်ပေါက်ဖြစ် တဲ့ မြဝတီဘက်ကဘဲဝင်ကြရအောင် မနက်က အစည်းဝေး လုပ်တုန်းက ဝန်ကြီးတွေကအဲဒီလို ပြောကြပါတယ်။ ”

မြဝတီနယ်စပ်ဂိတ်ကပြန်လာတဲ့သူတွေကို ရောဂါစစ်ဆေးပြီး သီးသန့် စောင့်ကြည့်ရေး အဆောင်မှာ(၂၁)ရက် နေထိုင်ပြီး မှ မူလနေရပ်ကိုပြန်ရမှာဖြစ်ပါတယ်။

ပြည်တော် ပြန်တွေကို လက်ခံဖို့အတွက် မြဝတီမြို့နယ်အတွင်း စောင့်ကြည့်ရေးစခန်းတွေကိုလဲကြိုတင်ပြင် ဆင်ထား ပြီး ဖြစ်ကြောင်း ဝန်ကြီးဦးမင်းတင်ဝင်းက ပြောပါတယ်။

“ဒီဘက်မှာ Quarantineအခန်းတွေသတ်သတ်မှတ်မှတ် အကုန်လုံးလုပ်ထားပြီးပြီး။ ဘယ်လို အစာတွေကျွေး ဒီလူအတွက် ကျန်းမာရေးဘယ်လိုစစ်။ ကျန်းမာရေးစစ်ဆေးတဲ့အဖွဲ့တွေက ဘယ်နှစ်ဖွဲ့ဘယ်လိုလုပ်။ ကားတွေအကုန် ကျွန်တော်တို့ စီစဉ်ထားတယ်။ ”

ဒါပေမယ့် ထိုင်းနိုင်ငံအတွင်းကို တရားမဝင်တဲ့နည်းလမ်းနဲ့သွားရောက် အလုပ်လုပ်ကိုင်သူတွေ အများပြားရှိနေပါတယ်။ အခု မြဝတီနယ်စပ်ဂိတ်က လက်ခံတဲ့အခါမှာ တရားဝင်သွားရောက်တဲ့ အလုပ်သမားတွေတင်မက၊ တရားမဝင်သွားရောက်တဲ့ အလုပ်သမားတွေကိုပါ လက်ခံ မခံ ရှင်းရှင်းလင်းလင်း မသိရပါဘူး။ ဒါကြောင့် တရားဝင်လမ်းကြောင်းကပြည်တော်ပြန်တွေကို လက်ခံနေတယ် ဆိုပေမဲ့ တရားမဝင်ဝင်ရောက်သူတွေအတွက် အိမ်ပြန်ရေးဟာ ခက်ခဲတဲ့အခြေအနေမှာရှိပါတယ်။

တိုက်ရိုက် လင့်ခ်


...................


(Unicode)













XS
SM
MD
LG