သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားမှာ ကိုဗစ်ကူးစက်သူ အစိုးရအဖွဲ့ဝင် ဝန်ကြီး ၄ ဦးအထိ ရှိလာ 


Moscow မြို့က ဆေးရုံတခုမှ COVID လူနာများကို တွေ့ရစဉ်
Moscow မြို့က ဆေးရုံတခုမှ COVID လူနာများကို တွေ့ရစဉ်

(Zawgyi/Unicode)

ရုရှားနိုင်ငံမှာ ပညာရေးဝန်ကြီးမှာလည်း COVID-19 ကူးစက်ခံနေရတယ်လို့ သမ္မတ Vladimir Putin က ကြာသပတေးနေ့မှာ ပြောကြားလိုက်တဲ့ အတွက် အခုဆို ဝန်ကြီး ရုရှား ၄ ဦး ဒီ ရောဂါအကူးစက်ခံနေရပြီ ဖြစ်ပါတယ်။

ဒါကြောင့် ဒီရောဂါ အကူးစက်ခံရသူ ရုရှားထိပ်တန်းအရာရှိ စုစုပေါင်း ၆ ဦးရှိသွားပြီဖြစ်ပြီး နိုင်ငံတဝှမ်းမှာတော့ လူပေါင်း ၂ သိန်းခွဲကျော် ကိုရိုနာဗိုင်းရပ်ရောဂါပိုး အကူးစက် ခံနေရတာ ဖြစ်ပါတယ်။

တရက်ကို ရောဂါအကူးစက်ခံရသူ တသောင်းကျော်လောက် သီတင်း ၂ ပတ် ဆက်တိုက် ဖြစ်နေရာကနေ အကူးစက်ခံရသူ တသောင်းအောက် လျော့သွားတယ်လို့ အစိုးရက တရားဝင် ထုတ်ပြန်လိုက်တဲ့ရက် နောက်တရက်မှာတော့ ရုရှားကျန်းမာရေးအကြီးတန်း အရာရှိတဦးဖြစ်တဲ့ Anna Popova က ရုရှားနိုင်ငံမှာ ဒီရောဂါကူးစက်မှုနှုန်း တိုးမလာအောင် လုပ်ဆောင်နိုင်ပြီလို့ ပြောကြားခဲ့တာပါ။

သိပ္ပံနဲ့ အဆင့်မြင့်ပညာရေးဝန်ကြီးဌာန အသက် ၄၁ နှစ်အရွယ် ဝန်ကြီး Valery Falkov မှာ ဒီရောဂါအကူးစက်ခံနေရပြီလို့ အွန်လိုင်းရုပ်သံ ကနေ ပြုလုပ်တဲ့ အစိုးရအဖွဲ့အစည်းဝေးမှာ သမ္မတ Putin က ပြောခဲ့တာပါ။ သူဟာ ဒီရောဂါပိုး အကူးစက်ခံရတဲ့ စတုတ္တမြောက် ဝန်ကြီး ဖြစ်ပါတယ်။ ရောဂါအကူးစက်ခံနေရတဲ့ ဝန်ကြီးချုပ် Mikhail Mishustin ကတော့ အခုမှ နလံထူခါစ ဖြစ်ပါတယ်။

ဒီသီတင်းပတ် အစောပိုင်းမှာတော့ အစိုးရ ပြောခွင့်ရ Dmitry Peskov မှာ ဒီရောဂါ အကူးစက်ခံခဲ့ရတာ ဖြစ်ပြီး မော်စကိုမြို့ပြင်က နေအိမ်မှာ သမ္မတ Putin ဟာ သူ့ကျန်းမာရေး အတွက် အတော်ဂရုစိုက် နေထိုင်တယ်လို့ အစိုးရတာဝန်ရှိသူတွေက ပြောပါတယ်။

ရုရှားမှာ ဒီရောဂါအကူးစက်ခံရသူက ၂ သိန်းခွဲ ကျော် (၂၅၂,၂၄၅) ရှိ နေပြီဖြစ်ပါတယ်။ သမ္မတ Putin ရဲ့ဒီကပ်ရောဂါ ဆိုင်ရာ ကိုင်တွယ်မှု အပေါ်မှာလည်း ဝေဖန်မှုတွေ တိုးလာနေပြီး အရင် ၂ လတုန်းက သူ့အပေါ် ကြိုက်နှစ်သက်သူ ၆၃% ရှိရာကနေ ပြီးခဲ့တဲ့လ မှာတော့ ၅၉ % အထိ ကျဆင်းသွားခဲ့ တာပါ။

တိုက်ရိုက် လင့်ခ်


.................


(Unicode)







XS
SM
MD
LG