သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

AA အခြေစိုက်စခန်းတွေကို မြန်မာစစ်တပ် အင်အားသုံး ထိုးစစ်ဆင်နေ


ရခိုင်ပြည်နယ် မောင်တောမြို့မှာတွေ့ရတဲ့ မြန်မာစစ်တပ် တပ်ဖွဲ့ဝင်များ။ (အောက်တိုဘာ ၁၄၊ ၂၀၁၆)
ရခိုင်ပြည်နယ် မောင်တောမြို့မှာတွေ့ရတဲ့ မြန်မာစစ်တပ် တပ်ဖွဲ့ဝင်များ။ (အောက်တိုဘာ ၁၄၊ ၂၀၁၆)

(Zawgyi/Unicode)

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ထီးဆွဲနဲ့အောင်သာစည်ကြား ရခိုင်လက်နက်ကိုင် AA အဖွဲ့တပ်စွဲထားတဲ့ တောင်ကုန်းကို ဒုတိယနေ့အဖြစ်တပ်မတော်ကနေ ကြည်းရေလေပူးပေါင်းတပ်ဖွဲ့နဲ့ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။

ရသေ့တောင် ဒေသဖက် တောင်ကုန်းစခန်းတချို့ ကို သိမ်းပိုက်နိုင်ခဲ့တယ်လို့လည်း တပ်မတော်ဘက်က သတင်းထုတ်ပြန်ထားပါတယ်။

ဗွီအိုအေ သတင်းထောက် နိုင်ကွန်းအိန်ကို အကြောင်းစုံကို သတင်းပေးပို့ထားပါတယ်။

အင်္ဂါနေ့ကတည်းက တပ်မတော်ဘက်က ကြည်းရေလေတပ်အင်အားသုံးတိုက်ခိုက်ခဲ့တဲ့ ရသေ့တောင်မြို့နယ် ထီးဆွဲနဲ့ အောင်သာစည်ကြား တောင်ကုန်းကို ဒီနေ့မွန်းလွှဲပိုင်းကစပြီး လေယာဉ်နဲ့ ပစ်ခတ်တိုက်ခိုက်မှုစတင်လာတယ်လို့ အောင်သာစည်ရွာသားတဦးက ပြောပါတယ်။

“ထပ်ချနေပြီးလေယာဉ်နဲ့ (၂)ကြိမ်ရှိပြီး။ တနာရီဝန်းကျင်တကြိမ် (၃)နာရီလောက်မှာတကြိမ်။ ဂျက်တိုက်လေယာဉ်(၂) စီးနဲကပေါ့။ လက်နက်ကြီပစ်တယ် ရသေ့တောင်ကလဲပစ်တယ် ထီးဆွဲကလဲပစ်တာပေါ့။ မြေပြင်ထိုးစစ်တော့မရှိသေး ဘူးလေ။”

ထီးဆွဲနဲ့ အောင်သာစည်ကြား တောင်ကုန်းကို အင်္ဂါနေ့ ညနေပိုင်းမှာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ တပ်မတော်ဖက်က သတင်းထုတ်ပြန်ထားပါတယ်။

အောင်သာစည်ရွာသားတဦးကတော့ မနေ့ကကြည်းရေလေပူးပေါင်းစစ်ဆင်ရေးမှာ တပ်မတော်ဖက်က တောင်ကုန်း ငယ်တခု ကိုသာ သိမ်းပိုက်နိုင်သေးတယ်လို့ ဆိုပါတယ်။

“မနေ့ကတိုက်ပွဲအခြေအနေက လေယာဉ်နဲ့(၉)နာရီခွဲလောက်မှာလာပြီးဗုံးကြဲတယ်။ လေယာဉ်ပစ်ပြီးတော့ပြန်တာနဲ့ သူတို့ထိုးစစ်ဆင်တာလေ။ သူတို့တနေကုန်ထိုးစစ်ဆင်တော့အကျဆုံးများတယ်။ ကုန်းလေးတကုန်းကိုတော့ သူတို့ သိမ်းလို့ရတယ်။ ဒါပေမဲ့ ကုန်းကြီးကိုတော့မရဘူးပေါ့။ ကုန်းအသေးပေါ်မှာသူတို့လဲတပ်မစွဲရဲဘူးခင်ဗျ။ အဲဒီမှာ မိုင်းတွေ ဘာတွေရှိဦးမယ်ထင်တယ်။ အဲတာကြောင့်။”

လက်ရှိ ထီးဆွဲနဲ့အောင်သာစည်ကြားတောင်တန်းကို မြန်မာစစ်တပ်ကနေ အပြီးပိုင် ထိန်းချုပ်လို့မရသေးဘူးလို့ ဒေသခံတွေကဆိုပါတယ်။

ဗုဒ္ဓဟူးနေ့မှာလဲ မြန်မာစစ်တပ်ဖက်က ရေတတပ်သင်္ဘောနဲ့ ထီးစွဲဖက်မှာ တပ်အင်အားဖြည့်တင်းထားဆဲလို့ ထီးစွဲရွာသားတဦးကပြောပါတယ်။

“ဒီနေ့တော့ ဇက်ကတော့ပစ်တာတော့ရှိတယ်ရွာတွေကို။ တပ်ကတော့လူအင်အားဖြည့်နေတာပေါ့။ သူတို့ဇက်(၂)စီး နဲ့ လာပြီးတပ်အင်အား(၂၀၀)ကျော်(၃၀၀)နီးပါးလာဖြည့်တာပေါ့။ ထီးစွဲကိုဘဲပြန်ဖြည့်တာ။

အင်္ဂါနေ့ တိုက်ပွဲအတွင်း တောင်ကုန်းကနေ ဆုတ်ခွာထွက်ပြေးသွားတဲ့ AA အဖွဲ့က အနီးပတ်ဝန်းကျင်ရှိ ကျေးရွာတွေ ကို မီးရှို့ဖျက်ဆီးသွားတယ်လို့ တပ်မတော်ဘက်ကထုတ်ပြန်ထားပါတယ်။

ဒါပေမဲ့ အောင်သာစည်ကျေးရွာသားတဦးကတော့ လက်နက်ကြီးကျည်ထိမှန်လို့ရွာမီးလောင်းကြောင်းပြောပါတယ်။

“ဘယ်ရှို့မလဲ သူတို့နေရာကိုသူတို့ရှို့မလား။ အဲဒီမြေနေရာတွေကို ဗမာ့တပ်မတော်က သူတို့လေယာဉ်ပေါ်က မီးလောင်ဗုံးတွေနဲ့ တမင်တကာလာပြီးဗုံးချသွားတာ။ ကျွန်တော်တို့မြင်နေရတာအဝေးကဗုံးချတာနဲ့ တခါထဲ မီးခိုးလုံးတွေတန်းပြီးတော့ ရွာကတက်လာတာလေ။”

AAတပ်ဖွဲ့တွေအနေနဲ့ရသေ့တောင်မြို့နယ်၊ ထီးဆွဲကျေးရွာအနီး စိုးမိုးတောင်ကုန်းမှာ အခိုင်အမာနေရာယူပြီး လမ်းပန်း ဆက်သွယ်မှုဖြတ်တောက်ခြင်း၊ ရေယာဉ်တွေကိုမကြာခဏပစ်ခတ်ခြင်းဖြင့် ခြိမ်းခြောက်နေလို့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက တိုက်ခိုက်သိမ်းပိုက်တာလို့ တပ်မတော်ဘက်ကဆိုပါတယ်။

ဒါပေမဲ့ AAရခိုင်လက်နက်ကိုင်အဖွဲ့ပြောခွင့်ရခိုင်သုခကတော့ အင်္ဂါနေ့ကပြုလုပ်တဲ့စစ်ဆင်ရေးဟာ ဒေသတွင်းရိက္ခာ ဖြတ်တောက်ဖို့ရည်ရွယ်ချက်နဲ့ထိုးစစ်ဆင်တာလို့ဆိုပါတယ်။

“အခုတိုက်ပွဲဖြစ်နေတဲ့နေရာက မြန်မာစစ်တပ်ကပြောသလို ဗျူဟာမြောက်တဲ့ကုန်းတော့မဟုတ်ဘူးဗျ။ အဲဒီနေရာမှာ လယ်ယာမြေတွေအများကြီးရှိတယ်။ အဲဒီဒေသရဲ့စားဝတ်နေရေးနဲ့ ကျွန်တော်တို့ရခိုင်တပ်တော်ကို ရိက္ခာပြတ် စေချင်တဲ့ ရည်ရွယ်ချက်နဲ့ စပါးစိုက်တဲ့အချိန်ကစပြီးတော့မှ အခုဒီစပါးရိတ်သိမ်းတဲ့အချိန်ထိ အဲဒီဒေသတခွင်လုံးကို ငတ်မွတ်ခေါင်းပါးအောင် ဖန်တီးလိုတဲ့ရည်ရွယ်ချက်တခုထည်းအတွက်တာ မြန်မာစစ်တပ်ဘက်က နေပြီးတော့ အခုလိုမျိုးသဲကြီးမဲကြီး တိုက်နေတာဖြစ်တယ်။”

အင်္ဂါနေ့က တိုက်ပွဲအတွင်း မြန်မာစစ်တပ်ကရော AAအဖွဲ့ဘက်ကပါ ထိခိုက်ကျဆုံးမှုတွေရှိနေတယ်လို့ ဆိုပေမဲ့ တရားဝင်ထုတ်ပြန်တာမျိုးတော့မရှိခဲ့ပါဘူး။

ဗုဒ္ဓဟူးနေ့ တိုက်ပွဲဖြစ်စဉ်နဲ့ ပက်သက်လို့သိရှိဖို့ တပ်မတော်ဘက်ရော AAရခိုင်လက်နက်ကိုင် ပြောခွင့်ရကို ဆက်သွယ် ခဲ့ပေမဲ့ ဆက်သွယ်လို့မရခဲ့ပါဘူး။

အခုတိုက်ပွဲဖြစ်ပွါးနေတဲ့ ထီးစွဲကျေးရွာအနီးတောင်ကုန်းကို အောက်တိုဘာလဆန်းတုန်းက မြန်မာ့တပ်မတော်နဲ့ AAအဖွဲ့တို့အပြန်အလှန် တိုက်ခိုက်သိမ်းပိုက်ဖို့ကြိုးစားနေကြတာပါ။

အင်္ဂါနေ့ကဖြစ်ပွါးခဲ့တဲ့တိုက်ပွဲအတွင်း ထောင်နဲ့ချီတဲ့လိုင်ဂွင်ကျေးရွာသားတွေ ရသေ့တောင်မြို့ဖက်တိမ်းရှောင် နေရ သလို တခြား အနီးအနားက အောက်ကျောင်းတောင် စဖိုကျွန်း၊ အောင်ဇေကုန်း၊ ပြင်ဝန်း ကံပြင် ကျေးရွာသားတွေ လည်း စေတီပြင်ကျေးရွာမှာ ခိုလှုံနေကြရပါတယ်။

တိုက်ရိုက် လင့်ခ်


...........


(Unicode)






















ဆက်စပ်သတင်းများ ...

XS
SM
MD
LG