သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Bamlanivimab ကိုဗစ်ကုသဆေးစမ်းသပ်မှု ရပ်ဆိုင်း


အမေရိကန် အခြေစိုက် Eli Lilly ဆေးကုမ္ပဏီ။ (ဖေဖော်ဝါရီ ၀၁၊ ၂၀၁၈)
အမေရိကန် အခြေစိုက် Eli Lilly ဆေးကုမ္ပဏီ။ (ဖေဖော်ဝါရီ ၀၁၊ ၂၀၁၈)

[Zawgyi/Unicode]

အမေရိကန် အခြေစိုက် Eli Lilly ဆေးကုမ္ပဏီနဲ့ ကနေဒါ AbCellera ဆေးကုမ္ပဏီတို့ ပူးပေါင်းစမ်းသပ်နေတဲ့ COVID-19 ကုသဆေးစမ်းသပ်မှုတွေကို ရပ်ဆိုင်းလိုက်ပါတယ်။ ဒီဆေးကို လူနာတွေမှာ ဆက်ပြီး စမ်းသပ်တော့မှာ မဟုတ်ဘူးလို့ အမေရိကန် ကူးစက်ရောဂါဌာနက တနင်္လာနေ့တုန်းက ကြေညာချက်ထုတ်ပြန်ခဲ့တာပါ။ ဒီဆေးကုမ္ပဏီ နှစ်ခုက ပူးပေါင်းစမ်းသပ်နေတဲ့ bamlanivimab ဆေးက COVID-19 ရောဂါပြင်းထန်တဲ့သူတွေကို ကုသရာမှာ ထိရောက်မှုမရှိဘူးလို့ သုတေသနပညာရှင်တွေက ပြောတာပါ။

ဒီ ကုသဆေးနဲ့ စမ်းသပ်မှုကို သြဂုတ်လက အမေရိကန်နိုင်ငံတွင်း ဆေးရုံတက် COVID-19 လူနာ ၁၀,၀၀၀ နဲ့ စတင်ဖို့ ရည်ရွယ်ခဲ့တာဖြစ်ပြီး အခု အောက်တိုဘာလအစောပိုင်းမှာ စမ်းသပ်မှုတွေကို ရပ်နားထားလိုက်ရတာပါ။ အစောပိုင်း စမ်းသပ်မှုရလဒ်တွေကို အခြေခံပြီး ဒီဆေးကို ရောဂါလက္ခဏာ သိပ်မပြင်းထန်တဲ့ သူတွေကို ကုသဖို့ Eli Lilly ဆေးကုမ္ပဏီက အမေရိကန် အစားအသောက်နဲ့ ဆေးဝါးထိန်းချုပ်ရေးဌာနမှာ အရေးပေါ် အသုံးပြုခွင့်လျှောက်ထားခဲ့ပါတယ်။

Johns Hopkins ကိုရိုနာဗိုင်းရပ်စ် သုတေသနစင်တာ အချက်အလက်တွေအရ အမေရိကန်နိုင်ငံမှာ တနင်္လာနေ့က ကူးစက်သူ လူနာသစ် ၆၆,၀၀၀ ကျော်ရှိပါတယ်။

သြစတြေးလျနိုင်ငံ ဒုတိယအကြီးဆုံး Melbourne မြို့မှာတော့ ဒီကနေ့ ကူးစက်သူ လူနာသစ် တယောက်မှ မတွေ့တဲ့အတွက် ဇွန်လ ၉ ရက်နေ့နောက်ပိုင်း ပထမဆုံး COVID-19 လူနာကင်းစင်တဲ့ ရက်တရက်ဖြစ်ပါတယ်။ သြဂုတ်လတုန်းက တရက်ကို ကူးစက်တဲ့ သူ ၇၀၀ အထက်မှာရှိခဲ့တာပါ။ အင်္ဂါနေ့ည သန်းခေါင်အချိန်ကစ Melbourne မြို့ခံတွေ အိမ်ပြင်ထွက်နိုင်ပြီလို့ ဝိတိုရိယ ပြည်နယ်အုပ်ချုပ်ရေးမှူး Daniel Andrews က တနင်္လာနေ့က ကြေညာခဲ့ပြီး စားသောက်ဆိုင်၊ ကော်ဖီဆိုင်တွေ၊ ဘားနဲ့ ဟိုတယ်တွေကို ပြန်ဖွင့်ခွင့်ပြုလိုက်ပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]






XS
SM
MD
LG