သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်သမ္မတရွေးကောက်ပွဲ အကြိတ်အနယ်ပြည်နယ်တချို့မှာ Joe Biden မဲအသာရနေ


ဒီမိုကရက်တစ် သမ္မတလောင်း Joe Biden။ (နိုဝင်ဘာ ၀၅၊ ၂၀၂၀)
ဒီမိုကရက်တစ် သမ္မတလောင်း Joe Biden။ (နိုဝင်ဘာ ၀၅၊ ၂၀၂၀)

[Zawgyi/Unicode]

အမေရိကန်သမ္မတရွေးကောက်ပွဲ မဲတွေရေတွက်နေဆဲဖြစ်တဲ့ ဂျော်ဂျီယာနဲ့ ပန်ဆယ်လ်ဗေးနီးယားပြည်နယ်တွေမှာ သမ္မတ Donald Trump ထက် ဒီမိုကရက်သမ္မတလောင်း Joe Biden ရတဲ့ မဲအရေအတွက် တိုးလာတာကြောင့် ဒုသမ္မတဟောင်း Biden သမ္မတအဖြစ်အရွေးခံရရေး ပိုနီးစပ်လာတဲ့သဘောမျိုး ရှိနေတယ်လို့ သတင်းတွေမှာ ဖော်ပြကြပါတယ်။ လက်ရှိမှာတော့ popular vote လို့ခေါ်တဲ့ မဲဆန္ဒရှင်အများစုရဲ့ ထောက်ခံမဲ အရေအတွက်မှာ မစ္စတာဘိုင်ဒန်က ပိုများနေတယ်လို့လည်း သတင်းတွေကဆိုပါတယ်။

သမ္မတအဖြစ်အရွေးခံရဖို့ ပြည်နယ်ကိုယ်စားလှယ်မဲ ၂၇၀ လိုအပ်တာမှာ လက်ရှိမှာတော့ Biden က ၂၅၃ မဲရထားပြီး Trump ကတော့ ၂၁၄ မဲရထားပါတယ်။ ရွေးကောက်ပွဲအနိုင်အရှုံးအဆုံးအဖြတ်ပေမဲ့ ပြည်နယ် ၄ ခုမှာ မဲတွေ ဆက်ပြီးရေတွက်နေပြီး အရီဇိုးနားနဲ့ နီဗားဒါးပြည်နယ်မှာ Biden က အသာရထားပါတယ်။ သမ္မတ Trump ဦးဆောင်နေတဲ့ ပန်ဆယ်လ်ဗေးနီးယားပြည်နယ်မှာ သောကြာနေ့ကတော့ Biden ကိုထောက်ခံမဲ ၁၈,၀၀၀ ကျော်တိုးလာပါတယ်။ တခါ ဂျော်ဂျီယာပြည်နယ်မှာလည်း Biden ကထောက်ခံမဲ ပိုရလာပြီးရှေ့က ဦးဆောင်နေပါတယ်။

သမ္မတ Trump ကတော့ ရွေးကောက်ပွဲမှာ သူအနိုင်မရအောင် ဒီမိုကရက်တွေက မဲမသမာမှုတွေ အကြီးအကျယ်လုပ်နေတယ်ဆိုပြီး ကြာသပတေးနေ့က အိမ်ဖြူတော်သတင်းစာရှင်းလင်းပွဲမှာ အထောက်အထားမရှိဘဲ စွပ်စွဲပြောဆိုခဲ့ပါတယ်။ Biden ကတော့ စံချိန်တင်မဲပေးခဲ့သူ သန်း ၁၅၀ ကျော်ရှိတဲ့ဒီနှစ်မှာ မဲတွေဆက်ပြီးရေတွက်နေတာကြောင့် ပြည်သူတွေစိတ်ရှည်ရှည်နဲ့ စောင့်ကြဖို့ ကြာသပတေးနေ့အစောပိုင်းမှာ တိုက်တွန်းပြောကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]





XS
SM
MD
LG