သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန် ကျေးဇူးတော်နေ့အားလပ်ရက် မိသားစုတွေ ဆုံတွေ့ဖို့ခက်


Florida ပြည်နယ် Miami Beach နားက ဈေးဝယ်စင်တာတခုအနီး တွေ့ရတဲ့ နှာခေါင်းစည်းတပ် မိသားစု တစု။ (ဇွန် ၂၉၊ ၂၀၂၀)
Florida ပြည်နယ် Miami Beach နားက ဈေးဝယ်စင်တာတခုအနီး တွေ့ရတဲ့ နှာခေါင်းစည်းတပ် မိသားစု တစု။ (ဇွန် ၂၉၊ ၂၀၂၀)

[Zawgyi/Unicode]

အမေရိကန်ပြည်ထောင်စုမှာ COVID-19 ကပ်ရောဂါအခြေအနေ ဆိုးနေတာကြောင့် အဓိက အားလပ်ရပ်ကြီးတခုဖြစ်တဲ့ Thanksgiving ကျေးဇူးတော်နေ့မှာ နိုင်ငံတဝန်းက မိသားစုတွေတွေ့ဆုံရေး မရေမရာဖြစ်လာပါတယ်။ ဒီရောဂါနဲ့ သေဆုံးသူတွေလည်း နေ့စဉ်တိုးလာပြီး လောလောဆယ် ၂၄၀,၀၀၀ ကျော်ရှိတယ်လို့ John Hopkins စစ်တမ်းကဖော်ပြပါတယ်။ ဒါကြောင့်လည်း ကျေးဇူးတော်နေ့မှာ အစဉ်အလာအတိုင်း မိသားစုတွေ့ဆုံစားသောက်မယ့် အစီအစဉ်ကို အသေအချာပြန်စဉ်းစားဖို့ အမေရိကန်ကူးစက်ရောဂါ ကာကွယ်ရေးဌာန ထိပ်တန်းပညာရှင် Dr Anthony Fauci က သတိပေးနေပါတယ်။

အမေရိကန်ကူးစက်ရောဂါ ကာကွယ်ရေးဌာန ထိပ်တန်းပညာရှင် Dr Anthony Fauci
အမေရိကန်ကူးစက်ရောဂါ ကာကွယ်ရေးဌာန ထိပ်တန်းပညာရှင် Dr Anthony Fauci

မိသားစုထဲမှာ အသက်ကြီးသူတွေရှိရင် ဒါမှမဟုတ် ဆီးချို၊ အဝလွန်ရောဂါ၊ ကင်ဆာနဲ့ နှလုံးရောဂါလို ကျန်းမာရေးမကောင်းသူတွေရှိမယ်ဆိုရင် ပိုစဉ်းစားသင့်တယ်လို့လည်း အကြံပေးထားပါတယ်။ မိသားစုဝင်ထဲက ဘယ်သူ့ဆီမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ရှိနေသလဲဆိုတာ မသိနိုင်ဘဲ ပိုးကူးနိုင်ခြေရှိတဲ့ အတွက် ဒီလို တွေ့ဆုံစားသောက်ဖို့ ထိုက်တန်ရဲ့လားဆိုတာ ပြန်စဉ်းစားကြဖို့ ဒေါက်တာ Fauci က သတိပေးနေတာပါ။

အသက် ၇၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒေါက်တာ Fauci ကိုယ်တိုင်လည်း နိုဝင်ဘာလ ၂၆ ရက်နေ့ကျရောက်မယ့် ကျေးဇူးတော်နေ့မှာ မိသားစုတွေနဲ့ အွန်လိုင်းကနေပဲ တွေ့ဆုံဖို့ စီစဉ်ထားတယ်လို့ NBC သတင်းဌာနကို ပြောဆိုခဲ့ပါတယ်။ AAA မော်တော်ယာဉ်နဲ့ ခရီးသွားလာရေးအဖွဲ့ရဲ့အဆိုအရ ကျေးဇူးတော်နေ့ဟာ အမေရိကန်မှာ ခရီးသွားလာမှုအများဆုံးအချိန်ဖြစ်ပြီး လူသန်း ၅၀ လောက် မိုင် ၅၀ ကျော်ထိခရီးသွားပြီး မိသားစု၊ မိတ်ဆွေသူငယ်ချင်းတွေနဲ့ တွေ့ဆုံစားသောက်လေ့ရှိကြတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]





XS
SM
MD
LG