သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေဒၚေအာင္ဆန္းစုၾကည္နဲ႔ အႏိုင္ရ NLD ကို တ႐ုတ္သမၼတ ဂုဏ္ျပဳသဝဏ္လႊာပို႔


တရုတ္သမၼတနဲ႔ ေဒၚေအာင္ဆန္းစုၾကည္ ( ေနျပည္ေတာ္၊ ဇန္နဝါရီ ၁၇-၂၀၂၀)

ေရြးေကာက္ပြဲ မဲဆႏၵနယ္အမ်ားစု အႏုိင္ရထားတဲ့ ႏိုင္ငံေတာ္အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ NLD ပါတီ ကို တ႐ုတ္သမၼတ ရွီက်င့္ဖ်င္က ၀မ္းေျမာက္ေၾကာင္း သဝဏ္လႊာေပးပို႔ၿပီး - Covid -19 ကပ္ေရာဂါေနာက္ပိုင္း အခက္အခဲေပါင္းစုံ ကို ႏွစ္ႏုိင္ငံ အတူတကြြေက်ာ္ျဖတ္ႏိုင္ခဲ့ၾကေၾကာင္း ေဖာ္ျပပါရွိ။

( ZAWGYI/UNICODE)
ႏို၀င္ဘာ ၈ ရက္ေန႔ကက်င္းပတဲ့ ျမန္မာ့အေထြေထြ ေရြးေကာက္ပြဲ မဲဆႏၵနယ္အမ်ားစုမွာ အႏုိင္ရထားတဲ့ ႏုိုင္ငံေတာ္အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ NLD ပါတီ ကို တ႐ုတ္သမၼတ ရွီက်င့္ဖ်င္က တနလၤာေန႔မွာ ၀မ္းေျမာက္ေၾကာင္းသ၀ဏ္လႊာေပးပို႔ခဲ့ပါတယ္။ ဒီႏွစ္ဟာ တ႐ုတ္ ျမန္မာ သံတမန္ ဆက္ဆံေရး အႏွစ္ ၇၀ ျပည့္ခဲ့ၿပီျဖစ္သလို Covid -19 ကပ္ေရာဂါျဖစ္ၿပီးေနာက္ပိုင္း အခက္အခဲေပါင္းစုံကို ႏွစ္ႏုိင္ငံ အတူတကြြေက်ာ္ျဖတ္ခဲ့ၾကတဲ့ ေဆြးမ်ိဳးေပါက္ေဖာ္ ဆက္ဆံေရး တည္ေဆာက္ခဲ့ၾကတယ္လို႔လည္း သဝဏ္လႊာမွာ ေဖာ္ျပထားပါတယ္။ ဒါ့အျပင္ တရုတ္သမၼတ ရွီက တရုတ္ကြန္ျမဴနစ္ပါတီနဲ႔ NLD ပါတီရဲ ႔ ရင္းႏွီးတဲ့ ဆက္ဆံေရးကို ဆက္လက္ထိန္းသိမ္းၿပီး ႏွစ္ႏုိင္ငံဆက္ဆံေရးတိုးတက္ဖို႔ နဲ႔ The Belt Road လို႔ေခၚတဲ့ခါးပတ္လမ္း စီမံကိန္းမွာလည္း ျမန္မာႏုိင္ငံနဲ႔ လက္ေတြ႔က်က် ပူေပါင္းေဆာင္ရြက္ဖို႔ ဆႏၵရွိသလို နယ္စပ္တည္ၿငိမ္ေရးကိုလည္း ထိန္းသိမ္းၿပီး နယ္ပယ္အသီးသီမွာ ပူးေပါင္းေဆာင္ရြက္ဖို႔ ဆႏၵရွိေၾကာင္း သ၀ဏ္လႊာ ပါေဖာ္ျပခ်က္ေတြကို ရန္ကုန္ၿမိဳ ႔တရုတ္သံရုံးရဲ ႔ေဖဘုတ္စာမ်က္ႏွာမွာေဖာ္ျပထားပါတယ္။ တခါ ဘရူႏုိင္းႏုိင္ငံ ေခါင္းေဆာင္ ဆူလတန္ဘုရင္ Hassanal Bolkiah ကလည္း ေဒၚေအာင္ဆန္းစုၾကည္ရဲ ႔ ေရြးေကာက္ပြဲ ေအာင္ျမင္မႈကို ႏုိ္၀င္ဘာ ၁၅က္ေန႔မွာ ဂုဏ္ျပဳခဲ့ပါတယ္။

ၿပီးခဲ့တဲ့ေရြးေကာက္ပြဲမွာ NLD ပါတီက မဲအမ်ားစုအႏုိင္ရေၾကာင္း ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္က သတင္းထုတ္ျပန္ထားေပမယ့္၊ ေနရာတခ်ိဳ႕မွာေတာ့ အျငင္းပြားမႈေတြရွိေနပါတယ္။ ဒါ့အျပင္ ေရြးေကာက္ပဲြျပန္လုပ္ဖို႔ အရင္အာဏာရၾကံခိုင္ေရးပါတီဖက္က ေတာင္းဆိုတာေတြလည္းရွိခဲ့ပါတယ္။ ျပည္ေထာင္စုေရြးေကာက္ပဲြေကာ္မရွင္ကေတာ့ေ႐ြးေကာက္ပြဲမွာ NLD ပါတီက ကိုယ္စားလွယ္ေလာင္း ၉၂၀ နဲ႔ အမ်ားဆုံး အႏိုင္ရခဲ့ၿပီး၊ ျပည္ခိုင္ၿဖိဳးပါတီက ၇၁ ဦး၊ ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္က ၄၂ ဦး၊ ရခိုင္အမ်ိဳးသားပါတီက ၁၅ ဦး အႏိုင္ရရွိခဲ့တယ္လို႔ ေရြးေကာက္ပြဲေကာ္မရွင္က သတင္းထုတ္ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

( UNICODE)
နိုဝင်ဘာ ၈ ရက်နေ့ကကျင်းပတဲ့ မြန်မာ့အထွေထွေ ရွေးကောက်ပွဲ မဲဆန္ဒနယ်အများစုမှာ အနိုင်ရထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ကို တရုတ်သမ္မတ ရှီကျင့်ဖျင်က တနင်္လာနေ့မှာ ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့ခဲ့ပါတယ်။ဒီနှစ်ဟာ တရုတ် မြန်မာ သံတမန်ဆက်ဆံရေး အနှစ် ၇၀ ပြည့်ခဲ့ပြီဖြစ်သလို Covid -19 ကပ်ရောဂါဖြစ်ပြီးနောက်ပိုင်း အခက်အခဲပေါင်းစုံကို နှစ်နိုင်ငံ အတူတကွကျော်ဖြတ်ခဲ့ကြတဲ့ ဆွေးမျိုးပေါက်ဖော်ဆက်ဆံရေး တည်ဆောက်ခဲ့ကြတယ်လို့လည်း သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် တရုတ်သမ္မတ ရှိက တရုတ်ကွန်မြူနစ်ပါတီနဲ့ NLD ပါတီရဲ့ ရင်းနှီးတဲ့ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းပြီး နှစ်နိုင်ငံဆက်ဆံရေးတိုးတက်ဖို့ နဲ့ The Belt Road လို့ခေါ်တဲ့ခါးပတ်လမ်း စီမံကိန်းမှာလည်း မြန်မာနိုင်ငံနဲ့ လက်တွေ့ကျကျ ပူပေါင်းဆောင်ရွက်ဖို့ ဆန္ဒရှိသလို နယ်စပ်တည်ငြိမ်ရေးကိုလည်း ထိန်းသိမ်းပြီး နယ်ပယ်အသီးသီမှာ ပူးပေါင်းဆောင်ရွက်ဖို့ ဆန္ဒရှိကြောင်း သဝဏ်လွှာပါဖော်ပြချက်တွေကို ရန်ကုန်မြို့တရုတ်သံရုံးရဲ့ဖေဘုတ် စာမျက်နှာမှာဖော်ပြထားပါတယ်။ တခါ ဘရူနိုင်းနိုင်ငံ ခေါင်းဆောင် ဆူလတန်ဘုရင် Hassanal Bolkiah ကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရွေးကောက်ပွဲ အောင်မြင်မှုကို နိုဝင်ဘာ ၁၅က်နေ့မှာ ဂုဏ်ပြုခဲ့ပါတယ်။

ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ NLD ပါတီက မဲအများစုအနိုင်ရကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သတင်းထုတ်ပြန်ထားပေမယ့်၊ နေရာတချို့မှာတော့ အငြင်းပွားမှုတွေရှိနေပါတယ်။ ဒါ့အပြင် ရွေးကောက်ပွဲပြန်လုပ်ဖို့ အရင်အာဏာရကြံခိုင်ရေးပါတီဖက်က တောင်းဆိုတာတွေလည်းရှိခဲ့ပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကတော့
ရွေးကောက်ပွဲမှာ NLD ပါတီက ကိုယ်စားလှယ်လောင်း ၉၂၀ နဲ့ အများဆုံး အနိုင်ရခဲ့ပြီး၊ ပြည်ခိုင်ဖြိုးပါတီက ၇၁ ဦး၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က ၄၂ ဦး၊ ရခိုင်အမျိုးသားပါတီက ၁၅ ဦး အနိုင်ရရှိခဲ့တယ်လို့ ရွေးကောက်ပွဲကော်မရှင်ကသတင်းထုတ်ပြန်ထားပါတယ်။

#2020MyanmarElection #AungSanSuuKyi #NLD #XiJinping #VOABurmese #ျမန္မာေရြးေကာက္ပဲြ #တ႐ုတ္-ျမန္မာ

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG