သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Trump အစိုးရအဖွဲ့က သယ်ယူပို့ဆောင်ရေးဝန်ကြီး နုတ်ထွက်


 မှတ်တမ်းဓာတ်ပုံ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး Elaine Chao နဲ့ သမ္မတ Donald Trump တို့ ၂၀၁၇ ဂျ ွန်လ ၉ ရက်နေ့တွေ့ဆုံစဉ်
မှတ်တမ်းဓာတ်ပုံ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး Elaine Chao နဲ့ သမ္မတ Donald Trump တို့ ၂၀၁၇ ဂျ ွန်လ ၉ ရက်နေ့တွေ့ဆုံစဉ်


(Zawgyi/Unicode)
အမေရိကန်လွှတ်တော်ကို ဗုဒ္ဓဟူးနေ့က သမ္မတဒေါ်နယ်ထရမ့်ကို ထောက်ခံသူတွေ ဝင်ရောက်စီးနင်းခဲ့တဲ့ နောက်ပိုင်း ကြာသပတေးနေ့မှာတော့ သယ်ယူပို့ဆောင်ရေးဝန်ကြီး Elaine Chao ဟာ အစိုးရအဖွဲ့ ထဲကနေ နုတ်ထွက်ကြောင်း ကြေညာလိုက်ပါတယ်။ ဒါဟာ ဗုဒ္ဓဟူးနေ့ လွှတ်တော်စီးနင်းမှုဖြစ်ပြီးနောက် Trump အစိုးရထဲက ပထမဦးဆုံး ဝန်ကြီးအဆင့်နုတ်ထွက်မှု ဖြစ်ပါတယ်။

ဝန်ကြီး Chao ဟာ သမ္မတထရမ့်ရဲ့ အရင်းနှီးဆုံး နိုင်ငံရေးမဟာမိတ်တဦး ဖြစ်တဲ့ အထက်လွှတ်တော် အမတ်အများစုခေါင်းဆောင် Mitch McConnell ရဲ့ ဇနီး ဖြစ်ပါတယ်။

သမ္မတထရမ့်ရဲ့ ပြောစကားတွေကနေ ပေါ်ပေါက်လာတဲ့ ဗုဒ္ဓဟူးနေ့ အကြမ်းဖက်မှုနဲ့ပတ်သက်ပြီး အကြီးအကျယ် စိတ်အနှောက်အယှက် ဖြစ်ရကြောင်း ဒီကိစ္စကို ဒီအတိုင်း လက်ပိုက် ကြည့်မနေနိုင်တော့ကြောင်း ကြေညာချက် ထုတ်ပြန်ပြောဆိုခဲ့တာပါ။

ဝန်ကြီး Chao အပြင် သမ္မတထရမ့် အုပ်ချုပ်ရေး အဖွဲ့ထဲက သမ္မတအိမ်ဖြူ ဝန်ထမ်းရေးရာ အကြီးအကဲ Mick Mulvaney က ကြာသပတေးနေ့မနက် အစောပိုင်းမှာ နုတ်ထွက်ခဲ့တာပါ။ သူက မြောက်အိုင်ယာလန် ဆိုင်ရာ အထူးသံတမန်တာဝန်ကနေပါ နုတ်ထွက်ခဲ့တာ ဖြစ်ပါတယ်။ အုပ်ချုပ်ရေး အဖွဲ့ထဲက တခြား အရာရှိတွေလည်း နုတ်ထွက်ဖို့ စဉ်းစားနေကြတယ်လို့ Mulvaney က CNBC ရုပ်သံ မေးမြန်းခန်းမှာ ပြောကြားခဲ့ပါတယ်။

နိုဝင်ဘာရွေးကောက်ပွဲကနေ အရွေးကောက်ခံ သမ္မတဂျိုးဘိုင်ဒန် အနိုင်ရကြောင်း Electoral College ကိုယ်စားလှယ်တွေ ရဲ့ မဲတွေ အတည်ပြုရေးလုပ်ငန်းစဉ်ကို လွှတ်တော်အမတ်တွေ ဗုဒ္ဓဟူးနေ့က ဆောင်ရွက်နေစဉ်မှာပဲ သမ္မတထရမ့်ကို ထောက်ခံသူ ရာနဲ့ချီပြီး လွှတ်တော်အဆောက်အဦးထဲ အတင်းဝင်လာကြတာ ဖြစ်ပါတယ်။ ဒီအရေးအခင်းမှာ လူ ၄ ဦး သေဆုံးခဲ့ရတယ်လို့ ဝါရှင်တန်ဒီစီ ရဲဌာနက ပြောပါတယ်။

Mulvaney နုတ်ထွက်ကြောင်းကြေညာပြီး မကြာခင်မှာပဲ စီးပွားကူးသန်းဝန်ကြီးဌာန ထောက်လှန်းရေးနဲ့ လုံခြုံရေးဆိုင်ရာ ဒုတိယလက်ထောက်ဝန်ကြီး John Costello က အခုလို ဗုဒ္ဓဟူးနေ့ လွှတ်တော်တွင်းအကြမ်းဖက်မှုက သူ့ကို နုတ်ထွက်ဖို့ ဖြစ်လာစေတယ်လို့ ပြောပါတယ်။

သမ္မတထရမ့်ရဲ့ တရုတ်မူဝါဒရေးရာဆိုင်ရာ တာဝန်ထမ်းဆောင်သူတဦးဖြစ်တဲ့ Matt Pottinger ကတော့ ဗုဒ္ဓဟူးနေ့က နုတ်ထွက်ခဲ့တာပါ။

တိုက်ရိုက် လင့်ခ်


.........................

(Unicode)









တိုက်ရိုက် လင့်ခ်


XS
SM
MD
LG