(Zawgyi/Unicode)
ထိုင္းျမန္မာနယ္စပ္ တာ့ခ္ျပည္နယ္အတြင္းက လူဦးေရ အမ်ားဆံုး ကရင္ဒုကၡသည္စခန္းျဖစ္တဲ့ မယ္လစခန္းလို႔ေခၚတဲ့ "ဘဲကေလာ္" ဒုကၡသည္စခန္းကို သီတင္း ၂ ပါတ္ၾကာ Lockdown အဝင္အထြက္မလုပ္ရ တားျမစ္ထားပါတယ္။ စခန္းထဲက ဒုကၡသည္တဦးမွာ ကုိဗစ္ကပ္ေရာဂါပိုးကူးစက္ေနတာေၾကာင့္ ဇူလိုင္လ ၅ ရက္ေန႔ကစၿပီး အဝင္အထြက္ ပိတ္လိုက္တာျဖစ္ပါတယ္။ ဒီအေၾကာင္း ထိုင္းအေျခစိုက္ ဗြီအိုေအသတင္းေထာက္ မေအးေအးမာက တင္ျပထားပါတယ္။
ထိုင္းျမန္မာနယ္စပ္ တာ့ခ္ျပည္နယ္ တန္ေဆာင္ရမ္းၿမိဳ႕နယ္ထဲမွာရွိတဲ့ မယ္လဒုကၡသည္စခန္းမွာ ဘန္ေကာက္ကေန အလုပ္လုပ္ၿပီးျပန္လာသူ ဒုကၡသည္တဦး ကိုဗစ္ေရာဂါျဖစ္လို႔ မဲေဆာက္ေဆးရံုႀကီးမွာ ကုသေနပါတယ္။ ခုလိုမ်ိဳး ဒုကၡသည္စခန္းထဲမွာ ကိုဗစ္ကပ္ေရာဂါ ကူးစက္သူ တေယာက္ေတ႔ြခဲ့ၿပီးေနာက္ မယ္လစခန္းကို ၂ ပတ္ၾကာ ၀င္ထြက္ခြင့္အားလံုး ပိတ္ပင္လိုက္တယ္လို႔ ကရင္ဒုကၡသည္ေကာ္မတီဥကၠဌ ဦးေရာဘတ္ေထြးက အခုလိုေျပာျပပါတယ္။
"မေန႔ကေတာ့တေယာက္ေတြ႕တယ္ ဘန္ေကာက္မွာအလုပ္လုပ္ျပီး ျပန္လာေတာ့ စခန္းထဲေတာ့ သူ၀င္လို့မရဘူး မဲ့သေလ့ရြာမွာသြားေနတယ္ သံုးေလးရက္ေလာက္က်ေတာ့ျပန္တက္လာတယ္။ ျပန္တက္လာျပီး မယ္လစခန္းထဲမွာ ဘယ္လိုခိုး၀င္ေနလဲမေျပာတတ္ဘူး။ ခိုး၀င္ျပီး ႏွာစီးေခ်ာင္းဆိုးတာေတြျဖစ္ေတာ့ ေဆးရံုမွာသြားျပေတာ့သ ူမ်ားစစ္လိုက္ေတာ့ ေပၚတယ္။ စခန္းထဲမွာ ၄ ရက္လား ၃ ရက္လားပဲရွိေသးတယ္။ ေနမေကာင္းေတာ့ ႏွာေစးေခ်ာင္းေစးတာဆိုေတာ့ေပၚတာေပါ့ ေလာေလာဆယ္မယ္လစခန္းမွာေလ့ာေဒါင္းလုပ္တယ္။ အရင္ဆံုးေလာ့ေဒါင္းကေတာ့ ၂ပတ္အတြင္းတဲ့။"
လူနာကို ေဆး႐ံု ပုိ႔ေဆာင္ေပးခဲ့တဲ့ စခန္းအာဏာပိုင္ေတြကိုလည္း ကိုဗစ္ေရာဂါ ေစာင့္ၾကည့္ေရးစခန္းေတြမွာ ထားၿပီးေစာင့္ၾကည့္ေနပါတယ္။
မယ္လဒုကၡစခန္းမွာ လူဦးေရ ၄ ေသာင္းေက်ာ္ ႐ွိပါတယ္။ ဒါေၾကာင့္ ကိုဗစ္ကပ္ေရာဂါ ကူးစက္ ပ်ံ႕ပြားမႈမျဖစ္ေအာင္ ကာကြယ္တဲ့အေနနဲ႔ စခန္းတြင္းအ၀င္ထြက္ေတြကို ပိတ္ပင္ထားပါတယ္။ ထိုင္းျမန္မာနယ္စပ္မွာ႐ွိတဲ့ ဒုကၡသည္စခန္း ၃ ခုထဲက ကိုဗစ္ကပ္ေရာဂါပိုး ကူးစက္သူေတြ ေတ႔ြ႐ွိခဲ့တဲ့ထဲမွာ မယ္လစခန္းကေတာ့ တတိယေျမာက္ အတည္ျပဳလူနာေတြ႔တဲ့ ဒုကၡသည္စခန္းျဖစ္တယ္လို႔လည္း ဦးေရာဘတ္ေထြးက ေျပာပါတယ္။
"စခန္းေတြထဲမွာ ဆိုရင္မယ္လစခန္းကတတိယေပါ့။ ပထမကေတာ့ အုန္းဖ်န္မွာျဖစ္တယ္။ ေနာက္ က်ေတာ့ ထမ္ဟင္စခန္းမွာျဖစ္တယ္။ ထမ္ဟင္စခန္းကေတာ့ ေရာဂါေတြေပ်ာက္ကုန္ျပီ"
ထိုင္းျမန္မာနယ္စပ္မွာ စုစုေပါင္း ဒုကၡသည္စခန္း ၉ ခုရွိၿပီး ျမန္မာႏိုင္ငံက ဒုကၡသည္ စုစုေပါင္း တသိန္းနီးပါးေလာက္ ခိုလွံဳေနထုိင္ေနၾကတာပါ။ ဒုကၡသည္အမ်ားစုက ကရင္ေတြျဖစ္ၿပီး ပအိုဝ္႔၊ မြန္၊ ကခ်င္၊ ခ်င္း၊ ႐ွမ္း၊ ရခိုင္၊ ဗမာ စတဲ့ တျခားတိုင္းရင္းသား လူမ်ဳိးအစံုလည္း ႐ွိပါတယ္။ တႏွစ္ထက္တႏွစ္ အစိုးရမဟုတ္တဲ့အဖဲြအစည္းေတြရဲ ့ေထာက္ပံ့ေရးအကူညီေတြ ေလ်ာ့က်လာတာေႀကာင့္ ဒုကၡသည္ေတြဟာ စားေသာက္ေရးနဲ႔ က်န္းမာေရး၊ ပညာေရးဆိုင္ရာ အခက္အခဲေတြနဲ႔ ရင္ဆုိင္ေနၾကရပါတယ္။
ဒါေၾကာင့္ တခ်ဳိ႕ဒုကၡသည္ေတြက စခန္းအနီးတ၀ိုက္က ထုိင္းလူမ်ိဳးေတြရဲ ့စိုက္ခင္းေတြမွာေန႔စားေတြအျဖစ္ ထြက္ျပီးအလုပ္လုပ္ေနၾကရပါတယ္။ ကိုဗစ္ကပ္ေရာဂါျဖစ္ခ်ိန္မွာ ကန္႔သတ္ပိတ္ဆို႔ ထိန္းခ်ဳပ္တဲ့ဥပေဒေတြေၾကာင့္ ဒုကၡသည္ေတြအေနနဲ႔ အျပင္ကို ထြက္ၿပီးအလုပ္လုပ္ဖို့ မလြယ္ကူေတာ့ပါဘူး။ ဒါေၾကာင့္ ဒုကၡသည္ေတြဟာ စာေသာက္ေရး မလံုေလာက္တဲ့ ျပႆနာ အခက္အခဲေတြနဲ႔လည္း ရင္ဆုိင္ေနၾကရတာျဖစ္ပါတယ္။
(Unicode)
ထိုင်းမြန်မာနယ်စပ် တာ့ခ်ခရိုင်အတွင်းက လူဦးရေ အများဆုံး ကရင်ဒုက္ခသည်စခန်းဖြစ်တဲ့ မယ်လစခန်းလို့ခေါ်တဲ့ "ဘဲကလော်" ဒုက္ခသည်စခန်းကို သီတင်း ၂ ပါတ်ကြာ Lockdown အဝင်အထွက်မလုပ်ရ တားမြစ်ထားပါတယ်။ စခန်းထဲက ဒုက္ခသည်တဦးမှာ ကိုဗစ်ကပ်ရောဂါပိုးကူးစက်နေတာကြောင့် ဇူလိုင်လ ၅ ရက်နေ့ကစပြီး အဝင်အထွက် ပိတ်လိုက်တာဖြစ်ပါတယ်။ ဒီသတင်းကို ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက တင်ပြထားပါတယ်။
ထိုင်းမြန်မာနယ်စပ် တာ့ခ်ပြည်နယ် တန်ဆောင်ရမ်းမြို့နယ်ထဲမှာရှိတဲ့ မယ်လဒုက္ခသည်စခန်းမှာ ဘန်ကောက်ကနေ အလုပ်လုပ်ပြီးပြန်လာသူ ဒုက္ခသည်တဦး ကိုဗစ်ရောဂါဖြစ်လို့ မဲဆောက်ဆေးရုံကြီးမှာ ကုသနေပါတယ်။ ခုလိုဒုက္ခသည်စခန်းထဲမှာ ကိုဗစ်ကပ်ရောဂါ ကူးစက်သူ တယောက်တေ့ွခဲ့ပြီးနောက် မယ်လစခန်းကို ၂ ပတ်ကြာ ဝင်ထွက်ခွင့်အားလုံး ပိတ်ပင်လိုက်တယ်လို့ ကရင်ဒုက္ခသည်ကော်မတီဥက္ကဌ ဦးရောဘတ်ထွေးက အခုလိုပြောပြပါတယ်။
"မနေ့ကတော့တယောက်တွေ့တယ် ဘန်ကောက်မှာအလုပ်လုပ်ပြီး ပြန်လာတော့ စခန်းထဲတော့ သူဝင်လို့မရဘူး မဲ့သလေ့ရွာမှာသွားနေတယ် သုံးလေးရက်လောက်ကျတော့ပြန်တက်လာတယ်။ ပြန်တက်လာပြီး မယ်လစခန်းထဲမှာ ဘယ်လိုခိုးဝင်နေလဲမပြောတတ်ဘူး။ ခိုးဝင်ပြီး နှာစီးချောင်းဆိုးတာတွေဖြစ်တော့ ဆေးရုံမှာသွားပြတော့သ ူများစစ်လိုက်တော့ ပေါ်တယ်။ စခန်းထဲမှာ ၄ ရက်လား ၃ ရက်လားပဲရှိသေးတယ်။ နေမကောင်းတော့ နှာစေးချောင်းစေးတာဆိုတော့ပေါ်တာပေါ့ လောလောဆယ်မယ်လစခန်းမှာလေ့ာဒေါင်းလုပ်တယ်။ အရင်ဆုံးလော့ဒေါင်းကတော့ ၂ပတ်အတွင်းတဲ့။"
လူနာကို ဆေးရုံ ပို့ဆောင်ပေးခဲ့တဲ့ စခန်းအာဏာပိုင်တွေကိုလည်း ကိုဗစ်ရောဂါ စောင့်ကြည့်ရေးစခန်းတွေမှာ ထားပြီးစောင့်ကြည့်နေပါတယ်။မယ်လဒုက္ခစခန်းမှာ လူဦးရေ ၄ သောင်းကျော် ရှိပါတယ်။ ဒါကြောင့် ကိုဗစ်ကပ်ရောဂါ ကူးစက် ပျံ့ပွားမှုမဖြစ်အောင် ကာကွယ်တဲ့အနေနဲ့ စခန်းတွင်းအဝင်ထွက်တွေကို ပိတ်ပင်ထားပါတယ်။ ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ ဒုက္ခသည်စခန်း ၃ ခုထဲက ကိုဗစ်ကပ်ရောဂါပိုး ကူးစက်သူတွေ တေ့ွရှိခဲ့တဲ့ထဲမှာ မယ်လစခန်းကတော့ တတိယမြောက် အတည်ပြုလူနာတွေ့တဲ့ ဒုက္ခသည်စခန်းဖြစ်တယ်လို့လည်း ဦးရောဘတ်ထွေးက ပြောပါတယ်။
"စခန်းတွေထဲမှာဆိုရင်မယ်လစခန်းကတတိယပေါ့။ ပထမကတော့ အုန်းဖျန်မှာဖြစ်တယ်။ နောက် ကျတော့ ထမ်ဟင်စခန်းမှာဖြစ်တယ်။ ထမ်ဟင်စခန်းကတော့ ရောဂါတွေပျောက်ကုန်ပြီ"
ထိုင်းမြန်မာနယ်စပ်မှာ စုစုပေါင်း ဒုက္ခသည်စခန်း ၉ ခုရှိပြီး မြန်မာနိုင်ငံက ဒုက္ခသည် စုစုပေါင်း တသိန်းနီးပါးလောက် ခိုလှုံနေထိုင်နေကြတာပါ။ ဒုက္ခသည်အများစုက ကရင်တွေဖြစ်ပြီး ပအိုဝ့်၊ မွန်၊ ကချင်၊ ချင်း၊ ရှမ်း၊ ရခိုင်၊ ဗမာ စတဲ့ တခြားတိုင်းရင်းသား လူမျိုးအစုံ ရှိပါတယ်။ တနှစ်ထက်တနှစ် အစိုးရမဟုတ်တဲ့အဖွဲအစည်းတွေရဲ့ထောက်ပံ့ရေးအကူညီတွေ လျော့ကျလာတာကြောင့် ဒုက္ခသည်တွေဟာ စားသောက်ရေးနဲ့ ကျန်းမာရေး၊ ပညာရေးဆိုင်ရာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။
ဒါကြောင့် တချို့ဒုက္ခသည်တွေက စခန်းအနီးတဝိုက်က ထိုင်းလူမျိုးတွေရဲ့စိုက်ခင်းတွေမှာနေ့စားတွေအဖြစ် ထွက်ပြီးအလုပ်လုပ်နေကြရပါတယ်။ ကိုဗစ်ကပ်ရောဂါဖြစ်ချိန်မှာ ကန့်သတ်ပိတ်ဆို့ ထိန်းချုပ်တဲ့ဥပဒေတွေကြောင့် ဒုက္ခသည်တွေအနေနဲ့ အပြင်ကို ထွက်ပြီးအလုပ်လုပ်ဖို့ မလွယ်ကူတော့ပါဘူး။ ဒါကြောင့် ဒုက္ခသည်တွေဟာ စာသောက်ရေး မလုံလောက်တဲ့ ပြဿနာ အခက်အခဲတွေနဲ့လည်း ရင်ဆိုင်နေကြရတာဖြစ်ပါတယ်။