ကိုဗစ္-19 မ်ိဳးကြဲသစ္ Omicron ကူးစက္ႏႈန္း ျမင့္တက္မႈေၾကာင့္ အေမရိကန္ျပည္ေထာင္စုက ေက်ာင္းေတြမွာ စာသင္ၾကားေရးကို အႀကီးအက်ယ္ထိခိုက္မႈေတြရွိေနပါတယ္။ ဒါေပမယ့္လည္း ကပ္ေဘးေရာဂါ ရင္ဆိုင္ေက်ာ္လႊားေရး ေက်ာင္းေတြမွာ ကိုဗစ္ကာကြယ္ေဆးထိုးေရးအစီအစဥ္အပါအ၀င္ test kits ေတြျဖန္႔ေ၀ေရး တိုးျမွင့္လုပ္ေဆာင္လာေနတဲ့ အေျခအေနေတြနဲ႔ ပတ္သက္လို႔ ျမန္မာႏြယ္ဖြား အေမရိကန္ ေက်ာင္းဆရာနဲ႔ မိဘ တို႔ကို မအင္ၾကင္းႏိုင္က ဆက္သြယ္ေမးျမန္းတင္ျပမွာပါ။
ေမရီလန္းျပည္နယ္ ေမာင္ဂိုမာရီေကာင္တီမွာ Special Education ကေလးမ်ားရဲ႕ အထူးပညာေရးအစီအစဥ္က ေက်ာင္းဆရာတဦးျဖစ္တဲ့ ကိုလင္းလြင္ႏိုင္က လက္ရွိ
Omicron မ်ဳိးကဲြသစ္ ကူးစက္မႈေၾကာင့္ သူတို႔ေကာင္တီက ေက်ာင္းေတြမွာ တေန႔ကို ဆရာ၊ ဆရာမ ၁၀ ဦးထက္မနည္းပ်က္ကြက္ေနတာေၾကာင့္ စာသင္ၾကားေရးေတြမွာ ထိခိုက္မႈရွိေနတဲ့ အေျခအေနကို Zoom ကေန အခုလို ဗီြအိုေအကို ေျပာျပပါတယ္။
အေမရိကန္မွာ ေဆာင္းရာသီရက္တို ေက်ာင္းပိတ္ရက္ကာလအၿပီး ေက်ာင္းေတြျပန္ဖြင့္ခ်ိန္မွာ Omicron ကူးစက္ႏႈန္း ျမင့္တက္လာေနတဲ့ ကာလကို ရင္ဆိုင္ေနၾကရတာျဖစ္ပါတယ္။ အထူးသျဖင့္ ေက်ာင္းေတြမွာ ကူးစက္မႈႏႈန္းျမန္ေနတဲ့ အေျခအေန ဘာေၾကာင့္ ျဖစ္လာသလဲလို႔ ကိုလင္းလြင္ႏိုင္ကို ေမးၾကည့္ပါတယ္။
တကယ္လို႔ ေက်ာင္းေတြမွာ ကိုဗစ္ကူးစက္မႈ ၅ % ရွိခဲ့မယ္ဆိုရင္ ဗီြဒီယိုအြန္လိုင္းနဲ႔သင္ၾကားမႈ ကို ေရတိုအေနနဲ႔ ျပန္သြားဖို႔ရွိေၾကာင္းလည္းေျပာပါတယ္။ ဒါေပမယ့္ တဖက္မွာေတာ့ ေက်ာင္းသားမိဘေတြနဲ႔ ေက်ာင္းေတြဖက္က ကေလးေတြ စာသင္ေက်ာင္းေတြမွာ သြားေရာက္ သင္ၾကားတာကို ပိုၿပီးအားေပးေနတာေတြလည္းရွိပါတယ္။ ဘာေၾကာင့္ပါလဲ။ ေမာင္ဂိုမာရီေကာင္တီက တတန္းေက်ာင္းသူမိခင္ျဖစ္သူ မအိေအးက Zoom ကေန သူ႔ရဲ႕အျမင္ကို အခုလိုေျပာပါတယ္။
ဒါေၾကာင့္ ေက်ာင္းေတြမွာ ကိုဗစ္ေရာဂါကူးစက္မႈ ထိန္းခ်ဳပ္ႏိုင္ေရး ေရာဂါရွိမရွိ အိမ္မွာ စစ္ေဆးႏိုင္တဲ့ test kits ေတြသန္းနဲ႔ခ်ီၿပီး ဖယ္ဒရယ္အစိုးရကလည္း သက္ဆိုင္ရာျပည္နယ္ေတြကို ေပးေ၀ေနတာရွိပါတယ္။ ဒီလို test kits ေတြကေရာ ထိေရာက္မႈရွိမလား။ ေက်ာင္းသူမိခင္ မအိေအးရဲ႕ အေတြ႕အႀကံုကေတာ့-
Omicron မ်ဳိးကဲြသစ္ရဲ႕ ကူးစက္မႈျမန္ႏႈန္းျမင့္မားမႈကို ေက်ာ္လႊားႏိုင္ဖို႔ ေက်ာင္းေတြမွာ ကာကြယ္ေဆးထိုးတဲ့ အစီအစဥ္ကို အေကာင္အထည္ေဖၚ လုပ္ေဆာင္လာႏိုင္တဲ့ အေျခအေနေၾကာင့္ ေမွ်ာ္လင့္ခ်က္ေတြရွိေနေၾကာင္း ကိုလင္းလြင္ႏိုင္က ဗီြအုိေအကုိုေျပာပါတယ္။
ကာလီဖိုးနီးယားအပါအ၀င္ အေမရိကန္ျပည္ေထာင္စုတ၀ွမ္းက ျပည္နယ္တခ်ဳိ႕မွာေတာ့ သက္ဆိုင္ရာ ျပည္နယ္အစိုးရေတြကေန ကပ္ေဘးေရာဂါ ကာလ ေက်ာင္းေတြမွာ လံုၿခံဳစြာနဲ႔ လူကိုင္တိုင္ တက္ေရာက္သင္ၾကားေရးအတြက္ နည္းလမ္းေတြရွာေဖြေနၾကၿပီး အစားထိုးဆရာဆရာမေတြကို အလြယ္တကူခန္႔အပ္ႏိုင္ေရး၊ ပင္စင္ယူၿပီးတဲ့ ဆရာဆရာမေတြကို ျပန္ၿပီး အလုပ္ခန္႔အပ္ေရး စတာေတြမွာလြယ္ကူမႈရွိေအာင္ ဥပေဒေတြ ျပင္ဆင္ေရးဆဲြေနၾကပါတယ္။
========================
ကိုဗစ်-19 မျိုးကွဲသစ် Omicron ကူးစက်နှုန်း မြင့်တက်မှုကြောင့် အမေရိကန်ပြည်ထောင်စုက ကျောင်းတွေမှာ စာသင်ကြားရေးကို အကြီးအကျယ်ထိခိုက်မှုတွေရှိနေပါတယ်။ ဒါပေမယ့်လည်း ကပ်ဘေးရောဂါ ရင်ဆိုင်ကျော်လွှားရေး ကျောင်းတွေမှာ ကိုဗစ်ကာကွယ်ဆေးထိုးရေးအစီအစဉ်အပါအဝင် test kits တွေဖြန့်ဝေရေး တိုးမြှင့်လုပ်ဆောင်လာနေတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ မြန်မာနွယ်ဖွား အမေရိကန် ကျောင်းဆရာနဲ့ မိဘ တို့ကို မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းတင်ပြမှာပါ။
မေရီလန်းပြည်နယ် မောင်ဂိုမာရီကောင်တီမှာ Special Education ကလေးများရဲ့ အထူးပညာရေးအစီအစဉ်က ကျောင်းဆရာတဦးဖြစ်တဲ့ ကိုလင်းလွင်နိုင်က လက်ရှိ
Omicron မျိုးကွဲသစ် ကူးစက်မှုကြောင့် သူတို့ကောင်တီက ကျောင်းတွေမှာ တနေ့ကို ဆရာ၊ ဆရာမ ၁၀ ဦးထက်မနည်းပျက်ကွက်နေတာကြောင့် စာသင်ကြားရေးတွေမှာ ထိခိုက်မှုရှိနေတဲ့ အခြေအနေကို Zoom ကနေ အခုလို ဗွီအိုအေကို ပြောပြပါတယ်။
အမေရိကန်မှာ ဆောင်းရာသီရက်တို ကျောင်းပိတ်ရက်ကာလအပြီး ကျောင်းတွေပြန်ဖွင့်ချိန်မှာ Omicron ကူးစက်နှုန်း မြင့်တက်လာနေတဲ့ ကာလကို ရင်ဆိုင်နေကြရတာဖြစ်ပါတယ်။ အထူးသဖြင့် ကျောင်းတွေမှာ ကူးစက်မှုနှုန်းမြန်နေတဲ့ အခြေအနေ ဘာကြောင့် ဖြစ်လာသလဲလို့ ကိုလင်းလွင်နိုင်ကို မေးကြည့်ပါတယ်။
တကယ်လို့ ကျောင်းတွေမှာ ကိုဗစ်ကူးစက်မှု ၅ % ရှိခဲ့မယ်ဆိုရင် ဗွီဒီယိုအွန်လိုင်းနဲ့သင်ကြားမှု ကို ရေတိုအနေနဲ့ ပြန်သွားဖို့ရှိကြောင်းလည်းပြောပါတယ်။ ဒါပေမယ့် တဖက်မှာတော့ ကျောင်းသားမိဘတွေနဲ့ ကျောင်းတွေဖက်က ကလေးတွေ စာသင်ကျောင်းတွေမှာ သွားရောက် သင်ကြားတာကို ပိုပြီးအားပေးနေတာတွေလည်းရှိပါတယ်။ ဘာကြောင့်ပါလဲ။ မောင်ဂိုမာရီကောင်တီက တတန်းကျောင်းသူမိခင်ဖြစ်သူ မအိအေးက Zoom ကနေ သူ့ရဲ့အမြင်ကို အခုလိုပြောပါတယ်။
ဒါကြောင့် ကျောင်းတွေမှာ ကိုဗစ်ရောဂါကူးစက်မှု ထိန်းချုပ်နိုင်ရေး ရောဂါရှိမရှိ အိမ်မှာ စစ်ဆေးနိုင်တဲ့ test kits တွေသန်းနဲ့ချီပြီး ဖယ်ဒရယ်အစိုးရကလည်း သက်ဆိုင်ရာပြည်နယ်တွေကို ပေးဝေနေတာရှိပါတယ်။ ဒီလို test kits တွေကရော ထိရောက်မှုရှိမလား။ ကျောင်းသူမိခင် မအိအေးရဲ့ အတွေ့အကြုံကတော့-
Omicron မျိုးကွဲသစ်ရဲ့ ကူးစက်မှုမြန်နှုန်းမြင့်မားမှုကို ကျော်လွှားနိုင်ဖို့ ကျောင်းတွေမှာ ကာကွယ်ဆေးထိုးတဲ့ အစီအစဉ်ကို အကောင်အထည်ဖေါ် လုပ်ဆောင်လာနိုင်တဲ့ အခြေအနေကြောင့် မျှော်လင့်ချက်တွေရှိနေကြောင်း ကိုလင်းလွင်နိုင်က ဗွီအိုအေကိုပြောပါတယ်။
ကာလီဖိုးနီးယားအပါအဝင် အမေရိကန်ပြည်ထောင်စုတဝှမ်းက ပြည်နယ်တချို့မှာတော့ သက်ဆိုင်ရာ ပြည်နယ်အစိုးရတွေကနေ ကပ်ဘေးရောဂါ ကာလ ကျောင်းတွေမှာ လုံခြုံစွာနဲ့ လူကိုင်တိုင် တက်ရောက်သင်ကြားရေးအတွက် နည်းလမ်းတွေရှာဖွေနေကြပြီး အစားထိုးဆရာဆရာမတွေကို အလွယ်တကူခန့်အပ်နိုင်ရေး၊ ပင်စင်ယူပြီးတဲ့ ဆရာဆရာမတွေကို ပြန်ပြီး အလုပ်ခန့်အပ်ရေး စတာတွေမှာလွယ်ကူမှုရှိအောင် ဥပဒေတွေ ပြင်ဆင်ရေးဆွဲနေကြပါတယ်။