သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကန္ဝန္ႀကီး Blinken ျမန္မာ႔အေရး လႈပ္ရွားသူေတြ နဲ႔ ေဆြးေႏြး


Antony Blinken - Feb. 1, 2022.

[[ ZAWGYI ]]

ကန္ဝန္ႀကီး Blinken ျမန္မာ႔အေရး လႈပ္ရွားသူေတြ နဲ႔ ေဆြးေႏြး

စစ္အာဏာသိမ္းၿပီးေနာက္ပုိင္း ျမန္မာႏုိင္ငံမွာ ရင္ဆုိင္ေနရတဲ့ အေျခအေနေတြနဲ႔ ႏုိင္ငံေရး အက်ပ္အတည္းေတြကုိ ေျဖရွင္းႏုိင္ေရး ျမန္မာ့အေရး လႈပ္ရွားသူေတြနဲ႔ အေမရိကန္ႏုိင္ငံျခားေရး၀န္ႀကီး Antony Blinken တို႔ ေဖေဖၚဝါရီ ၃ ရက္ ၾကာသပေတးေန႔က ေဆြးေႏြးခဲ့ၾကပါတယ္။

စစ္အာဏာသိမ္းၿပီး ၁ ႏွစ္ၾကာ ကာလအတြင္း စစ္တပ္ရဲ႕ ရက္စက္တဲ့ အၾကမ္းဖက္လုပ္ရပ္ေတြနဲ႔ ရင္ဆုိင္ေနရခ်ိန္မွာ ဒီမုိကေရစီလမ္းေၾကာင္းေပၚ ျပန္ေရာက္ဖုိ႔ ျမန္မာ့အေရး လႈပ္ရွားသူေတြရဲ႕ ႀကိဳးပမ္းမႈေတြကုိ သိရဖုိ႔ အြန္လုိင္းကေန ေတြ႔ဆုံခဲ့တာလုိ႔လည္း အေမရိကန္ ႏုိင္ငံျခားေရး၀န္ႀကီးဌာနက ေၾကညာခ်က္ ထုတ္ျပန္ေျပာဆုိခဲ့တာပါ။

၀န္ႀကီးဘလင္ကန္ အေနနဲ႔လည္း ျမန္မာစစ္အာဏာပုိင္ေတြရဲ႕ လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈေတြ ရပ္တန္႔ဖုိ႔၊ မတရား ဖမ္းဆီးထားသူေတြကုိ ျပန္လႊတ္ေပးဖုိ႔နဲ႔ ဒီမုိကေရစီအသြင္ကူးေျပာင္းေရး လမ္းေၾကာင္းေပၚ ျပန္လည္ဦးတည္ေစဖုိ႔ ဖိအားေပးတဲ့ အေနနဲ႔ ပစ္မွတ္ထား ဒဏ္ခတ္မႈေတြ အပါအ၀င္ သံတမန္ေရး၊ စီးပြားေရး ဖိအားေပး ႀကိဳးပမ္းမႈေတြကိုလည္း ျမန္မာ့အေရး လႈပ္ရွားသူေတြကုိ ရွင္းျပခဲ့တယ္လုိ႔ ေျပာပါတယ္။

အေမရိကန္ အပါအ၀င္ အေနာက္ႏုိင္ငံ တခ်ဳိ႕က ျမန္မာစစ္အာဏာပုိင္ေတြအေပၚ ဖိအားေပးတဲ့ အေနနဲ႔ ပိတ္ဆုိ႔ဒဏ္ခတ္မႈေတြ ခ်မွတ္ေနေပမဲ့လည္း လက္ေတြ႔ ထိေရာက္မႈရွိေအာင္ ဒီထက္ပုိ ႀကိဳးပမ္းဖုိ႔ လုိအပ္တယ္လုိ႔ ကုလသမဂၢ တာ၀န္ရွိသူေတြ၊ လူ႔အခြင့္အေရး လႈပ္ရွားမႈအဖဲြ႔ေတြနဲ႔ ျမန္မာ့အေရးလႈပ္ရွားသူေတြ တုိက္တြန္းေနၾကတာ ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ႏွစ္ ေဖေဖာ္၀ါရီလက ျမန္မာႏုိင္ငံမွာ အရပ္သားအစုိးရကုိ ဖယ္ရွားၿပီး စစ္တပ္က အာဏာသိမ္းခဲ့တာ ၁ ႏွစ္ေက်ာ္ ၾကာတဲ့အထိ ႏုိင္ငံတကာ အသုိင္းအ၀ုိင္းက ထိထိေရာက္ေရာက္ တုံျပန္ေျဖရွင္းမႈ မရွိဘူးဆုိၿပီး ေ၀ဖန္မႈေတြလည္း ထြက္ေပၚေနတာ ျဖစ္ပါတယ္။

= = = = = = = =

{{ UNICODE }}

ကန်ဝန်ကြီး Blinken မြန်မာ့အရေး လှုပ်ရှားသူတွေ နဲ့ ဆွေးနွေး

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ ရင်ဆိုင်နေရတဲ့ အခြေအနေတွေနဲ့ နိုင်ငံရေး အကျပ်အတည်းတွေကို ဖြေရှင်းနိုင်ရေး မြန်မာ့အရေး လှုပ်ရှားသူတွေနဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဆွေးနွေးခဲ့ကြပါတယ်။

စစ်အာဏာသိမ်းပြီး ၁ နှစ်ကြာ ကာလအတွင်း စစ်တပ်ရဲ့ ရက်စက်တဲ့ အကြမ်းဖက်လုပ်ရပ်တွေနဲ့ ရင်ဆိုင်နေရချိန်မှာ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်ဖို့ မြန်မာ့အရေး လှုပ်ရှားသူတွေရဲ့ ကြိုးပမ်းမှုတွေကို သိရဖို့ အွန်လိုင်းကနေ တွေ့ဆုံခဲ့တာလို့လည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ပြောဆိုခဲ့တာပါ။

ဝန်ကြီးဘလင်ကန် အနေနဲ့လည်း မြန်မာစစ်အာဏာပိုင်တွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရပ်တန့်ဖို့၊ မတရား ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့နဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေး လမ်းကြောင်းပေါ် ပြန်လည်ဦးတည်စေဖို့ ဖိအားပေးတဲ့ အနေနဲ့ ပစ်မှတ်ထား ဒဏ်ခတ်မှုတွေ အပါအဝင် သံတမန်ရေး၊ စီးပွားရေး ဖိအားပေး ကြိုးပမ်းမှုတွေကိုလည်း မြန်မာ့အရေး လှုပ်ရှားသူတွေကို ရှင်းပြခဲ့တယ်လို့ ပြောပါတယ်။

အမေရိကန် အပါအဝင် အနောက်နိုင်ငံ တချို့က မြန်မာစစ်အာဏာပိုင်တွေအပေါ် ဖိအားပေးတဲ့ အနေနဲ့ ပိတ်ဆို့ဒဏ်ခတ်မှုတွေ ချမှတ်နေပေမဲ့လည်း လက်တွေ့ ထိရောက်မှုရှိအောင် ဒီထက်ပို ကြိုးပမ်းဖို့ လိုအပ်တယ်လို့ ကုလသမဂ္ဂ တာဝန်ရှိသူတွေ၊ လူ့အခွင့်အရေး လှုပ်ရှားမှုအဖွဲ့တွေနဲ့ မြန်မာ့အရေးလှုပ်ရှားသူတွေ တိုက်တွန်းနေကြတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလက မြန်မာနိုင်ငံမှာ အရပ်သားအစိုးရကို ဖယ်ရှားပြီး စစ်တပ်က အာဏာသိမ်းခဲ့တာ ၁ နှစ်ကျော် ကြာတဲ့အထိ နိုင်ငံတကာ အသိုင်းအဝိုင်းက ထိထိရောက်ရောက် တုံပြန်ဖြေရှင်းမှု မရှိဘူးဆိုပြီး ဝေဖန်မှုတွေလည်း ထွက်ပေါ်နေတာ ဖြစ်ပါတယ်။

XS
SM
MD
LG