သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်နိုင်ငံခြားရေးဝန်ကြီး Blinken မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားသူတွေနဲ့ တွေ့ဆုံဖို့ရှိ 


အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကဲန်
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကဲန်

[[Zawgyi/Unicode]]

ကန်နိုင်ငံခြားရေးဝန်ကြီး Blinken မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားသူတွေနဲ့ တွေ့ဆုံဖို့ရှိ

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ မြန်မာ့ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူတွေနဲ့ ဒီကနေ့ ဝါရှင်တန် ဒီစီ စံတော်ချိန် မနက် ၉ နာရီမှာ အွန်လိုင်းပေါ် တွေ့ဆုံ ဆွေးနွေးမယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနက တရားဝင် ထုတ်ပြန်ထားတဲ့ ဝန်ကြီး Blinken ရဲ့ တနေ့တာ လုပ်ငန်းအစီအစဉ်ဇယားထဲမှာ တွေ့ရပါတယ်။
ဘယ်သူတွေနဲ့ တွေ့ဆုံမယ်ဆိုတာ အတိအကျ ဖော်ပြမထားသလို အဲဒီတွေ့ဆုံပွဲကို သတင်းမီဒီယာတွေ တက်ရောက် သတင်းယူခွင့်မရပါဘူး။
ဝန်ကြီး Blinken ဟာ ပြီးခဲ့တဲ့နှစ် ဇူုလိုင်လတုန်းကလည်း မြန်မာအရပ်ဘက် လူမှုအဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့ပါသေးတယ်။
အဲဒီဆွေးနွေးပွဲအတွင်း မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိလာရေးနဲ့ ဒီမိုကရေစီလမ်းကြောင်းကနေ သွေဖည်ပြီး လူ့အခွင့်အရေးချိုးဖောက်မှု ကျုးလွန်သူတွေ သူတို့ လုပ်ရပ်အတွက် တာဝန်ခံမှုရှိအောင် ကြိုးပမ်းနေသူတွေနဲ့လည်း တသားတည်းရပ်တည်မှာဖြစ်ကြောင်း ဝန်ကြီး Blinken က ပြောခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

=======

[[Unicode]]



XS
SM
MD
LG