သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ICJ ျမန္မာအမႈ ေရွ႕ဆက္မယ့္ အလားအလာ


The International Court of Justice (ICJ), principal judicial organ of the UN, delivers, on 23 January 2020, its Order on the request for the indication of provisional measures presented by The Gambia.

ႏိုင္ငံတကာတရား႐ုံး (ICJ) မွာ Gambia ႏိုင္ငံက ျမန္မာႏိုင္ငံအေပၚ စြဲဆိုတဲ့အမႈ မၾကာခင္မွာ ျပန္လည္စတင္ေတာ့မွာ ျဖစ္ပါတယ္။ အမႈသြား အမႈလာ ဘယ္လို ရွိႏိုင္ပါသလဲ။ ဥပေဒအေထာက္အကူျပဳကြန္ရက္က လူ႔အခြင့္အေရးေရွ႕ေနႀကီး ဦးေအာင္ထူးနဲ႔ ဦးေက်ာ္ဇံသာ ေဆြးေႏြးသုံးသပ္ထားပါတယ္။

ေမး ။ ။ ICJ မွာ ဂမ္ဘီယာနဲ႔ ျမန္မာႏိုင္ငံၾကား ျဖစ္တဲ့အမႈကို မၾကာခင္ ျပန္လည္စတင္ေတာ့မွာ ျဖစ္ပါတယ္။ ၂၀၁၉ တုန္းက ျမန္မာႏိုင္ငံဘက္က ကန႔္ကြက္တဲ့ကိစၥ၊ ကန႔္ကြက္လႊာကို တရားဝင္မေတြ႕ရေသာ္လဲပဲ ျမန္မာႏိုင္ငံဘက္က အဓိကအက်ိဳးေဆာင္ျဖစ္တဲ့ William Schabas ရဲ႕ ေဆာင္႐ြက္ခ်က္ထဲမွာ ပထမတပိုင္းကေတာ့ ဂမ္ဘီယာႏိုင္ငံဟာ Proxy ႏိုင္ငံ OIC ကို ကိုယ္စားျပဳၿပီးေတာ့ တရားစြဲဆိုတဲ့ ႏိုင္ငံျဖစ္တယ္။ သူဟာ ဒီအမႈမွာ တကယ္နစ္နာရသူ မဟုတ္တဲ့အတြက္ စြဲဆိုပိုင္ခြင့္ မရွိဘူးဆိုၿပီးေတာ့ ဂမ္ဘီယာရဲ႕ စြဲဆိုထားတာကို စိန္ေခၚထားပါတယ္။ ေနာက္တခုကေတာ့ ICJ တရား႐ုံးရဲ႕ Jurisdiction တရားစီရင္ပိုင္ခြင့္ကို စိန္ေခၚထားပါတယ္။ ICJ က Genocide ကိုသာလွ်င္ စစ္ေဆးစီရင္ႏိုင္တယ္။ အခုျဖစ္တဲ့ကိစၥက Genocide မေျမာက္ဘူး။ လူေတြကို သတ္ျဖတ္က်ဴးလြန္မႈေတြ ရွိခဲ့ေသာ္လဲ လူသားထုအေပၚ က်ဴးလြန္တဲ့ ရာဇဝတ္မႈသာျဖစ္တယ္။ Crimes Against Humanity ျဖစ္တယ္ဆိုတဲ့ အဓိက အဲဒီ (၂) ခ်က္ကို ကန႔္ကြက္ခဲ့တယ္လို႔ က်ေနာ္ နားလည္ပါတယ္။ ဒီကိစၥနဲ႔ ပတ္သက္ၿပီး ဦးေအာင္ထူးအေနနဲ႔ ပိုၿပီးရွင္းေအာင္ ေျပာေပးႏိုင္သလား။ ဟုတ္ပါသလား။

ေျဖ ။ ။ ဒီလိုပါ - ႏွစ္ပိုင္းရွိပါတယ္။ တပိုင္းကေတာ့ Preliminary Objection ေခၚတဲ့ ပဏမကန႔္ကြက္တဲ့အပိုင္း။ ေနာက္တပိုင္းက Merits of the Claim ေခၚတဲ့ အမႈရဲ႕ အရည္အေသြး၊ အမႈရဲ႕ အနစ္သာရဆိုၿပီး တပိုင္းရွိပါတယ္။ အခုန ဦးေက်ာ္ဇံသာ ေမးသြားတဲ့ OIC မွာ တရားစြဲတာ မရွိဘူး။ ေနာက္ Genocide မဟုတ္ဘူး။ ICJ မွာ စီရင္ပိုင္ခြင့္ မရွိဘူးဆိုတာ ပဏမကန႔္ကြက္ခ်က္ ျဖစ္တယ္။ Preliminary Objection နဲ႔ ပတ္သက္လို႔ကေတာ့ သိပ္ၿပီးေတာ့ ျပႆနာ ရွိတယ္လို႔ က်ေနာ္ မျမင္ဘူး။ ဘာေၾကာင့္လဲဆိုေတာ့ ဒါကေတာ့ တရား႐ုံးရဲ႕ အရွိန္ၾသဇာပိုင္းမွာပဲ ရွိတယ္။ သို႔ေသာ္ Debate, Argument ေတာ့ ရွိမယ္။ သို႔ေသာ္ ျပႆနာ သိပ္ရွိပုံေတာ့ မရဘူး။ ဥပေဒေၾကာင္းအရၾကည့္တာ ဘယ္မွာသြားျပႆနာ ရွိလဲဆိုေတာ့ William Schabas, Christopher Staker တို႔ဘက္က ေထာက္ျပတဲ့ Point က ဘာလဲဆိုရင္ Genocidal Intent - ရခိုင္ျပည္နယ္မွာ ႐ိုဟင္ဂ်ာေတြကို ဆန႔္က်င္တဲ့ မုဒိမ္းမႈေတြ ရွိတယ္၊ သတ္ျဖတ္မႈေတြ ရွိတယ္၊ ႐ြာမီးရႈိ႕တာေတြ ရွိတယ္။ ေသာင္းနဲ႔ခ်ီၿပီးေတာ့ ခုႏွစ္ေသာင္းေက်ာ္ ထြက္သြားခဲ့ရတယ္။ အဲဒါေတြကို က်ဴးလြန္တာဟာ Genocidal Intent ေခၚတဲ့ လူမ်ိဳးတုန္းသတ္ျဖတ္မႈကို က်ဴးလြန္တာ ရည္႐ြယ္ခ်က္နဲ႔ က်ဴးလြန္တာ မဟုတ္ဘူးဆိုတဲ့ အဲဒီေထာက္ျပခ်က္က ေတာ္ေတာ္ကို အေရးႀကီးတဲ့ ေထာက္ျပခ်က္ ျဖစ္တယ္။ သက္ေသျပရတာလည္း ေတာ္ေတာ္ခက္တယ္။ အဲဒီအေပၚမွာ အဓိကကန႔္ကြက္တာ ျဖစ္တယ္။ သို႔ေသာ္လဲပဲ အခုျပန္ၿပီးေတာ့ ေခ်ပရမယ့္ကိစၥကေတာ့ က်ေနာ္ နားလည္တာကေတာ့ သူတို႔ခ်ေပးထားတဲ့ Provisional Measures လို႔ေခၚတဲ့ ၾကားကာလ စီမံေဆာင္႐ြက္ရမယ့္ကိစၥေတြကို ဘယ္ေလာက္အထိ လိုက္နာသလဲဆိုတဲ့ေပၚမွာ ဆက္လက္စုံစမ္းစစ္ေဆးသြားမယ္။ စီရင္ပိုင္တဲ့ကိစၥက တပိုင္းလို႔ က်ေနာ္ နားလည္ပါတယ္။

ေမး ။ ။ ဦးေအာင္ထူးေျပာတဲ့ Genocidal Intent ကို ဘယ္လိုသက္ေသျပၾကမလဲ။ အဲဒီလူရဲ႕ စိတ္ထဲမွာ ဒီလိုရွိခဲ့တယ္၊ မရွိခဲ့တယ္ဆိုတာကို ဘယ္လိုသက္ေသျပၾကမလဲ။ အခုအခါမွာ ျမန္မာႏိုင္ငံဘက္က အဲဒီတုန္းက စစ္တပ္က လုပ္ခဲ့တဲ့ Social Media ေတြမွာပါ ပိတ္ပင္ထားတာ ေတြ႕ရတယ္ဆိုေတာ့ အဲဒီထဲမွာပါ လႈံေဆာ္တယ္ဆိုတဲ့ အေထာက္အထားေတြကို ရွာၿပီးေတာ့ ျပခ်င္တဲ့သေဘာလား။ အဲဒီလိုျပလို႔ ရႏိုင္မလား။ Intent ကို သက္ေသျပဖို႔။

ေျဖ ။ ။ အဲဒါကေတာ့ မီဒီယာနဲ႔ေတာ့ မရႏိုင္ဘူး။ ဒီအရာက ေတာ္ေတာ္ေလးကို သက္ေသျပဖို႔ ခက္တယ္။ ဘယ္လိုလဲဆိုၾကေတာ့ ဥပမာ သူတို႔အဖြဲ႕အစည္းၾကားထဲမွာ အခ်င္းခ်င္းထုတ္ျပန္ထားတဲ့ ၫႊန္ၾကားခ်က္လို၊ အမိန႔္လို ရွိသလား။ ဆိုၾကပါစို႔။ ႐ိုဟင္ဂ်ာေတြကို လူမ်ိဳးအလိုက္ မရွိသင့္ေတာ့တဲ့အတြက္ ႐ိုဟင္ဂ်ာဆိုတဲ့ လူမ်ိဳးေတြကို သုတ္သင္ရွင္းလင္းေတာ့ အေနအထားမ်ိဳးကို စာနဲ႔ေပနဲ႔ ၫႊန္ၾကားထားတဲ့ ထုတ္ျပန္ခ်က္ေတြ ရွိသလား။ အဲဒါမ်ိဳးက သိပ္ေကာင္းတဲ့ သက္ေသခံခ်က္ေပါ့။ ဒါေပမဲ့ အဲဒါမ်ိဳးရဖို႔ သိပ္ခက္တယ္။ အဲဒီေတာ့ တရား႐ုံးကေတာ့ တရား႐ုံးအေျခခံဘက္က စဥ္းစားမွာပဲ။ ဆိုေတာ့ သက္ေသခံ အေထာက္အထား မခိုင္လုံဘူးဆိုရင္ေတာ့လဲ ပယ္ခ်သြားႏိုင္တယ္။ အဲဒီလို ဂမ္ဘီယာဘက္က တရားစြဲတာကို ပယ္ခ်သြားႏိုင္တယ္ဆိုရင္ ျမန္မာဘက္က ႏိုင္တာပဲ။ ျမန္မာဘက္က ႏိုင္ျခင္းက ဘာျဖစ္သြားလဲဆိုရင္ အခုေလာေလာဆယ္အရေျပာရင္ စစ္ေကာင္စီ ႏိုင္တာပဲ။ အဲဒီေတာ့ စစ္ေကာင္စီက ႐ိုဟင္ဂ်ာေတြေပၚ ဒီေလာက္ထိ ရက္ရက္စက္စက္ က်ဴးလြန္တာေတာင္ကို ၾကည့္ပါလား၊ ကမာၻ႔တရား႐ုံးကေတာင္မွ ပယ္ခ်လိုက္ၿပီဆိုတဲ့အခါမွာ စစ္ေကာင္စီက အင္မတန္ေၾကာက္စရာေကာင္းလွတဲ့ လူသတ္လက္နက္ႀကီး ဆက္ရသြားတဲ့သေဘာ သက္ေရာက္သြားပါတယ္။

ေမး ။ ။ ဆိုေတာ့ အခုစစ္ေကာင္စီ အာဏာသိမ္းၿပီးတဲ့ေနာက္မွ က်ဴးလြန္တဲ့ကိစၥေတြက အခုစစ္ေဆးတဲ့ အမႈနဲ႔ ပတ္သက္ၿပီးေတာ့ အက်ဳံးဝင္ႏိုင္ပါသလား။ အဲဒါေတြနဲ႔ ပတ္သက္ၿပီးေတာ့ ထည့္စြဲလို႔ ရႏိုင္ပါသလား။

ေျဖ ။ ။ မျဖစ္ႏိုင္ဘူး။ အဲဒါနဲ႔ ဆက္စပ္ႏိုင္တာက ICJ မဟုတ္ဘူး။ ICC ႏိုင္ငံတကာရာဇဝတ္တရား႐ုံးနဲ႔ ဆက္စပ္လို႔ ရႏိုင္တယ္။ ဘာေၾကာင့္လဲဆိုေတာ့ ICJ က Genocide ကိုပဲ သြားရမွာ။ ဆိုေတာ့ အခုနေျပာတဲ့ ႐ိုဟင္ဂ်ာေတြအေပၚ သီးသန႔္က်ဴးလြန္တဲ့ဟာေတြကိုေတာင္ Genocidal Intent လို႔ေျပာတဲ့ ရည္႐ြယ္ခ်က္ကို သက္ေသျပဖို႔ သိပ္ခက္ေနတဲ့အခါမွာ စစ္အာဏာသိမ္းၿပီး ဒီဘက္ေခတ္မွာေပၚတဲ့ဟာေတြကို Genocidal Intent နဲ႔ သက္ေသျပဖို႔က မျဖစ္ႏိုင္ေလာက္ေအာင္ ခက္တယ္။ ဒါေၾကာင့္ အက်ဳံးဝင္ခ်င္ ဝင္ဖို႔ရွိတာက War Crimes ျဖစ္ႏိုင္တယ္။ Crimes against Humanity လို႔ေခၚတဲ့ လူသားဆန႔္က်င္မႈ ျဖစ္ႏိုင္တယ္။ စစ္ရာဇဝတ္မႈ ျဖစ္ႏိုင္တယ္။ ဒါေၾကာင့္ ICJ နဲ႔ေတာ့ မဆိုင္ဘူး။ ဆိုင္ခ်င္ဆိုင္ရင္ ဆက္စပ္လို႔ရတာက ICC နဲ႔ ျဖစ္ႏိုင္ပါတယ္။

ေမး ။ ။ ဒီေနရာမွာ ICJ ရဲ႕ အမႈသည္ေတြကေတာ့ ႏိုင္ငံေတြ - State ေတြ။ ICC ၾကေတာ့ ပုဂၢိဳလ္တဦးခ်င္း Individual တို႔ အဖြဲ႕အစည္းတို႔ကိုလည္း စြဲလို႔ရပါတယ္လို႔ ထင္ပါတယ္။

ေျဖ ။ ။ ဟုတ္တယ္။ မွန္တယ္။ သို႔ေသာ္ ႏိုင္ငံသားဥပေဒျဖစ္တဲ့ Montevideo Convention Article (1) က ႏိုင္ငံရဲ႕ အဂၤါရပ္ (၄) ရပ္ ရွိတယ္။ လူထု ရွိရမယ္။ နယ္ေျမ ရွိရမယ္။ အစိုးရ ရွိရမယ္။ ၿပီးေနာက္ ႏိုင္ငံတကာနဲ႔ ဆက္စပ္ႏိုင္မႈ ရွိရမယ္။ အဲဒီ (၄) ခ်က္ကို အခုေလာေလာဆယ္ ICJ မွာ ရင္ဆိုင္ေနတဲ့ NUG ဘက္က အစိုးရကို ပို focus လုပ္ရမယ္။ အဓိကအားျဖင့္ေတာ့ အစိုးရေနရာမွာ အတင္းယူထားတဲ့ ၂၀၀၈ ဖြဲ႕စည္းပုံေအာက္မွာလည္း အဓိကယူထားတဲ့ စစ္ေကာင္စီကို ဖြင့္ဆိုၿပီးေတာ့မွ ICJ မွာ ရင္ဆိုင္မယ္ဆိုရင္ေတာ့ ပိုအက်ိဳးရွိမယ္လို႔ ယူဆပါတယ္။

ေမး ။ ။ ဆိုေတာ့ အခု NUG က ျမန္မာႏိုင္ငံကို သူတို႔က ကိုယ္စားျပဳခြင့္ ရဖို႔အတြက္ ICJ မွာ ေလ််ာက္ထားတယ္ဆိုတာ ေတြ႕ရပါတယ္။ ဒါေပမဲ့ က်ေနာ္တို႔ သတင္းၾကားရတဲ့အတိုင္းကေတာ့ ICJ ကေတာ့ နယ္သာလန္နဲ႔ ဘယ္လ္ဂ်ီယန္ ႏွစ္ႏိုင္ငံ ပူးတြဲယူထားတဲ့ ျမန္မာစစ္ေကာင္စီကို သစၥာခံတဲ့ သံအမတ္ႀကီးနဲ႔ ဆက္သြယ္ေနတယ္လို႔သာ ၾကားရပါတယ္။ ဆိုေတာ့ ဒါကေတာ့ က်ေနာ္တို႔ သတင္းၾကားတဲ့အတိုင္းေပါ့။ ဥပေဒအေၾကာင္းအရ NUG က ျမန္မာႏိုင္ငံကို ကိုယ္စားျပဳခြင့္ ရႏိုင္ၿပီလား။ ေစာေစာက ဦးေအာင္ထူးေျပာတဲ့ State ရဲ႕ အဓိပၸါယ္ဖြင့္ဆိုခ်က္ ေလးခ်က္နဲ႔ NUG ကိုက္ညီမႈ ရွိပါသလား။ အဲဒါကိုလဲ အက်မ္းမ်ဥ္းေလး သုံးသပ္ပါအုံး။

ေျဖ ။ ။ စစ္ေကာင္စီကို သစၥာခံတဲ့ သံ႐ုံးနဲ႔ ဆက္သြယ္တာမ်ိဳးကေတာ့ NUG လည္း ကန႔္ကြက္ထားပါတယ္။ ဆက္လည္းကန႔္ကြက္ခြင့္ ရွိတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ICJ ကလည္း Peremptory Norms of International Law မူကို လိုက္နာက်င့္သုံးဖို႔ တာဝန္ရွိတယ္။ ဆိုလိုခ်င္တာက ICJ ကိုယ္တိုင္က ႏိုင္ငံတကာအဆင့္ရွိတဲ့ ျပစ္မႈေတြ က်ဴးလြန္ထားတဲ့ ပုဂၢိဳလ္ေတြကို အေရးယူေဆာင္႐ြက္ဖို႔အတြက္ သူ႔မွာ တာဝန္ရွိတယ္။ အဲဒီဘက္ကေန ႏိုင္ငံတကာအဆင့္ရွိတဲ့ ျပစ္မႈႀကီးေတြ က်ဴးလြန္ေၾကာင္း ေပၚလႊင္ထင္ရွားေနတဲ့ စစ္ေကာင္စီကို ႏိုင္ငံကိုယ္စား ခုခံခြင့္ေပးမယ္ဆိုတာ ICJ ကိုယ္တိုင္က အဲဒီမူကို ခ်ိဳးေဖာက္ရာေရာက္တယ္။ ျမန္မာႏိုင္ငံကို ကိုယ္စားျပဳၿပီးေတာ့ NUG က သြားေရာက္ခုခံခြင့္ ရွိသင့္၊ မရွိသင့္နဲ႔ ပတ္သက္ၿပီးေတာ့ NUG က ဘယ္လိုခ်ဥ္းကပ္မလဲဆိုတာနဲ႔ ဆိုင္မယ္။ NUG က အရင္တုန္းက NLD အစိုးရေဟာင္း ခ်ဥ္းကပ္ပုံမ်ိဳးကို ေျပာင္းဖို႔လိုပါတယ္။ အခုလုပ္ေဆာင္ခ်က္ေတြက NUG ရဲ႕ ခ်ဥ္းကပ္မႈေတြက ေတာ္ေတာ္ေကာင္းေနၿပီ။ ဥပမာ သူတို႔မွာ တရားဝင္အေျခခံ သူတို႔မွာ ဘာေၾကာင့္ရွိတယ္။ ဦးေက်ာ္မိုးထြန္းက ဘာေၾကာင့္ ကုလသမဂၢ အေထြေထြညီလာခံက ဆက္လက္လက္ခံထားတယ္ဆိုတာကို အေျခခံၿပီးေတာ့ ခ်ဥ္းကပ္ခ်က္ေတြက ေကာင္းေနၿပီ။ သို႔ေသာ္ အဲဒီမွာ ႏွစ္ပိုင္း ရွိဖို႔ လိုပါတယ္။ တပိုင္းက ဘာလဲဆိုေတာ့ Merits of the Claim လို႔ေခၚတဲ့ Genocidal Intent နဲ႔ က်ဴးလြန္တာမ်ိဳးဆိုတဲ့ ကိစၥရပ္မ်ိဳးေတြကို သူတို႔ဘက္က ျပန္လည္သုံးသပ္ၿပီးေတာ့ ဆိုလိုခ်င္တာက NLD လက္ထက္က သြားေနတဲ့ ခုခံလမ္းေၾကာင္းကို ေျပာင္းျပန္ျပန္ေျပာင္းလိုက္ဖို႔ လိုတယ္။ ေနာက္တခုက စစ္ေကာင္စီကို ေက်ာ္ႏိုင္ဖို႔အတြက္ အေရးႀကီးဆုံးက ရခိုင္တပ္ေတာ္အခန္းက႑ကို တင္ေပးလိုက္ဖို႔ လိုတယ္။ ဆိုလိုခ်င္တာက NUG နဲ႔ ULAA နဲ႔ ပူးေပါင္းႏိုင္မွသာ ပိုၿပီးေတာ့ ရင္ဆိုင္သြားမယ္ဆိုတဲ့ဟာမ်ိဳးကို တိတိက်က် တရား႐ုံးမွာ တင္ျပႏိုင္မယ္ဆိုရင္ စစ္ေကာင္စီအေနနဲ႔ ခုခံေခ်ပႏိုင္ခြင့္က အေတာ္နည္းသြားမယ္လို႔ သုံးသပ္ပါတယ္။ အဲဒါေသခ်ာတယ္။

ေမး ။ ။ ဆိုလိုတဲ့သေဘာက အခုဆက္လက္ၿပီးေတာ့ Genocide ျဖစ္လာႏိုင္မယ့္ အလားအလာေတြကို အကုန္လုံးထိန္းခ်ဳပ္ထားရမယ္။ မျဖစ္ေစေအာင္ လုပ္ေပးရမယ္ဆိုတဲ့ ကိစၥ ပါပါတယ္။ အဲဒီကိစၥကို ေစာေစာက စစ္ေကာင္စီက လုပ္ႏိုင္ေခ် မရွိဘူးဆိုတဲ့ သေဘာေပါ့။ NUG, ULAA တို႔က လုပ္ႏိုင္တယ္ေပါ့။ အခုေလာေလာဆယ္ စစ္ေကာင္စီက မကာကြယ္ႏိုင္ဘူးေပါ့။

ေျဖ ။ ။ ဆိုလိုတာက အခု က်ေနာ္တို႔ Provisional Measures မွာ ၾကားကာလစီမံေဆာင္႐ြက္ခ်က္ထဲမွာ အခ်က္ (၄) ခ်က္ ခ်ေပးထားတယ္။ အဲဒီအခ်က္ (၄) ခ်က္ကို တကယ္တမ္း ေဖာ္ေဆာင္ႏိုင္တဲ့ အေျခအေနက စစ္ေကာင္စီမွာ မရွိဘူး။ သူတို႔ ႏွစ္ဖြဲ႕မွာ ရွိတယ္။

ေမး ။ ။ သူတို႔ဘက္က စြဲဆိုတဲ့အထဲမွာ Reparation ေလ်ာ္ေၾကးေပးရမယ္ဆိုတဲ့ အခ်က္လည္း ပါပါတယ္။ ဆိုေတာ့ သူတို႔ရဲ႕ ကန႔္ကြက္ထားတဲ့ ကိစၥေတြကို NUG ဘက္က ႐ုတ္သိမ္းျခင္းသည္ ျမန္မာႏိုင္ငံဟာ Genocide က်ဴးလြန္တယ္ဆိုတာကို ဝန္ခံရာ ေရာက္သြားမလား။ ႏိုင္ငံအေနနဲ႔။

ေျဖ ။ ။ ႏိုင္ငံအေနနဲ႔ က်ဴးလြန္တဲ့သေဘာ သက္ေရာက္သြားလိမ့္မယ္။ ဒါကို အားလုံးသိထားၿပီသား ျဖစ္တယ္။ ဘယ္ႏိုင္ငံအေနနဲ႔ က်ဴးလြန္တယ္ဆိုေသာ္ျငားလဲ လက္ေတြ႕မွာ စစ္ေကာင္စီက က်ဴးလြန္ေနတယ္ဆိုတာကို တကမာၻလုံး သိေနတာပဲ။ အဲဒီေတာ့ Formal က အဲဒီလို ျဖစ္သြားႏိုင္တယ္။ ဒါကေတာ့ မတတ္ႏိုင္ဘူး၊ ျဖစ္ခဲ့တဲ့ ကိစၥကို တာဝန္ခံရတာ။ သို႔ေသာ္လဲပဲ အႏွစ္သာရအားျဖင့္ေတာ့ ဘယ္သူေၾကာင့္ ဒီလိုျဖစ္သြားတယ္ဆိုတဲ့ဟာက ကမာၻမွာ ေပၚေအာင္လုပ္လို႔ရတယ္။ လုပ္လည္းလုပ္သင့္တယ္။ ဆက္လုပ္သြားရင္လဲ ျပႆနာ မရွိေလာက္ဘူးလို႔ က်ေနာ္ ယူဆပါတယ္။

=== Unicode ===

နိုင်ငံတကာတရားရုံး (ICJ) မှာ Gambia နိုင်ငံက မြန်မာနိုင်ငံအပေါ် စွဲဆိုတဲ့အမှု မကြာခင်မှာ ပြန်လည်စတင်တော့မှာ ဖြစ်ပါတယ်။ အမှုသွား အမှုလာ ဘယ်လို ရှိနိုင်ပါသလဲ။ ဥပဒေအထောက်အကူပြုကွန်ရက်က လူ့အခွင့်အရေးရှေ့နေကြီး ဦးအောင်ထူးနဲ့ ဦးကျော်ဇံသာ ဆွေးနွေးသုံးသပ်ထားပါတယ်။

မေး ။ ။ ICJ မှာ ဂမ်ဘီယာနဲ့ မြန်မာနိုင်ငံကြား ဖြစ်တဲ့အမှုကို မကြာခင် ပြန်လည်စတင်တော့မှာ ဖြစ်ပါတယ်။ ၂၀၁၉ တုန်းက မြန်မာနိုင်ငံဘက်က ကန့်ကွက်တဲ့ကိစ္စ၊ ကန့်ကွက်လွှာကို တရားဝင်မတွေ့ရသော်လဲပဲ မြန်မာနိုင်ငံဘက်က အဓိကအကျိုးဆောင်ဖြစ်တဲ့ William Schabas ရဲ့ ဆောင်ရွက်ချက်ထဲမှာ ပထမတပိုင်းကတော့ ဂမ်ဘီယာနိုင်ငံဟာ Proxy နိုင်ငံ OIC ကို ကိုယ်စားပြုပြီးတော့ တရားစွဲဆိုတဲ့ နိုင်ငံဖြစ်တယ်။ သူဟာ ဒီအမှုမှာ တကယ်နစ်နာရသူ မဟုတ်တဲ့အတွက် စွဲဆိုပိုင်ခွင့် မရှိဘူးဆိုပြီးတော့ ဂမ်ဘီယာရဲ့ စွဲဆိုထားတာကို စိန်ခေါ်ထားပါတယ်။ နောက်တခုကတော့ ICJ တရားရုံးရဲ့ Jurisdiction တရားစီရင်ပိုင်ခွင့်ကို စိန်ခေါ်ထားပါတယ်။ ICJ က Genocide ကိုသာလျှင် စစ်ဆေးစီရင်နိုင်တယ်။ အခုဖြစ်တဲ့ကိစ္စက Genocide မမြောက်ဘူး။ လူတွေကို သတ်ဖြတ်ကျူးလွန်မှုတွေ ရှိခဲ့သော်လဲ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုသာဖြစ်တယ်။ Crimes Against Humanity ဖြစ်တယ်ဆိုတဲ့ အဓိက အဲဒီ (၂) ချက်ကို ကန့်ကွက်ခဲ့တယ်လို့ ကျနော် နားလည်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဦးအောင်ထူးအနေနဲ့ ပိုပြီးရှင်းအောင် ပြောပေးနိုင်သလား။ ဟုတ်ပါသလား။

ဖြေ ။ ။ ဒီလိုပါ - နှစ်ပိုင်းရှိပါတယ်။ တပိုင်းကတော့ Preliminary Objection ခေါ်တဲ့ ပဏမကန့်ကွက်တဲ့အပိုင်း။ နောက်တပိုင်းက Merits of the Claim ခေါ်တဲ့ အမှုရဲ့ အရည်အသွေး၊ အမှုရဲ့ အနစ်သာရဆိုပြီး တပိုင်းရှိပါတယ်။ အခုန ဦးကျော်ဇံသာ မေးသွားတဲ့ OIC မှာ တရားစွဲတာ မရှိဘူး။ နောက် Genocide မဟုတ်ဘူး။ ICJ မှာ စီရင်ပိုင်ခွင့် မရှိဘူးဆိုတာ ပဏမကန့်ကွက်ချက် ဖြစ်တယ်။ Preliminary Objection နဲ့ ပတ်သက်လို့ကတော့ သိပ်ပြီးတော့ ပြဿနာ ရှိတယ်လို့ ကျနော် မမြင်ဘူး။ ဘာကြောင့်လဲဆိုတော့ ဒါကတော့ တရားရုံးရဲ့ အရှိန်သြဇာပိုင်းမှာပဲ ရှိတယ်။ သို့သော် Debate, Argument တော့ ရှိမယ်။ သို့သော် ပြဿနာ သိပ်ရှိပုံတော့ မရဘူး။ ဥပဒေကြောင်းအရကြည့်တာ ဘယ်မှာသွားပြဿနာ ရှိလဲဆိုတော့ William Schabas, Christopher Staker တို့ဘက်က ထောက်ပြတဲ့ Point က ဘာလဲဆိုရင် Genocidal Intent - ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေကို ဆန့်ကျင်တဲ့ မုဒိမ်းမှုတွေ ရှိတယ်၊ သတ်ဖြတ်မှုတွေ ရှိတယ်၊ ရွာမီးရှို့တာတွေ ရှိတယ်။ သောင်းနဲ့ချီပြီးတော့ ခုနှစ်သောင်းကျော် ထွက်သွားခဲ့ရတယ်။ အဲဒါတွေကို ကျူးလွန်တာဟာ Genocidal Intent ခေါ်တဲ့ လူမျိုးတုန်းသတ်ဖြတ်မှုကို ကျူးလွန်တာ ရည်ရွယ်ချက်နဲ့ ကျူးလွန်တာ မဟုတ်ဘူးဆိုတဲ့ အဲဒီထောက်ပြချက်က တော်တော်ကို အရေးကြီးတဲ့ ထောက်ပြချက် ဖြစ်တယ်။ သက်သေပြရတာလည်း တော်တော်ခက်တယ်။ အဲဒီအပေါ်မှာ အဓိကကန့်ကွက်တာ ဖြစ်တယ်။ သို့သော်လဲပဲ အခုပြန်ပြီးတော့ ချေပရမယ့်ကိစ္စကတော့ ကျနော် နားလည်တာကတော့ သူတို့ချပေးထားတဲ့ Provisional Measures လို့ခေါ်တဲ့ ကြားကာလ စီမံဆောင်ရွက်ရမယ့်ကိစ္စတွေကို ဘယ်လောက်အထိ လိုက်နာသလဲဆိုတဲ့ပေါ်မှာ ဆက်လက်စုံစမ်းစစ်ဆေးသွားမယ်။ စီရင်ပိုင်တဲ့ကိစ္စက တပိုင်းလို့ ကျနော် နားလည်ပါတယ်။

မေး ။ ။ ဦးအောင်ထူးပြောတဲ့ Genocidal Intent ကို ဘယ်လိုသက်သေပြကြမလဲ။ အဲဒီလူရဲ့ စိတ်ထဲမှာ ဒီလိုရှိခဲ့တယ်၊ မရှိခဲ့တယ်ဆိုတာကို ဘယ်လိုသက်သေပြကြမလဲ။ အခုအခါမှာ မြန်မာနိုင်ငံဘက်က အဲဒီတုန်းက စစ်တပ်က လုပ်ခဲ့တဲ့ Social Media တွေမှာပါ ပိတ်ပင်ထားတာ တွေ့ရတယ်ဆိုတော့ အဲဒီထဲမှာပါ လှုံဆော်တယ်ဆိုတဲ့ အထောက်အထားတွေကို ရှာပြီးတော့ ပြချင်တဲ့သဘောလား။ အဲဒီလိုပြလို့ ရနိုင်မလား။ Intent ကို သက်သေပြဖို့။

ဖြေ ။ ။ အဲဒါကတော့ မီဒီယာနဲ့တော့ မရနိုင်ဘူး။ ဒီအရာက တော်တော်လေးကို သက်သေပြဖို့ ခက်တယ်။ ဘယ်လိုလဲဆိုကြတော့ ဥပမာ သူတို့အဖွဲ့အစည်းကြားထဲမှာ အချင်းချင်းထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်လို၊ အမိန့်လို ရှိသလား။ ဆိုကြပါစို့။ ရိုဟင်ဂျာတွေကို လူမျိုးအလိုက် မရှိသင့်တော့တဲ့အတွက် ရိုဟင်ဂျာဆိုတဲ့ လူမျိုးတွေကို သုတ်သင်ရှင်းလင်းတော့ အနေအထားမျိုးကို စာနဲ့ပေနဲ့ ညွှန်ကြားထားတဲ့ ထုတ်ပြန်ချက်တွေ ရှိသလား။ အဲဒါမျိုးက သိပ်ကောင်းတဲ့ သက်သေခံချက်ပေါ့။ ဒါပေမဲ့ အဲဒါမျိုးရဖို့ သိပ်ခက်တယ်။ အဲဒီတော့ တရားရုံးကတော့ တရားရုံးအခြေခံဘက်က စဉ်းစားမှာပဲ။ ဆိုတော့ သက်သေခံ အထောက်အထား မခိုင်လုံဘူးဆိုရင်တော့လဲ ပယ်ချသွားနိုင်တယ်။ အဲဒီလို ဂမ်ဘီယာဘက်က တရားစွဲတာကို ပယ်ချသွားနိုင်တယ်ဆိုရင် မြန်မာဘက်က နိုင်တာပဲ။ မြန်မာဘက်က နိုင်ခြင်းက ဘာဖြစ်သွားလဲဆိုရင် အခုလောလောဆယ်အရပြောရင် စစ်ကောင်စီ နိုင်တာပဲ။ အဲဒီတော့ စစ်ကောင်စီက ရိုဟင်ဂျာတွေပေါ် ဒီလောက်ထိ ရက်ရက်စက်စက် ကျူးလွန်တာတောင်ကို ကြည့်ပါလား၊ ကမ္ဘာ့တရားရုံးကတောင်မှ ပယ်ချလိုက်ပြီဆိုတဲ့အခါမှာ စစ်ကောင်စီက အင်မတန်ကြောက်စရာကောင်းလှတဲ့ လူသတ်လက်နက်ကြီး ဆက်ရသွားတဲ့သဘော သက်ရောက်သွားပါတယ်။

မေး ။ ။ ဆိုတော့ အခုစစ်ကောင်စီ အာဏာသိမ်းပြီးတဲ့နောက်မှ ကျူးလွန်တဲ့ကိစ္စတွေက အခုစစ်ဆေးတဲ့ အမှုနဲ့ ပတ်သက်ပြီးတော့ အကျုံးဝင်နိုင်ပါသလား။ အဲဒါတွေနဲ့ ပတ်သက်ပြီးတော့ ထည့်စွဲလို့ ရနိုင်ပါသလား။

ဖြေ ။ ။ မဖြစ်နိုင်ဘူး။ အဲဒါနဲ့ ဆက်စပ်နိုင်တာက ICJ မဟုတ်ဘူး။ ICC နိုင်ငံတကာရာဇဝတ်တရားရုံးနဲ့ ဆက်စပ်လို့ ရနိုင်တယ်။ ဘာကြောင့်လဲဆိုတော့ ICJ က Genocide ကိုပဲ သွားရမှာ။ ဆိုတော့ အခုနပြောတဲ့ ရိုဟင်ဂျာတွေအပေါ် သီးသန့်ကျူးလွန်တဲ့ဟာတွေကိုတောင် Genocidal Intent လို့ပြောတဲ့ ရည်ရွယ်ချက်ကို သက်သေပြဖို့ သိပ်ခက်နေတဲ့အခါမှာ စစ်အာဏာသိမ်းပြီး ဒီဘက်ခေတ်မှာပေါ်တဲ့ဟာတွေကို Genocidal Intent နဲ့ သက်သေပြဖို့က မဖြစ်နိုင်လောက်အောင် ခက်တယ်။ ဒါကြောင့် အကျုံးဝင်ချင် ဝင်ဖို့ရှိတာက War Crimes ဖြစ်နိုင်တယ်။ Crimes against Humanity လို့ခေါ်တဲ့ လူသားဆန့်ကျင်မှု ဖြစ်နိုင်တယ်။ စစ်ရာဇဝတ်မှု ဖြစ်နိုင်တယ်။ ဒါကြောင့် ICJ နဲ့တော့ မဆိုင်ဘူး။ ဆိုင်ချင်ဆိုင်ရင် ဆက်စပ်လို့ရတာက ICC နဲ့ ဖြစ်နိုင်ပါတယ်။

မေး ။ ။ ဒီနေရာမှာ ICJ ရဲ့ အမှုသည်တွေကတော့ နိုင်ငံတွေ - State တွေ။ ICC ကြတော့ ပုဂ္ဂိုလ်တဦးချင်း Individual တို့ အဖွဲ့အစည်းတို့ကိုလည်း စွဲလို့ရပါတယ်လို့ ထင်ပါတယ်။

ဖြေ ။ ။ ဟုတ်တယ်။ မှန်တယ်။ သို့သော် နိုင်ငံသားဥပဒေဖြစ်တဲ့ Montevideo Convention Article (1) က နိုင်ငံရဲ့ အင်္ဂါရပ် (၄) ရပ် ရှိတယ်။ လူထု ရှိရမယ်။ နယ်မြေ ရှိရမယ်။ အစိုးရ ရှိရမယ်။ ပြီးနောက် နိုင်ငံတကာနဲ့ ဆက်စပ်နိုင်မှု ရှိရမယ်။ အဲဒီ (၄) ချက်ကို အခုလောလောဆယ် ICJ မှာ ရင်ဆိုင်နေတဲ့ NUG ဘက်က အစိုးရကို ပို focus လုပ်ရမယ်။ အဓိကအားဖြင့်တော့ အစိုးရနေရာမှာ အတင်းယူထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအောက်မှာလည်း အဓိကယူထားတဲ့ စစ်ကောင်စီကို ဖွင့်ဆိုပြီးတော့မှ ICJ မှာ ရင်ဆိုင်မယ်ဆိုရင်တော့ ပိုအကျိုးရှိမယ်လို့ ယူဆပါတယ်။

မေး ။ ။ ဆိုတော့ အခု NUG က မြန်မာနိုင်ငံကို သူတို့က ကိုယ်စားပြုခွင့် ရဖို့အတွက် ICJ မှာ လျေျာက်ထားတယ်ဆိုတာ တွေ့ရပါတယ်။ ဒါပေမဲ့ ကျနော်တို့ သတင်းကြားရတဲ့အတိုင်းကတော့ ICJ ကတော့ နယ်သာလန်နဲ့ ဘယ်လ်ဂျီယန် နှစ်နိုင်ငံ ပူးတွဲယူထားတဲ့ မြန်မာစစ်ကောင်စီကို သစ္စာခံတဲ့ သံအမတ်ကြီးနဲ့ ဆက်သွယ်နေတယ်လို့သာ ကြားရပါတယ်။ ဆိုတော့ ဒါကတော့ ကျနော်တို့ သတင်းကြားတဲ့အတိုင်းပေါ့။ ဥပဒေအကြောင်းအရ NUG က မြန်မာနိုင်ငံကို ကိုယ်စားပြုခွင့် ရနိုင်ပြီလား။ စောစောက ဦးအောင်ထူးပြောတဲ့ State ရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက် လေးချက်နဲ့ NUG ကိုက်ညီမှု ရှိပါသလား။ အဲဒါကိုလဲ အကျမ်းမျဉ်းလေး သုံးသပ်ပါအုံး။

ဖြေ ။ ။ စစ်ကောင်စီကို သစ္စာခံတဲ့ သံရုံးနဲ့ ဆက်သွယ်တာမျိုးကတော့ NUG လည်း ကန့်ကွက်ထားပါတယ်။ ဆက်လည်းကန့်ကွက်ခွင့် ရှိတယ်။ ဘာကြောင့်လဲဆိုတော့ ICJ ကလည်း Peremptory Norms of International Law မူကို လိုက်နာကျင့်သုံးဖို့ တာဝန်ရှိတယ်။ ဆိုလိုချင်တာက ICJ ကိုယ်တိုင်က နိုင်ငံတကာအဆင့်ရှိတဲ့ ပြစ်မှုတွေ ကျူးလွန်ထားတဲ့ ပုဂ္ဂိုလ်တွေကို အရေးယူဆောင်ရွက်ဖို့အတွက် သူ့မှာ တာဝန်ရှိတယ်။ အဲဒီဘက်ကနေ နိုင်ငံတကာအဆင့်ရှိတဲ့ ပြစ်မှုကြီးတွေ ကျူးလွန်ကြောင်း ပေါ်လွှင်ထင်ရှားနေတဲ့ စစ်ကောင်စီကို နိုင်ငံကိုယ်စား ခုခံခွင့်ပေးမယ်ဆိုတာ ICJ ကိုယ်တိုင်က အဲဒီမူကို ချိုးဖောက်ရာရောက်တယ်။ မြန်မာနိုင်ငံကို ကိုယ်စားပြုပြီးတော့ NUG က သွားရောက်ခုခံခွင့် ရှိသင့်၊ မရှိသင့်နဲ့ ပတ်သက်ပြီးတော့ NUG က ဘယ်လိုချဉ်းကပ်မလဲဆိုတာနဲ့ ဆိုင်မယ်။ NUG က အရင်တုန်းက NLD အစိုးရဟောင်း ချဉ်းကပ်ပုံမျိုးကို ပြောင်းဖို့လိုပါတယ်။ အခုလုပ်ဆောင်ချက်တွေက NUG ရဲ့ ချဉ်းကပ်မှုတွေက တော်တော်ကောင်းနေပြီ။ ဥပမာ သူတို့မှာ တရားဝင်အခြေခံ သူတို့မှာ ဘာကြောင့်ရှိတယ်။ ဦးကျော်မိုးထွန်းက ဘာကြောင့် ကုလသမဂ္ဂ အထွေထွေညီလာခံက ဆက်လက်လက်ခံထားတယ်ဆိုတာကို အခြေခံပြီးတော့ ချဉ်းကပ်ချက်တွေက ကောင်းနေပြီ။ သို့သော် အဲဒီမှာ နှစ်ပိုင်း ရှိဖို့ လိုပါတယ်။ တပိုင်းက ဘာလဲဆိုတော့ Merits of the Claim လို့ခေါ်တဲ့ Genocidal Intent နဲ့ ကျူးလွန်တာမျိုးဆိုတဲ့ ကိစ္စရပ်မျိုးတွေကို သူတို့ဘက်က ပြန်လည်သုံးသပ်ပြီးတော့ ဆိုလိုချင်တာက NLD လက်ထက်က သွားနေတဲ့ ခုခံလမ်းကြောင်းကို ပြောင်းပြန်ပြန်ပြောင်းလိုက်ဖို့ လိုတယ်။ နောက်တခုက စစ်ကောင်စီကို ကျော်နိုင်ဖို့အတွက် အရေးကြီးဆုံးက ရခိုင်တပ်တော်အခန်းကဏ္ဍကို တင်ပေးလိုက်ဖို့ လိုတယ်။ ဆိုလိုချင်တာက NUG နဲ့ ULAA နဲ့ ပူးပေါင်းနိုင်မှသာ ပိုပြီးတော့ ရင်ဆိုင်သွားမယ်ဆိုတဲ့ဟာမျိုးကို တိတိကျကျ တရားရုံးမှာ တင်ပြနိုင်မယ်ဆိုရင် စစ်ကောင်စီအနေနဲ့ ခုခံချေပနိုင်ခွင့်က အတော်နည်းသွားမယ်လို့ သုံးသပ်ပါတယ်။ အဲဒါသေချာတယ်။

မေး ။ ။ ဆိုလိုတဲ့သဘောက အခုဆက်လက်ပြီးတော့ Genocide ဖြစ်လာနိုင်မယ့် အလားအလာတွေကို အကုန်လုံးထိန်းချုပ်ထားရမယ်။ မဖြစ်စေအောင် လုပ်ပေးရမယ်ဆိုတဲ့ ကိစ္စ ပါပါတယ်။ အဲဒီကိစ္စကို စောစောက စစ်ကောင်စီက လုပ်နိုင်ချေ မရှိဘူးဆိုတဲ့ သဘောပေါ့။ NUG, ULAA တို့က လုပ်နိုင်တယ်ပေါ့။ အခုလောလောဆယ် စစ်ကောင်စီက မကာကွယ်နိုင်ဘူးပေါ့။

ဖြေ ။ ။ ဆိုလိုတာက အခု ကျနော်တို့ Provisional Measures မှာ ကြားကာလစီမံဆောင်ရွက်ချက်ထဲမှာ အချက် (၄) ချက် ချပေးထားတယ်။ အဲဒီအချက် (၄) ချက်ကို တကယ်တမ်း ဖော်ဆောင်နိုင်တဲ့ အခြေအနေက စစ်ကောင်စီမှာ မရှိဘူး။ သူတို့ နှစ်ဖွဲ့မှာ ရှိတယ်။

မေး ။ ။ သူတို့ဘက်က စွဲဆိုတဲ့အထဲမှာ Reparation လျော်ကြေးပေးရမယ်ဆိုတဲ့ အချက်လည်း ပါပါတယ်။ ဆိုတော့ သူတို့ရဲ့ ကန့်ကွက်ထားတဲ့ ကိစ္စတွေကို NUG ဘက်က ရုတ်သိမ်းခြင်းသည် မြန်မာနိုင်ငံဟာ Genocide ကျူးလွန်တယ်ဆိုတာကို ဝန်ခံရာ ရောက်သွားမလား။ နိုင်ငံအနေနဲ့။

ဖြေ ။ ။ နိုင်ငံအနေနဲ့ ကျူးလွန်တဲ့သဘော သက်ရောက်သွားလိမ့်မယ်။ ဒါကို အားလုံးသိထားပြီသား ဖြစ်တယ်။ ဘယ်နိုင်ငံအနေနဲ့ ကျူးလွန်တယ်ဆိုသော်ငြားလဲ လက်တွေ့မှာ စစ်ကောင်စီက ကျူးလွန်နေတယ်ဆိုတာကို တကမ္ဘာလုံး သိနေတာပဲ။ အဲဒီတော့ Formal က အဲဒီလို ဖြစ်သွားနိုင်တယ်။ ဒါကတော့ မတတ်နိုင်ဘူး၊ ဖြစ်ခဲ့တဲ့ ကိစ္စကို တာဝန်ခံရတာ။ သို့သော်လဲပဲ အနှစ်သာရအားဖြင့်တော့ ဘယ်သူကြောင့် ဒီလိုဖြစ်သွားတယ်ဆိုတဲ့ဟာက ကမ္ဘာမှာ ပေါ်အောင်လုပ်လို့ရတယ်။ လုပ်လည်းလုပ်သင့်တယ်။ ဆက်လုပ်သွားရင်လဲ ပြဿနာ မရှိလောက်ဘူးလို့ ကျနော် ယူဆပါတယ်။

XS
SM
MD
LG