သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

VOA နဲ႔ BBC အပါအဝင္ ႏိုင္ငံျခားသတင္းမီဒီယာေတြ ႐ုရွား ပိတ္ပင္


Voa Russian Website

VOA အေမရိကန္အသံ၊ BBC ၿဗိတိသွ်အသံလႊင့္ဌာန တို႔ က ထုတ္လႊင့္ေနတာေတြရဲ႕ အစိတ္အပိုင္းတခ်ိဳ႕ အပါအဝင္ အေနာက္ႏိုင္ငံေတြရဲ႕ သတင္းမီဒီယာေတြကို ဝင္ေရာက္ၾကည့္ရႈ႕ခြင့္ကို ပိတ္ပငလိုက္ေၾကာင္း ႐ုရွား သတင္းမီဒီယာေစာင့္ၾကည့္ေရးဌာန Roskomnadzor က မေန႔ ေသာၾကာေန႔က ေၾကညာလိုက္ပါတယ္။

VOA နဲ႔ BBC အပါအဝင္ ႏိုင္ငံျခားသတင္းမီဒီယာေတြ ႐ုရွား ပိတ္ပင္

{{Zawgyi/Unicode}}

VOA အေမရိကန္အသံ၊ BBC ၿဗိတိသွ်အသံလႊင့္ဌာန တို႔ က ထုတ္လႊင့္ေနတာေတြရဲ႕ အစိတ္အပိုင္းတခ်ိဳ႕ အပါအဝင္ အေနာက္ႏိုင္ငံေတြရဲ႕ သတင္းမီဒီယာေတြကို ဝင္ေရာက္ၾကည့္ရႈ႕ခြင့္ကို ပိတ္ပင္လိုက္ေၾကာင္း ႐ုရွား သတင္းမီဒီယာေစာင့္ၾကည့္ေရးဌာန Roskomnadzor က မေန႔ ေသာၾကာေန႔က ေၾကညာလိုက္ပါတယ္။ သတင္းအမွားေတြကို တမင္သက္သက္ စနစ္တက်ျဖန႔္ခ်ီထုတ္လႊင့္ေနၾကတဲ့ အင္တာနက္ဆိုဒ္ အမ်ားအျပားကို တင္းတင္းၾကပ္ၾကပ္ ကန႔္သတ္လိုက္ေၾကာင္း လည္း ေဖာ္ျပထားပါတယ္။

႐ုရွားအစိုးရက ယူကရိန္းကို ဝင္ေရာက္က်ဴးေက်ာ္တဲ ေဖေဖၚဝါရီလ ၂၄ ရက္ေန႔ကစၿပီး သူႏိုင္ငံအတြင္းမွာရွိၾကတဲ့ မီဒီယာေတြကို ဒီစစ္ပြဲနဲ႔ ပတ္သက္ၿပီး အထူးစစ္ဆင္ေရးလို႔ ရည္ၫႊန္း သုံးႏႈန္းဖို႔ အမိန္ထုတ္ျပန္ခဲ့တာျဖစ္ပါတယ္။ မလိုက္နာတဲ့ ဒါဇင္နဲ႔ခ်ီတဲ့ လြတ္လပ္တဲ့သတင္းမီဒီယာေတြကို သတိေပးၿပီး သူတို႔တင္ထားတဲ့စာသားေတြကို ဖ်က္ပစ္ဖို႔အမိန္႔ေပးခဲ့သလို မလိုက္နာရင္ ပိတ္ပင္တာ ဒဏ္႐ိုက္တာေတြလုပ္မယ္လို႔ေျပာပါတယ္။

VOA အေမရိကန္အသံ ရဲ႕ ႐ုရွားဘာသာ Website ကေတာ့ မေန႔ ေသာၾကာေန႔အထိ ေမာ္စကိုၿမိဳ႕မွာ VPN ကေနတဆင့္ ၾကားခံၿပီး ၾကည့္ရႈမွသာရေပမယ့္ အဂၤလိပ္ Website ကိုေတာ့ ဒီအတိုင္းဆက္လက္ၾကည့္လို႔ရရွိေနပါေသးတယ္။ VOA ၊ RFE/RL နဲ႔ BBC တို႔ကေတာ့ ႐ုရွား ပရိတ္သတ္ေတြအတြက္ သတင္းေတြကို ဆက္လက္ၿပီး ထုတ္လြင့္သြားမယ္လို႔ ေၾကညာခ်က္ထုတ္ျပန္ခဲ့ပါတယ္။

ရရွား Duma လႊတ္ေတာ္ကလည္း ယူကရိန္စစ္ပြဲမွာ ပါဝင္ေနၾကတဲ့ သူတို႔တပ္ဖြဲ႕ေတြနဲ႔ပတ္သက္ၿပီး မမွန္သတင္းထုတ္လႊင့္ေဖာ္ျပမႈေတြကို ေထာင္ဒဏ္ ၁၅ ႏွစ္အထိ အျပစ္ေပးဖို႔ မေန႔ ေသာၾကာေန႔က မဲေပးျပဌာန္းလိုက္ပါတယ္။ ဒါကို ဖယ္ဒရယ္ေကာင္စီက အတည္ျပဳေပးခဲ့ၿပီး သမၼတပူတင္ လက္မွတ္ထိုးၿပီးရင္ေတာ့ ဥပေဒျဖစ္လာေတာ့မွာပါ။

EU ဥေရာပသမဂၢ ကလည္း ဒီသီတင္းပတ္ထဲမွာ ႐ုရွားသတင္းဌာန RT နဲ႔ Sputnik တို႔ကို ဒဏ္ခတ္အေရးယူလိုက္သလို အေမရိကန္၊ ကေနဒါ နဲ႔ ေတာင္အာဖရိကႏိုင္ငံေတြကလည္း ရုရွားအစိုးရပုိင္ RT နဲ႔ လုပ္ေဆာင္ေနတာေတြကို ဒီသတင္းပတ္ထဲမွာ ရုတ္သိိမ္းမယ္လို႔ ေၾကညာခဲ့ၾကပါတယ္။

......................................

တိုက္႐ိုက္ လင့္ခ္

VOA နဲ့ BBC အပါအဝင် နိုင်ငံခြားသတင်းမီဒီယာတွေ ရုရှား ပိတ်ပင်

{{Unicode}}
VOA အမေရိကန်အသံ၊ BBC ဗြိတိသျှအသံလွှင့်ဌာန တို့ က ထုတ်လွှင့်နေတာတွေရဲ့ အစိတ်အပိုင်းတချို့ အပါအဝင် အနောက်နိုင်ငံတွေရဲ့ သတင်းမီဒီယာတွေကို ဝင်ရောက်ကြည့်ရှု့ခွင့်ကို ပိတ်ပင္လိုက်ကြောင်း ရုရှား သတင်းမီဒီယာစောင့်ကြည့်ရေးဌာန Roskomnadzor က မနေ့ သောကြာနေ့က ကြေညာလိုက်ပါတယ်။ သတင်းအမှားတွေကို တမင်သက်သက် စနစ်တကျဖြန့်ချီထုတ်လွှင့်နေကြတဲ့ အင်တာနက်ဆိုဒ် အများအပြားကို တင်းတင်းကြပ်ကြပ် ကန့်သတ်လိုက်ကြောင်း လည်း ဖော်ပြထားပါတယ်။

ရုရှားအစိုးရက ယူကရိန်းကို ဝင်ရောက်ကျူးကျော်တဲ ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့ကစပြီး သူနိုင်ငံအတွင်းမှာရှိကြတဲ့ မီဒီယာတွေကို ဒီစစ်ပွဲနဲ့ ပတ်သက်ပြီး အထူးစစ်ဆင်ရေးလို့ ရည်ညွှန်း သုံးနှုန်းဖို့ အမိန်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ မလိုက်နာတဲ့ ဒါဇင်နဲ့ချီတဲ့ လွတ်လပ်တဲ့သတင်းမီဒီယာတွေကို သတိပေးပြီး သူတို့တင်ထားတဲ့စာသားတွေကို ဖျက်ပစ်ဖို့အမိန့်ပေးခဲ့သလို မလိုက်နာရင် ပိတ်ပင်တာ ဒဏ်ရိုက်တာတွေလုပ်မယ်လို့ပြောပါတယ်။

VOA အမေရိကန်အသံ ရဲ့ ရုရှားဘာသာ Website ကတော့ မနေ့ သောကြာနေ့အထိ မော်စကိုမြို့မှာ VPN ကနေတဆင့် ကြားခံပြီး ကြည့်ရှုမှသာရပေမယ့် အင်္ဂလိပ် Website ကိုတော့ ဒီအတိုင်းဆက်လက်ကြည့်လို့ရရှိနေပါသေးတယ်။ VOA ၊ RFE/RL နဲ့ BBC တို့ကတော့ ရုရှား ပရိတ်သတ်တွေအတွက် သတင်းတွေကို ဆက်လက်ပြီး ထုတ်လွင့်သွားမယ်လို့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

ရရှား Duma လွှတ်တော်ကလည်း ယူကရိန်စစ်ပွဲမှာ ပါဝင်နေကြတဲ့ သူတို့တပ်ဖွဲ့တွေနဲ့ပတ်သက်ပြီး မမှန်သတင်းထုတ်လွှင့်ဖော်ပြမှုတွေကို ထောင်ဒဏ် ၁၅ နှစ်အထိ အပြစ်ပေးဖို့ မနေ့ သောကြာနေ့က မဲပေးပြဌာန်းလိုက်ပါတယ်။ ဒါကို ဖယ်ဒရယ်ကောင်စီက အတည်ပြုပေးခဲ့ပြီး သမ္မတပူတင် လက်မှတ်ထိုးပြီးရင်တော့ ဥပဒေဖြစ်လာတော့မှာပါ။

EU ဥရောပသမဂ္ဂ ကလည်း ဒီသီတင်းပတ်ထဲမှာ ရုရှားသတင်းဌာန RT နဲ့ Sputnik တို့ကို ဒဏ်ခတ်အရေးယူလိုက်သလို အမေရိကန်၊ ကနေဒါ နဲ့ တောင်အာဖရိကနိုင်ငံတွေကလည်း ရုရှားအစိုးရပိုင် RT နဲ့ လုပ်ဆောင်နေတာတွေကို ဒီသတင်းပတ်ထဲမှာ ရုတ်သိမ်းမယ်လို့ ကြေညာခဲ့ကြပါတယ်။

XS
SM
MD
LG