သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကြမ်းဖက်မှုတိုက်ဖျက်ရေးပုဒ်မနဲ့ နေအိမ်တွေကို စစ်ကောင်စီသိမ်းဆည်း


ရန်ကုန်မြို့အတွင်းတေနရာတွင်တွေ့ရသည့် စစ်သားများ။ (Photo by STR / AFP)
ရန်ကုန်မြို့အတွင်းတေနရာတွင်တွေ့ရသည့် စစ်သားများ။ (Photo by STR / AFP)

[[Zawgyi/Unicode]]

စစ်အာဏာသိမ်းမှုအပေါ်ဆန့်ကျင်သူတွေ၊ တက်ကြွလှုပ်ရှားသူတွေနဲ့ အမျိုးသားညီ ညွှတ်ရေးအစိုးရ (NUG) နဲ့ ပတ်သတ်သူတွေရဲ့ ပိုင်ဆိုင်မှုတွေကို စစ်ကောင်စီက ချိတ်ပိတ် သိမ်းဆည်မှုတွေကို လုပ်နေပါတယ်။ အထူးသဖြင့် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မတပ်ခံထားရသူတွေ နေထိုင်တဲ့အိမ်တွေကို သိမ်းဆည်းနေတာပါ။ အိမ်ငှားနေသူတွေကြောင့် အိမ်တွေ၊ တိုက်ခန်းတွေ ဆုံးရှုံးသူတွေလည်းရှိနေတဲ့အကြောင်း ရန်ကုန်က ပေးပို့တဲ့သတင်းကို နန်းလောဝ်က တင်ပြပါမယ်။

စစ်အာဏာသိမ်းမှု ဆန့်ကျင်သူတွေကို စစ်ကောင်စီက ဆက်လက်နှိမ်နှင်းနေတာမှာ အထူးဥပဒေတွေနဲ့ တရားစွဲခံရသူတွေနေထိုင်တဲ့ နေအိမ်တွေ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို ချိတ်ပိတ် သိမ်းဆည်းနေပါတယ်။ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေတွေ၊ နိုင်ငံတော်ပုန်ကန်မှု ဥပဒေတွေ စတဲ့ အထူးဥပဒေတွေနဲ့ ပုဒ်မတပ် တရားစွဲခံရသူတချို့ရဲ့ နေအိမ်တွေ ချိတ်ပိတ်ခံခဲ့ရတာမှာ ခေတ်သစ်မီဒီယာကို တည်ထောင်ခဲ့သူတဦးဖြစ်တဲ့ ကိုသာလွန်ဇောင်းထက်ရဲ့ ရန်ကုန်မြို့က နေအိမ်လည်း သိမ်းဆည်း ချိတ်ပိတ်ခံခဲ့ရပါတယ်။

"ကျနော်ကိုအမှုဖွင့်ထားတာက ပုဒ်မ ၁၂၄(က)အဲဒါရယ် ၅၀၅-က၊ ခ၊ ဂရယ်၊ ၁၇(၁)၊ ၆၆(ဃ)၊ နောက်အကြမ်း ဖက်တိုက်ဖျက်ရေး ဥပဒေ ၅၀(က) ၅၂(က) သူတို့အမှုဖွင့်ထားတာအားလုံးပေါင်း အမှု ၇မှုလောက်ရှိတယ်။ သူတို့ကတော့ ဘယ်လိုပြောရမလဲဆိုတော့ လက်ဝှေ့စကားနဲ့ပြောရရင် မနိုင်ရင်ခြေသလုံးဖက်ကိုက်မယ်ဆိုတဲ့ ဟာမျိုး အဲလိုပုံစံမျိုးနဲ့ ကျနော်တို့ကိုမထိခိုက် ထိခိုက်အောင်လုပ်တာပေါ့နော်။ အိမ်ချိတ်ပိတ်ခံရလို့ဘယ်လို ပြောရမလဲဆိုရင်တော့ ကိုယ်ချွေးနည်းစာနဲ့ဆိုတော့နှမြောတာပေါ့နော်။ ဒါပေမယ့်လည်း တကယ်တမ်းအသက် စွန့်သွားတဲ့လူငယ်တွေ တော်လှန်ရေးနဲ့ပတ်သတ်တဲ့ သူရဲကောင်းတွေနဲ့ယှဉ်ရင် ကျနော်တို့ချိတ်ပိတ်ခံရတယ် ဆိုတာ ဘာမှကိုပြောစရာမရှိပါဘူး။ ပြောပလောက်အောင်နှိုင်းယှဉ်စရာလဲ မရှိဘူးပေါ့နော်။ သိပ်တော့ထူးထူးခြား ခြားဘာမှမဖြစ်ဘူး ကိုယ်လုပ်စရာရှိတာဆက်လုပ်မှာပေါ့။"

NLD အစိုးရ အရပ်သားအစိုးရလက်ထက်က တရားဝင်သတင်းမီဒီယာတခုအနေနဲ့မှတ်ပုံတင် လုပ်ကိုင်နေတဲ့ ခေတ်သစ်မီဒီယာကို စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်ကောင်စီက လုပ်ငန်းလုပ်ခွင့်လိုင်စင်ပယ်ဖျက်ခဲ့ပါတယ်။ ခေတ်သစ်သတင်းမီဒီယာရဲ့ သတင်းတင်ပြမှုဟာ ဆူပူအုံကြွစေအောင်လှုံဆော်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပိတ်သိမ်း ခံရတာဖြစ်ပြီး မီဒီယာတိုက်ကို ဝင်ရောက်ရှာဖွေခဲ့တဲ့အပြင် အယ်ဒီတာထိပ်ပိုင်းခေါင်းဆောင်တွေကိုလည်း တပ်မတော်ပြိုကွဲအောင် လှုံဆော်၊ လုပ်ဆောင်မှု ပုဒ်မ ၅၀၅-က နဲ့ ကနဦးတရားစွဲခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ အကြမ်းဖက်တိုက် ဖျက်ရေး ဥပဒေတွေ၊ နိုင်ငံတော်ပုန်ကန်မှု ဥပဒေတွေနဲ့ ထပ်မံတရားစွဲပြီး ပိုင်ဆိုင်မှုတွေကို သိမ်းယူခဲ့တာ ဖြစ်ပါတယ်။

အထူးဥပဒေလို့ခေါ်တဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေတွေ၊ နိုင်ငံတော်ပုန်ကန်မှု ဥပဒေတွေနဲ့ ပုဒ်မတပ်ခံရသူတွေအပြင် ဒီလူတွေ နေထိုင်နေတဲ့နေအိမ်၊ စီးတဲ့ ကားစတာတွေကို ငှားယူသုံးစွဲခွင့်ပြုထားသူတွေကိုပါ ပစ္စည်းတွေကို ဥပဒေနဲ့ အညီအရေးယူနိုင်သလို သူတို့ကို ဌားရမ်းတဲ့ ပစ္စည်းတွေကိုလည်း ပြည်သူပိုင် အဖြစ်သိမ်းမှာဖြစ်တယ်လို့ ထုတ်ပြန်ထားပြန်ပါတယ်။

အဲဒီဥပဒေကြောင့် သဃန်းကျွန်းမြို့နယ်မှာ အိမ်ငှားတွေ တင်ထားတဲ့ အိမ်တလုံး သိမ်းဆည်းခံရတဲ့ အိမ်ရှင်တယောက်က သူတို့တမိသားစုလုံး ထွက်ပြေးနေရတယ်လို့ ဗီအိုအေကို ပြောပါတယ်။ အငြိမ်းစားဝန်ထမ်းတဦးဖြစ်တဲ့ အဲဒီအိမ်ရှင်ဟာ စစ်အာဏာမသိမ်းခင် ၂ နှစ်ထဲက အိမ်ကိုငှားရမ်းထားတာလို့ပြောပါတယ်။ အဲဒီအိမ်မှာ ငှားနေကြတဲ့ လူငယ် ၃ ဦးကို စစ်ကောင်စီက ၅၀၅-ကနဲ့ ပုဒ်မတပ် တရားစွဲခဲ့ပြီးနောက် ၂ ဦးကို အိမ်မှာ ဖမ်းမိခဲ့ပါတယ်။ သူတို့ကို ဖမ်းဆီးခဲ့ပြီးနောက် အကြမ်းဖက်မှု ဥပဒေပုဒ်မတွေ ထပ်မံတပ် တရားစွဲခဲ့ချိန်မှာ သူတို့ငှားနေတဲ့ နေအိမ်ကို သိမ်းဆည်း ချိတ်ပိတ်ခဲ့တာဖြစ်ပါပတယ်။ အိမ်ပိုင်ရှင်က သက် ဆိုင်ရာရဲစခန်းကိုသွားရောက်ဖြေရှင်းဖို့ ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့ဘဲ သူ့ကိုပါ ဖမ်းဆီးနိုင်တယ်ဆိုတာကြောင့် အခု လို မိသားစုလိုက်ဘေးလွတ်ရာမှာ ခုချိန်ထိ ပုန်းရှောင်နေကြရတာဖြစ်ပါတယ်။

နယ်မြို့တခုမှာလည်း စစ်တပ်ကို လက်နက်ကိုင်တိုက်ခိုက်နေတဲ့ PDF အဖွဲ့တွေရဲ့ အဝတ်အစား၊ တံဆိပ် တွေကို လက်ခံ ရိုက်နှိပ်ပေးခဲ့တဲ့ တံဆိပ်ရိုက်လုပ်ငန်းတခုကို ချိတ်ပိတ်တဲ့အပြင် အဲလို လုပ်ပေးတဲ့ အတွက်ဆိုပြီး အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေတပ်ကာ အမျိုးသမီးတွေအပါအဝင်

ကျန်ရှိတဲ့ မိသားစုဝင် တဦးကလည်း ဝရမ်းထုတ်ခံထားရ တာကြောင့် ရှောင်ပြေးနေရတာကြောင့် ဗီအိုအေကို ပြောပြပါတယ်။

အခုလို အကြမ်းဖက်မှုဥပဒေတပ်ပြီး ပိုင်ဆိုင်မှုတွေ သိမ်းဆည်းနေတဲ့အပေါ် ပြန်လည်သုံးသပ်ဖို့ ဥပဒေပညာရှင်တယောက်က ခုလိုပြောပါတယ်။

"ပြဌာန်းချက်တွေတော့ရှိတာပေါ့လေ သို့သော်လည်းဘဲ တကယ့်တရားစွဲအဖွဲ့တွေအနေနဲ့စိစစ်ဖို့ရာ တကယ်ဘဲ ဒါကသင့်တော်သလားပေါ့။ ဆရာတို့ဥပဒေမှာ မူတခုရှိတာက ပြုလုပ်မှုတခုအတွက် အရေးယူနိုင်တဲ့ ဥပဒေ ၃၊ ၄၊ ခုရှိတယ်ဆိုရင် သူက အနည်းဆုံးပြစ်ဒဏ်ချနိုင်တဲ့ ဥပဒေနဲ့တရားစွဲရမယ်ဆိုတဲ့ ဥပဒေရှိတယ်။ ဥပမာ ၅၀၅-ကနဲ့ဘဲ စွဲနိုင်တဲ့ လုပ်ရပ်မျိုးရှိရင် အကြမ်းဖက်ဥပဒေနဲ့ မစွဲသင့်တော့ဘူးပေါ့။ ခုကဘယ်လိုဖြစ်လဲဆိုတော့ အမှုက ၅၀၅-ကနဲ့စွဲလို့ရပါလျက်နဲ့ ချိတ်ပိတ်သိမ်းဆည်းဖို့ရည်ရွယ်ချက်နဲ့ ပြစ်မှုကြီးတွေနဲ့စွဲတော့ကာယကံရှင်တွေမှာ နစ်နာတာပေါ့။ နစ်နာတာ ၂မျိုး။ တမျိုးကကျတော့ အထူး ဥပဒေတွေနဲ့စွဲခံရပြီးတော့ ထောင်ဒဏ်ပြစ်ဒဏ်ကြီးကြီးမားမားကျတယ် နောက်သူပိုင်ဆိုင်တဲ့ ရွှေ့ပြောင်းနိုင် ပစ္စည်းမရျွေ့ပြောင်းနိုင်ပစ္စည်း သိမ်းခံရတယ်ဆိုတော့ ပြောမယ်ဆိုနစ်နာမှုများတာပေါ့။ ဒါကတော့ အများကြီးဆင်ခြင်သုံးသပ်သင့်တယ်လို့ ဒီလိုတော့မြင်ပါတယ်။"

စစ်ကောင်စီက ချိတ်ပိတ်သိမ်းဆည်းခံရတဲ့နေအိမ်တွေထဲမှာ NUG ရဲ့ ဖယ်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးတဦးဖြစ်တဲ့ ဒေါက်တာဆလိုင်းလျန်မုန်းဆာခေါင်၊ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၊ NLD အစိုးရလက်ထက်က လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမေဝင်းမြင့်၊ HIV/ AIDS ဝေဒနာရှင်တွေအတွက် ပရဟိတလုပ်ငန်းတွေ လုပ်ကိုင်ပေးနေတဲ့ မဖြူဖြူသင်းရဲ့ မိခင်နေအိမ် စတာတွေပါဝင်ပါတယ်။

[[Unicode]]












XS
SM
MD
LG