သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

"NLD ဖ်က္သိမ္းဖို႔မရွိ" စစ္ေကာင္စီေျပာခြင့္ရ ဂ်ပန္သတင္းဌာနကိုေျပာဆို


2020 ေရြးေကာက္ပြဲကာလ မႏၱေလးက NLD ေထာက္ခံသူမ်ား (ဓာတ္ပံု- AFP)

အမ်ိဳးသားဒီမိုေကရစီအဖြဲ႕ခ်ဳပ္ NLD ပါတီကို ဖ်က္သိမ္းဖို႔ အစီအစဥ္မရွိေၾကာင္း စစ္ေကာင္စီေျပာခြင့္ရ ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္းက ေျပာေၾကာင္း ဂ်ပန္အေျခစိုက္ Nikkei မွာ ေရးသားထားပါတယ္။

၂၀၂၃ ခုႏွစ္၊ ၾသဂုတ္လမွာက်င္းပဖို႔ရွိတဲ့ ေ႐ြးေကာက္ပြဲကာလအထိ NLD ပါတီကို ဖ်က္သိမ္းဖို႔ အစီအစဥ္ မရွိေၾကာင္း၊ ပါတီကို ဖ်က္သိမ္းေရး ၊ မသိမ္းေရးကိစၥဟာ ေ႐ြးေကာက္ပြဲေကာ္မရွင္ရဲ႕ ကိစၥသာျဖစ္ေၾကာင္းနဲ႔ ေ႐ြးေကာက္ပြဲမွာ ဝင္ေရာက္ ယွဥ္ၿပိဳင္ျခင္း ၊ မၿပိဳင္ျခင္းဟာလည္း NLD ကသာ ဆုံးျဖတ္ရမွာျဖစ္ေၾကာင္း သူတို႔ သတင္းဌာနနဲ႔ ျပဳလုပ္တဲ့ ေမးျမန္းခန္းမွာ ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္းက ေျပာၾကားခဲ့တာကို ကိုးကားၿပီး Nikkei သတင္းမွာ ေရးထားပါတယ္။

ေေဖဖာ္ဝါရီလ ၁ ရက္ေန႔မွာ အာဏာသိမ္းလိုက္တဲ့ စစ္ေကာင္စီက ေ႐ြးေကာက္ပြဲေကာ္မရွင္ကို ျပန္လည္ ဖြဲ႕စည္းၿပီး ႏိုင္ငံေရးပါတီတခ်ိဳ႕နဲ႔ မႏွစ္ ေမလက ေတြ႕ဆုံခဲ့ပါတယ္။ ၂၀၂၀ ေ႐ြးေကာက္ပြဲမွာ မဲအျပတ္အသတ္ အႏိုင္ရလိုက္တဲ့ NLD ပါတီဟာ ေ႐ြးေကာက္ပြဲအတြင္း မဲမသမာမႈေတြ ျပဳလုပ္ခဲ့တယ္ဆိုတဲ့ စြပ္စြဲခ်က္နဲ႔ NLD ပါတီကို ဖ်က္သိမ္းေကာင္း ဖ်က္သိမ္းမယ့္ေသဘာမ်ိဳး ေ႐ြးေကာက္ပြဲ ေကာ္မရွင္က ေျပာထားပါတယ္။ ႏိုင္ငံေရးပါတီေတြရဲ႕ ေငြၾကး စာရင္းဇယားေတြကို စစ္ေဆးေနၿပီး NLD ပါတီကိုေတာ့ မစစ္ရ ေသးဘူးလို႔ ေကာ္မရွင္က ေျပာပါတယ္။

NLD ပါတီေခါင္းေဆာင္၊ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ဟာ အဂတိလိုက္စားမႈ ၁၀ မႈအျပင္ ႏိုင္ငံေတာ္လွ်ိဳ႕ဝွက္ အက္ဥပေဒ ခ်ိဳးေဖာက္မႈနဲ႔လည္း တရားရင္ဆိုင္ ေနရသလို အမ်ားျပည္သူ တည္ၿငိမ္ေအးခ်မ္းမႈ ပ်က္ျပားေအာင္လုပ္တယ္ဆိုၿပီး တရားစြဲခဲ့တဲ့ ၅၀၅(ခ) အမႈ၊ သဘာဝေဘးဆိုင္ရာ အမႈ ႏွစ္ခု၊ ပို႔ကုန္သြင္းကုန္အမႈနဲ႔ ဆက္သြယ္ေရးဥပေဒအမႈ စုစုေပါင္း ငါးမႈအတြက္ ေထာင္ဒဏ္ ၆ ႏွစ္ ခ်မွတ္ခံထားရပါတယ္။ သမၼတဦးဝင္းျမင့္ဟာလည္း ပုဒ္မ ၅၀၅ (ခ)၊ သဘာဝေဘးပုဒ္မတို႔နဲ႔ စုစုေပါင္း ေထာင္ဒဏ္ ၄ ႏွစ္ ခ်မွတ္ခံ ထားရပါတယ္။

၂၀၂၁ ခုႏွစ္ ႏွစ္ကုန္ပိုင္းအထိ NLD ပါတီဝင္ ၆၄၉ ဦး ဖမ္းဆီး ထိန္းသိမ္းခံခဲ့ရၿပီး အဲဒီအထဲက ၁၄၆ ဦး ျပန္လည္ လြတ္ေျမာက္လာခဲ့ေပမယ့္ အခုခ်ိန္ထိ ေသဆုံးသြားတဲ့ ပါတီဝင္ ၁၄ ဦးရွိၿပီး ၄၈၉ ဦးေကတာ့ ဆက္လက္ ထိန္းသိမ္းခံထားရဆဲ ျဖစ္တယ္လို႔ NLD ပါတီက ေျပာပါတယ္။

...........................................................................

တိုက္႐ိုက္ လင့္ခ္


"NLD ဖျက်သိမ်းဖို့မရှိ" စစ်ကောင်စီပြောခွင့်ရ ဂျပန်သတင်းဌာနကိုပြောဆို

(Unicode)

အမျိုးသားဒီမိုကေရစီအဖွဲ့ချုပ် NLD ပါတီကို ဖျက်သိမ်းဖို့ အစီအစဉ်မရှိကြောင်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောကြောင်း ဂျပန်အခြေစိုက် Nikkei မှာ ရေးသားထားပါတယ်။

၂၀၂၃ ခုနှစ်၊ သြဂုတ်လမှာကျင်းပဖို့ရှိတဲ့ ရွေးကောက်ပွဲကာလအထိ NLD ပါတီကို ဖျက်သိမ်းဖို့ အစီအစဉ် မရှိကြောင်း၊ ပါတီကို ဖျက်သိမ်းရေး ၊ မသိမ်းရေးကိစ္စဟာ ရွေးကောက်ပွဲကော်မရှင်ရဲ့ ကိစ္စသာဖြစ်ကြောင်းနဲ့ ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ခြင်း ၊ မပြိုင်ခြင်းဟာလည်း NLD ကသာ ဆုံးဖြတ်ရမှာဖြစ်ကြောင်း သူတို့ သတင်းဌာနနဲ့ ပြုလုပ်တဲ့ မေးမြန်းခန်းမှာ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောကြားခဲ့တာကို ကိုးကားပြီး Nikkei သတင်းမှာ ရေးထားပါတယ်။

ေဖေဖာ်ဝါရီလ ၁ ရက်နေ့မှာ အာဏာသိမ်းလိုက်တဲ့ စစ်ကောင်စီက ရွေးကောက်ပွဲကော်မရှင်ကို ပြန်လည် ဖွဲ့စည်းပြီး နိုင်ငံရေးပါတီတချို့နဲ့ မနှစ် မေလက တွေ့ဆုံခဲ့ပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာ မဲအပြတ်အသတ် အနိုင်ရလိုက်တဲ့ NLD ပါတီဟာ ရွေးကောက်ပွဲအတွင်း မဲမသမာမှုတွေ ပြုလုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ NLD ပါတီကို ဖျက်သိမ်းကောင်း ဖျက်သိမ်းမယ့်သေဘာမျိုး ရွေးကောက်ပွဲ ကော်မရှင်က ပြောထားပါတယ်။ နိုင်ငံရေးပါတီတွေရဲ့ ငွေကြး စာရင်းဇယားတွေကို စစ်ဆေးနေပြီး NLD ပါတီကိုတော့ မစစ်ရ သေးဘူးလို့ ကော်မရှင်က ပြောပါတယ်။

NLD ပါတီခေါင်းဆောင်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ အဂတိလိုက်စားမှု ၁၀ မှုအပြင် နိုင်ငံတော်လျှို့ဝှက် အက်ဥပဒေ ချိုးဖောက်မှုနဲ့လည်း တရားရင်ဆိုင် နေရသလို အများပြည်သူ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင်လုပ်တယ်ဆိုပြီး တရားစွဲခဲ့တဲ့ ၅၀၅(ခ) အမှု၊ သဘာဝဘေးဆိုင်ရာ အမှု နှစ်ခု၊ ပို့ကုန်သွင်းကုန်အမှုနဲ့ ဆက်သွယ်ရေးဥပဒေအမှု စုစုပေါင်း ငါးမှုအတွက် ထောင်ဒဏ် ၆ နှစ် ချမှတ်ခံထားရပါတယ်။ သမ္မတဦးဝင်းမြင့်ဟာလည်း ပုဒ်မ ၅၀၅ (ခ)၊ သဘာဝဘေးပုဒ်မတို့နဲ့ စုစုပေါင်း ထောင်ဒဏ် ၄ နှစ် ချမှတ်ခံ ထားရပါတယ်။

၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းအထိ NLD ပါတီဝင် ၆၄၉ ဦး ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရပြီး အဲဒီအထဲက ၁၄၆ ဦး ပြန်လည် လွတ်မြောက်လာခဲ့ပေမယ့် အခုချိန်ထိ သေဆုံးသွားတဲ့ ပါတီဝင် ၁၄ ဦးရှိပြီး ၄၈၉ ဦးကေတာ့ ဆက်လက် ထိန်းသိမ်းခံထားရဆဲ ဖြစ်တယ်လို့ NLD ပါတီက ပြောပါတယ်။

XS
SM
MD
LG