သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်နဲ့ ဒေါက်တာဝင်းမြတ်အေးတို့အပေါ် အဂတိမှုစွဲချက် ဖေဖော်ဝါရီ ၄ ရက် စစစ်မယ် 


နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်။ (ဓာတ်ပုံ -Myanmar State Counsellor Office - သြဂုတ် ၀၅၊ ၂၀၂၀)
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်။ (ဓာတ်ပုံ -Myanmar State Counsellor Office - သြဂုတ် ၀၅၊ ၂၀၂၀)

ရဟတ်ယာဉ် ငှားရမ်း၊ ဝယ်ယူမှုနဲ့ ပတ်သက်ပြီး NLD အစိုးရ သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်၊ လူကယ်ပြန်ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတို့အပေါ် စွဲဆိုထားတဲ့ အဂတိမှု အသစ် ၅ မှုရဲ့ တရားလိုကို လာမယ့်ရုံးချိန်း မှာ စတင်စစ်ဆေးမှာဖြစ်ပါတယ်။ ဒီနေ့ နေပြည်တော်အထူးတရားရုံး ကြားနာပွဲမှာတော့ အရင်ထဲကတရားစွဲထားတဲ့ အဂတိမှု ၄ မှုအတွက် တရားလိုဘက်က သက်သေထွက်ဆိုပေးမယ့်သူမလာလို့ ကြားနာစစ်ဆေးခြင်း မရှိခဲ့ပါဘူး။ ဒေါ်အောင်ဆန်းစုကြည် ပေါ် တရားစစ်ဆေးမှုအကြောင်း နောက်ဆုံးသိထားရသလောက် ရန်ကုန်ကလာတဲ့သတင်းကို မခင်ဖြူထွေးက ပြောပြပါမယ်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် တရားစွဲထားတဲ့ အဂတိလိုက်စားမှု ၁၀ မှုလုံးအတွက် နေပြည်တော် အထူးသီးသန့်တရားရုံးမှာ ဒီနေ့ရုံးထုတ်ပါတယ်။ အစောပိုင်းထဲက အဂတိလိုက်စားမှုနဲ့ တရားစွဲထားတဲ့ ၅ မှုနဲ့ မကြာခင်က ထပ်တိုးတရားစွဲထားတဲ့ ၅ မှုတို့ အတွက်ဖြစ်ပါတယ်။

ရန်ကုန်နဲ့နေပြည်တော်မှာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် မြေနေရာယူမှု၊ မြေနေရာပေါ် အိမ်ဆောက်လုပ်မှုတို့နဲ့ ဆက်နွယ် တရားစွဲထားတဲ့ ၄ မှုအတွက် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း တာဝန်ရှိသူတယောက်ဖြစ်တဲ့ ဒေါက်တာသန့်သော်ကောင်းကို သက်သေထွက်ဆိုဖို့ တရားလိုဘက်က ခေါ်ထားပေမဲ့ သူရောက်မလာတဲ့အတွက် အမှုမစစ်ဖြစ်ခဲ့ဘူးလို့ တရားရုံးနဲ့နီးစပ်တဲ့ ရှေ့နေတဦးက ဗွီအိုအေကို ပြောပါတယ်။

“ဒီနေ့က မူလဟာတွေက မစစ်ဖြစ်ဘူး။ သက်သေမလာလို့လေ။ သမ္မန်စာအတည်မဖြစ်လို့ မစစ်ဖြစ်ဘူး။ သူတို့ကတော့ သမ္မန်စာ အတည်မဖြစ်ဘူးပြောတာပဲ။ သမ္မန်စာအတည်မဖြစ်ဘူးဆိုတော့ မလာတာပေါ့နော်။ လေယာဉ် ဟတ်စကီးကိစ္စကတော့ သူတို့ ပါဝါတင်ရတယ်။ ၂၈ ရက်နေ့ကိုကျော်ပြီး ၄ ရက်နေ့ချိန်းတယ်၊ သူတို့ဘာဖြစ်လို့လဲမသိဘူး။ ၄ ရက်နေ့ချိန်းတယ်ပဲပြောတယ်။ ၄ ရက်နေ့ အမှုအသစ်ကို တရားလို စစစ်မယ်။ အမှုအဟောင်းကတော့ မန်းရှင်းပေါ့ တင်ပြရန်ပဲထားမယ်။ မစစ်ဘဲ မန်းရှင်းလုပ်ထား မယ်။”

ရဟတ်ယာဉ် ငှားရမ်းဝယ်ယူတဲ့ ကိစ္စတွေအပါအဝင် ဒေါ်အောင်ဆန်းစုကြည်အပေါ် နောက်ထပ် အဂတိလိုက်စားမှု ၅ ခု တရားစွဲ ထားတယ်ဆိုတာ သိရပေမယ့် သူ့ရဲ့ရှေ့နေတွေအနေနဲ့ အမှုတွေအကြောင်း ဘယ်သူ့ကိုမှ မပြောရဘူးလို့ စစ်ကောင်စီက တားမြစ်ထားတဲ့အတွက် အသေးစိတ်မသိရပါဘူး။ ဦးဝင်းမြင့်၊ ဒေါက်တာဝင်းမြတ်အေးတို့နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်လို အမှုတွဲထားသလဲဆိုတာလည်း ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က တရားလို အဖြစ် တရားစွဲတယ်ဆိုတာပဲ သိရပါတယ်။

ဒီကနေ့ရုံးချိန်းမှာ အဲဒီအမှုတွေအတွက် ဒေါ်အောင်ဆန်းစုကြည်တို့ဘက်က ခုခံချေပမယ့် အမှုလိုက်ရှေ့နေစာရင်း တင်ပြခဲ့တာ ကို တရားရုံးကလက်ခံတာကြောင့် နောက်တကြိမ် ရုံးချိန်းကျရင် တရားလိုတွေကို စတင်စစ်ဆေးတော့မှာဖြစ်တယ်လို့ သိရပါ တယ်။ နောက်တခေါက်ရုံးချိန်းကတော့ သီတင်းတပတ်ခြားဖြစ်တဲ့ ဖေဖော်ဝါရီလ ၄ ရက်နေ့ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ အဂတိလိုက်စားမှု ၁၀ မှုအပြင် နိုင်ငံတော်လျှို့ဝှက်အက်ဥပဒေ ချိုးဖောက်မှုနဲ့လည်း တရားရင်ဆိုင် နေရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ အများပြည်သူ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင်လုပ်တယ်ဆိုပြီး တရားစွဲခဲ့တဲ့ ၅၀၅-ခ အမှု၊ သဘာဝဘေးဆိုင်ရာ အမှု နှစ်ခု၊ ပို့ကုန်သွင်းကုန်အမှုနဲ့ ဆက်သွယ်ရေးဥပဒေအမှု စုစုပေါင်း ငါးမှုအတွက် ထောင်ဒဏ် ၆ နှစ် ချမှတ်ခံထားရပါတယ်။ သမ္မတဦးဝင်းမြင့်ဟာလည်း ပုဒ်မ ၅၀၅ (ခ)၊ သဘာဝဘေးပုဒ်မတို့နဲ့ စုစုပေါင်း ထောင်ဒဏ် ၄ နှစ် ချမှတ်ခံ ထားရပါတယ်။

..............................................................................................



(Unicode)









XS
SM
MD
LG