သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အာဆီယံကိုယ္စားလွယ္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ေတြ႔ဆုံခြင့္ရဖြယ္မရွိ


ႏုိင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္။ (ဇန္နဝါရီ ၁၇၊ ၂၀၂၀)

(Zawgyi / Unicode)

အေရွ႕ေတာင္အာရွႏုိင္ငံမ်ားအဖြဲ႔ (ASEAN) က ခန္႔ထားတဲ့ ျမန္မာ့အေရး အထူးသံတမန္နဲ႔ အထိန္းသိမ္းခံထားရတဲ့ ႏုိင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္တို႔ ေတြ႔ဆံုဖို႔ ျဖစ္ႏုိင္ေျခမရွိတဲ့သေဘာမ်ဳိး စစ္ေကာင္စီေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက AFP သတင္းဌာနကို ေျပာပါတယ္။

"အမႈရင္ဆိုင္ေနရသူေတြနဲ႔ ေတြ႔ဆံုေရး ခြင့္ျပဳဖို႔က ခက္ပါလိမ့္မယ္" လို႔ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက AFP ကို ၾကာသပေတးေန႔မွာ ေျပာခဲ့တာပါ။ "တရားဝင္အဖြဲ႔အစည္းေတြနဲ႔ ေတြ႔ခြင့္ေပးပါမယ္" လို႔လည္း ဆိုေပမယ့္ အထူးသံတမန္ကို ဘယ္ေတာ့ ျမန္မာႏုိင္ငံ လာခြင့္ျပဳမယ္ဆိုတာနဲ႔ ပတ္သက္ၿပီး အေသးစိတ္ မေျပာပါဘူး။

အာဆီယံအဖြဲ႔ရဲ႕ ျမန္မာ့အေရး အထူးသံတမန္အျဖစ္ ၾသဂုတ္လက ခန္႔အပ္ခံထားရတဲ့ ဘ႐ူႏုိင္း ဒုတိယႏုိင္ငံျခားေရးဝန္ႀကီး Erywan Yusof ဟာ ျမန္မာႏုိင္ငံ လာခြင့္ရဖို႔ ႀကိဳးစားေနရဆဲျဖစ္ၿပီး သူလာခြင့္ရတဲ့အခါ သက္ဆိုင္သူအားလံုးနဲ႔ ေတြ႔ဆံုခြင့္ေပးဖို႔ ေတာင္းဆိုထားတာပါ။

ျမန္မာ့အေရး ေလ့လာသံုးသပ္သူ ဦးေမာင္ေမာင္စိုးက ေဒၚေအာင္ဆန္းစုၾကည္နဲ႔ မေတြ႔ဘူးဆိုရင္ ဘာရလဒ္မွ ထြက္မွာမဟုတ္ဘူးလို႔ AFP ကို ေျပာပါတယ္။

"ႏွစ္ဖက္စလံုးက ေျပာဆိုတာကို နားေထာင္ၿပီးမွသာ ေစ့စပ္ညႇိႏိႈင္းေရး ဘယ္လိုလုပ္ႏိုင္မလဲဆိုတဲ့ ေနာက္တဆင့္ကို သူတို႔ ဆက္သြားႏုိင္မွာပါ" လို႔ ဦးေမာင္ေမာင္စိုးက ေျပာပါတယ္။

အာဆီယံ အထူးသံတမန္ ခန္႔အပ္တာကို ႀကိဳဆိုတယ္လုိ႔ စစ္ေကာင္စီက ေျပာထားၿပီး အထူးသံတမန္ရဲ႕ ျမန္မာႏုိင္ငံ ခရီးစဥ္အတြက္ ညႇိႏိႈင္းေဆြးေႏြးေနတယ္လုိ႔ ဆိုေပမယ့္ ခုခ်ိန္ထိေတာ့ အထူးသံတမန္ရဲ႕ ခရီးစဥ္နဲ႔ ပတ္သက္ၿပီး ဘာမွ ခုိင္ခိုင္မာမာ ေျပာဆိုတာ မရွိေသးပါဘူး။

အာဆီယံအဖြဲ႔က အားလံုးသေဘာတူ ခ်မွတ္ထားတဲ့ ျမန္မာ့အေရး အခ်က္ ၅ ခ်က္ကို အေကာင္အထည္ မေဖာ္ႏုိ္င္တဲ့အေပၚ စင္ကာပူနဲ႔ မေလးရွားလို အာဆီယံအဖြဲ႔ဝင္ႏုိင္ငံေတြက စိတ္ပ်က္စကား ေျပာခဲ့ဖူးပါတယ္။

တိုက္႐ိုက္ လင့္ခ္

---------------------

(Unicode)

အာဆီယံကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရဖွယ်မရှိ

အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (ASEAN) က ခန့်ထားတဲ့ မြန်မာ့အရေး အထူးသံတမန်နဲ့ အထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဖို့ ဖြစ်နိုင်ခြေမရှိတဲ့သဘောမျိုး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက AFP သတင်းဌာနကို ပြောပါတယ်။

"အမှုရင်ဆိုင်နေရသူတွေနဲ့ တွေ့ဆုံရေး ခွင့်ပြုဖို့က ခက်ပါလိမ့်မယ်" လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက AFP ကို ကြာသပတေးနေ့မှာ ပြောခဲ့တာပါ။ "တရားဝင်အဖွဲ့အစည်းတွေနဲ့ တွေ့ခွင့်ပေးပါမယ်" လို့လည်း ဆိုပေမယ့် အထူးသံတမန်ကို ဘယ်တော့ မြန်မာနိုင်ငံ လာခွင့်ပြုမယ်ဆိုတာနဲ့ ပတ်သက်ပြီး အသေးစိတ် မပြောပါဘူး။

အာဆီယံအဖွဲ့ရဲ့ မြန်မာ့အရေး အထူးသံတမန်အဖြစ် သြဂုတ်လက ခန့်အပ်ခံထားရတဲ့ ဘရူနိုင်း ဒုတိယနိုင်ငံခြားရေးဝန်ကြီး Erywan Yusof ဟာ မြန်မာနိုင်ငံ လာခွင့်ရဖို့ ကြိုးစားနေရဆဲဖြစ်ပြီး သူလာခွင့်ရတဲ့အခါ သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံခွင့်ပေးဖို့ တောင်းဆိုထားတာပါ။

မြန်မာ့အရေး လေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက ဒေါ်အောင်ဆန်းစုကြည်နဲ့ မတွေ့ဘူးဆိုရင် ဘာရလဒ်မှ ထွက်မှာမဟုတ်ဘူးလို့ AFP ကို ပြောပါတယ်။

"နှစ်ဖက်စလုံးက ပြောဆိုတာကို နားထောင်ပြီးမှသာ စေ့စပ်ညှိနှိုင်းရေး ဘယ်လိုလုပ်နိုင်မလဲဆိုတဲ့ နောက်တဆင့်ကို သူတို့ ဆက်သွားနိုင်မှာပါ" လို့ ဦးမောင်မောင်စိုးက ပြောပါတယ်။

အာဆီယံ အထူးသံတမန် ခန့်အပ်တာကို ကြိုဆိုတယ်လို့ စစ်ကောင်စီက ပြောထားပြီး အထူးသံတမန်ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွက် ညှိနှိုင်းဆွေးနွေးနေတယ်လို့ ဆိုပေမယ့် ခုချိန်ထိတော့ အထူးသံတမန်ရဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီး ဘာမှ ခိုင်ခိုင်မာမာ ပြောဆိုတာ မရှိသေးပါဘူး။

အာဆီယံအဖွဲ့က အားလုံးသဘောတူ ချမှတ်ထားတဲ့ မြန်မာ့အရေး အချက် ၅ ချက်ကို အကောင်အထည် မဖော်နိုင်တဲ့အပေါ် စင်ကာပူနဲ့ မလေးရှားလို အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက စိတ်ပျက်စကား ပြောခဲ့ဖူးပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG