သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွတ်ရက်စေ့ မြန်မာတချို့ ထိုင်းဘက်က ပြန်ပို့


17-3-22 ရက်နေ့က ရနောင်းကနေ ကော့သောင်းဘက်ကို ပြန်လည် လွှဲပြောင်းပေးလိုက်တဲ့ မြန်မာအလုပ်သမားများ တန်းစီစောင့်နေ (photo: FED)
17-3-22 ရက်နေ့က ရနောင်းကနေ ကော့သောင်းဘက်ကို ပြန်လည် လွှဲပြောင်းပေးလိုက်တဲ့ မြန်မာအလုပ်သမားများ တန်းစီစောင့်နေ (photo: FED)

[[ ZAWGYI / UNICODE ]]

လွတ်ရက်စေ့ မြန်မာတချို့ ထိုင်းဘက်က ပြန်ပို့

ထိုင်းနိုင်ငံတောင်းပိုင်းပြည်နယ် ၁၄ ခုအတွင်းမှာ အဖမ်းဆီးခံရပြီး အကျဉ်းထောင်တွေ အချုပ်တွေကနေ လွက်ရက်စေ့သွားတဲ့ မြန်မာရွှေပြောင်းအလုပ်သမား ၁၄၀ လောက်ကို ထိုင်းအာဏာပိုင်တွေက ပြည်နှင်ဒဏ်ပေးပြီး မတ်လ ၁၇ ရက်နေ့မှာ ရနောင်းကနေ ကော့သောင်းမြို့ကို ပြန်လည် လွှဲပြောင်းပေးခဲ့ပါတယ်။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ ထားပါတယ်။

လူကုန်ကူးမှု တရားမဝင် နယ်စပ်ဖြတ်ကျော်မှု အပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ထိုင်းနိုင်ငံတောင်းပိုင်း ပြည်နယ် ၁၄ ခုထဲ အဖမ်းဆီးခံရပြီး လွက်ရက်စေ့သွားတဲ့ မြန်မာရွှေပြောင်းအလုပ်သမား ၁၄၀ လောက်ကို ထိုင်းအာဏာပိုင်တွေက မတ်လ ၁၇ ရက်နေ့မှာ ပြည်နှင်ဒဏ်ပေးခဲ့တာပါ။

ဒီလို ပြည်နှင်ဒဏ်ပေးခံရသူတွေကို ရနောင်းဘက်ကနေ ကော့သောင်းဘက်ကို ပြန်လည်လွဲှပြောင်းပေးခဲ့ကြောင်း ကော့သောင်းမြိ့ပညာရေးနဲ့ ဖွံဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း ရွှေ့ပြောင်းအလုပ်သမားအရင်းမြစ်စင်တာ (MWRC)တာဝန်ခံ ဦးမိုးဝေက အခုလိုပြောပါတယ်။

" ထိုင်းနိုင်ငံ ၁၄ပြည်နယ်မှာရှိတဲ့ အကြောင်းအမျိုးမျိုးကြောင့် အဖမ်းခံရတဲ့ အလုပ်သမားတွေပေါ့လေ၊ တချို့ကလည်း ၄၅ ရက်ရှိတယ် တချို့ကလည်း ၆ လလောက် အဖမ်းခံရတဲ့သူတွေပါတယ်။ တရားမဝင် နယ်စပ်ဖြတ်ကျော်တာတွေပါတယ်။ တချို့ကလည်း အလုပ်ရှင် မတူတာ ပတ်စပို့ ဗီဇာပြတ်သွားတာ (သက်တမ်းကုန်)တွေပါတယ်။ ၁၄ ပြည်နယ်ကနေလာပြီး ရနောင်းပြည်နယ်ထဲမှာ ထိန်းသိမ်းပြီးတော့ သူတို့ကို ပြစ်ဒဏ်ပေးတာပေါ့။ ၁၇-၃-၂၂ ရက်နေ့မှာ ပြန်ပို့တယ်။ ပို့တဲ့အထဲမှာ ဟိုဘက်က လဝက တာဝန်ရှိသူတွေက ဒီဘက်ကို လွဲှပြောင်းပေးတာပေါ့။ ကော့သောင်းကလည်း ကွာရမ်တင်း စင်တာတွေ အဆင်သင့်ရှိတာနဲ့ ဒီဘက်က လက်ခံကြိုဆိုရေး စခန်းတွေကနေကြိုဆိုတယ်။ အားလုံးပေါင်းဆို ၁၃၈ ဦးပါတယ်။ ပြည်နှင်ဒဏ်ပေးလိုက်တာ။"

ရနောင်းဘက်ကနေ ပြန်ပို့လိုက်တဲ့ နေရပ်ပြန်လာတဲ့မြန်မာတွေကို မြန်မာနိုင်ငံ တနင်္သာရီတိုင်း ကော့သောင်းမြို့ရောက်တဲ့အခါမှာ ကိုဗစ်ကပ်ရောဂါပိုး ရှိမရှိ စစ်ဆေးပြီး စောင့်ကြည့်ရေးစင်တာတွေမှာ ထားပြီးမှ နေရပ်ပြန်ပို့တာတွေ လုပ်နေကြောင်းကိုလည်း ဦးမိုးဝေကပြောပါတယ်။

" အရင်တုန်းကဆိုရင် တိုင်းနဲ့ပြည်နယ်တွေကို ပြန်ပို့ပေးလိုက်တာရှိတယ်။ အခုက ကပ်ရောဂါအခြေအနေကြောင့် ကော့သောင်းမှာ ၁၀ ရက် နေရမယ်။ ရောဂါရှိရင် ၁၄ ကြာနေရမယ်။ ပြီးတော့မှ သူတို့ရဲ့နေရပ်ရင်းကို ပြန်ပို့ပေးတာပေါ့။"

ထိုင်းနိုင်ငံမှာ အကြောင်းအမျိုးမျိုးနဲ့ ပြစ်ဒဏ်ကျခံရပြီး လွတ်ရက်စေ့နေတဲ့ မြန်မာနိုင်ငံသားတွေ ထောင်နဲ့ချီ ရှိနပေမယ့် မြန်မာနိုင်ငံဘက်မှာ ကိုဗစ်ကပ်ေဘေးကာလ စောင့်ကြည့်ရေးစင်တာ မလုံလောက်တဲ့အတွက် ထိုင်းဘက်က ပြန်လွဲှပြောင်းတာကို အကန့်အသတ်နဲ့ပဲ လက်ခံနိုင်ပါတယ်။ ထိုင်းအကျဉ်းထောင်တွေ၊ အချုပ်တွေက လွတ်ရက်စေ့တဲ့ မြန်မာတွေကို မဲဆောက်၊ မြဝတီ၊ မဲဆိုင်၊ တာချီလိတ်၊ ရနောင်းကော့သောင်း လမ်းတွေကနေ ပြန်လည် လွဲှပြောင်းပေးလေ့ရှိပါတယ်။

ဒီထဲမှာတော့ မဲဆောက်မြဝတီ ချစ်ကြည်တံတား အမှတ်(၂)ကနေ အများဆုံးလွဲှပြောင်းပေးတာဖြစ်ပြီး ရနောင်းကေ့ာသောင်း ရေလမ်းကတော့ ကော့သောင်းမြို့က စောင့်ကြည်ရေးစင်တာမှာ လက်ခံနိုင်တဲ့လူဦးရေ ပမာဏကိုကြည့်ပြီး ထိုင်းဖက်ကနေ တလမှာ နှစ်ကြိမ်ခန့် လွဲှပြောင်းပေးခဲ့တာ ဖြစ်ပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

= = = = = = = = = = = = = = = = = =

{{ UNICODE }}










XS
SM
MD
LG