[[ ZAWGYI / UNICODE ]]
==========
{{ UNICODE }}
ရွေးကော်စစ်ဆေးမှု NLD နဲ့ SNLD တို့ လက်မခံရတဲ့ အကြောင်း
မြန်မာနိုင်ငံမှာ ကြီးမားတဲ့ ပါတီကြီး ၂ ခုကို အရေးယူနိုင်တယ်လို့ ရွေးကောက်ပွဲကော်မရှင်က ကွက်ပြောလိုက်တာက လက်ရှိ နိုင်ငံရေးအကျပ်အတည်းကို ပိုဆိုးစေလိမ့်မယ်လို့ တုံ့ပြန်မှုတွေရှိနေပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ရှမ်းပြည်နယ်မှာ မဲ ဒုတိယအများဆုံး ကပ်ရခဲ့တဲ့ SNLD ရှမ်းတိုင်းရင်သားများဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ အစစ်ဆေး မခံတာကြောင့် အခုလိုဖြစ်သွားနိုင်ကြောင်း ရွေးကောက်ပွဲကော်မရှင်က ပြောလာတာပါ။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦးက၊ မတ်လ ၂၇ နောက်ပိုင်း အခုလို အရေးယူနိုင်တယ်လို့ စစ်ကောင်စီ သတင်းစာရှင်းလင်းပွဲထဲ ပြောလိုက်တဲ့အပေါ် ပါတီတာဝန်ရှိသူတွေနဲ့ သုံးသပ်သူ သတင်းစာဆရာကြီးတဦးကို ကိုဝင်းမင်းက မေးမြန် တင်ပြထားတာ နားဆင်နိုင်ပါတယ်။