သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ႏုိင္ငံေရး အက်ပ္အတည္း ေဆြးေႏြးေျဖရွင္းဖုိ႔ မြန္ညီညြတ္ေရးပါတီ ဆုံးျဖတ္


မြန္ညီညြတ္ေရးပါတီကို ေထာက္ခံသူမ်ား။ (ဓာတ္ပံု - Mon Unity Party - Central - ေအာက္တိုဘာ ၁၈၊ ၂၀၂၀)

(Zawgyi/ Unicode)

လက္ရွိ အာဏာသိမ္း စစ္ေကာင္စီမွာ ကိုယ္စားလွယ္အျဖစ္ ပါဝင္ေနတဲ့ မြန္ညီညြတ္ေရးပါတီ MUP အေနနဲ႔ ၿငိမ္းခ်မ္းစြာ ေဆြးေႏြး ညိွႏွိဳင္ၿပီးေတာ့ အေျဖရွာတဲ့ နည္းလမ္းကို ဆက္လက္လုပ္ေဆာင္သြားမယ္လို႔ ပါတီညီလာခံမွာ ဆံုးျဖတ္ခဲ့ပါတယ္။ နိုင္ငံေရး အလွည့္အေျပာင္း ကာလတခုမွာ မြန္ျပည္သူေတြရဲ႕ အက်ိဳးကို ေရွ႕ရႈၿပီး ၿငိမ္းခ်မ္းစြာ ေတြ႕ဆုံေဆြးေႏြးေရး လမ္းေၾကာင္းကို ေ႐ြးခဲ့တာလို႕ မြန္ညီညြတ္ေရးပါတီ ေျပာခြင့္ရက ေျပာပါတယ္။ မြန္ညီညြတ္ေရးပါတီက စစ္တပ္ၾသဇာလႊမ္းမိုးတဲ့ နိုင္ငံေရး ပုံစံနဲ႕ သြားေနတဲ့အေပၚ ေဝဖန္မႈေတြရွိေနသလို ေတြ႕ဆုံညိွႏွိဳင္းေရး လမ္းစဥ္အေပၚ လက္ခံသူ ေတြလည္း ရွိေနတဲ့အေၾကာင္း ရန္ကုန္ကေပးပို႔တဲ့သတင္းကို ကိုရဲမြန္ တင္ျပပါမယ္။

မြန္ညီညြတ္ေရးပါတီ MUP ရဲ႕ပါတီညီလာခံကို မတ္လ ၁၈ ရက္ကေန ၂၀ ရက္ေန႕အထိ က်င္းပခဲ့ၿပီး ေရွ႕ဆက္လုပ္ငန္းစဥ္ ၅ ရပ္ကို ခ်မွတ္ခဲ့ပါတယ္။ လုပ္ငန္းစဥ္ေတြထဲမွာ မြန္ညီညြတ္ေရးပါတီအေနနဲ႕ ေဒသခံျပည္သူေတြရဲ႕အက်ိဳးကိုေရွ႕ရႈၿပီး ေတြ႕ဆုံညိွႏွိဳင္းေရး လမ္းေၾကာင္းကို ဆက္သြား မယ္လို႔ ပါတီအတြင္းေရးမွဴး နိုင္စံတင္က ဗီြအိုေအကို ေျပာပါတယ္။

“ ပဋိပကၡ ေျဖရွင္းတဲ့ ေနရာမွာ ၿငိမ္းခ်မ္းစြာ ေဆြးေႏြးညိွႏွိဳင္းၿပီးေတာ့ အေျဖရွာတဲ့ နည္းလမ္းကို ကြ်န္ေတာ္တို႕ အေနနဲ႕ ဆက္လက္ ေဆာင္ရြက္သြားမယ္။ ဘယ္အဖြဲ႕ဘဲျဖစ္ျဖစ္ ေတြ႕ဆုံညိွႏွိုင္းမႈဟာ အဓိကပါလို႕ ကြ်န္ေတာ္တို႕အၿမဲထင္တယ္။ လက္ရွိ တာဝန္ရွိတဲ့ သူေတြလည္း ကြ်န္ေတာ္တို႔ ေဆြးေႏြးဝိုင္းတိုင္းမွာ အဲတာကိုဘဲ ကြ်န္ေတာ္တို႔ တင္ျပပါတယ္။ အခု တိုင္းရင္းသား လက္နက္ကိုင္ အဖြဲ႕အစည္းေတြမွာလည္း ဒါကို ပိုလက္ခံထားတယ္။ ဒီၾကားထဲမွာေတာ့ ပဋိပကၡေတာ့ အၿမဲတမ္း ရွိေနမွာဘဲ။ လက္နက္ကိုင္ျဖစ္လာၿပီး ေနာက္ဆုံးက်ေတာ့ စားပြဲဝိုင္းကို ျပန္ေရာက္ၾကမွာဘဲ။ ကြ်န္ေတာ္တို႕ဟာ လက္နက္ ကိုင္အဖြဲ႕အစည္းမွ မဟုတ္တာ။ ေရြးေကာက္ပြဲ ဝင္ဖို႕ ပါတီဖြဲ႕စည္းထားတာဘဲ။ ေဆြးေႏြးညိွႏိႈင္းၿပီးေတာ့ အေျဖရွာတဲ့နည္း ကိုဘဲ က်င့္သုံးဖို႕လိုအပ္တယ္လို႕ ကြ်န္ေတာ္တို႕အဲတာျမင္တာပါ။ ”

မြန္ညီညြတ္ေရးပါတီ ညီလာခံမွာ ပါတီ ဗဟိုအလုပ္အမႈေဆာင္အဖြဲ႕၊ ဗဟိုေကာ္မတီ အဖြဲ႕ဝင္ေတြ အျပင္ ပါတီ ဥကၠ႒ ၊ ဒုဥကၠ႒ အပါအဝင္ အတြင္းေရးမွဴး အဖြဲ႕ကိုလည္း ေရြးခ်ယ္ခဲ့ပါတယ္။ လစ္လပ္ေနတဲ့ ဥကၠဌေနရာမွာ ဦးသိန္းစိန္ အစိုးရလက္ထက္က မြန္ျပည္နယ္အစိုးရ လၽွပ္စစ္၊ စက္မႈနဲ႔ စြမ္းအင္ဝန္ႀကီး ျဖစ္ခဲ့တဲ့ ယခင္မြန္ျပည္သစ္ပါတီ (NMSP) ဗိုလ္မွဴးႀကီးေဟာင္းတဦး ျဖစ္တဲ့ နိုင္လဝိေအာင္ ေခၚ နိုင္ျမင့္ေဆြကို ေရြးခ်ယ္ခဲ့ပါတယ္။ မြန္ညီညြတ္ေရးပါတီဟာ စစ္တပ္အာဏာသိမ္းခဲ့ၿပီးေနာက္ ဖြဲ႔စည္းတဲ့ စစ္ေကာင္စီထဲမွာ ပါဝင္ခဲ့ပါတယ္။

ဒီလို စစ္ေကာင္စီနဲ႔ ပူးေပါင္းတဲ့အတြက္ ပါတီအေပၚ ေဝဖန္မႈေတြ တိုးေနပါတယ္။ မြန္ညီညြတ္ေရးပါတီ အတြင္းေရးမွဴး နိုင္စံတင္ကေတာ့ မြန္ျပည္နယ္အတြင္း မြန္ျပည္သူေတြ ၿငိမ္းခ်မ္းဖို႕ ဒီလမ္းေၾကာင္း ကို ေရြးခ်ယ္ခဲ့တာလို႕ေျပာပါတယ္။

“နိုင္ငံေရး အလွည့္အေျပာင္းတခု ျဖစ္လာၿပီးဆိုရင္ အဲဒီ အလွည့္အေျပာင္း အေကြ႕မွာ ကြ်န္ေတာ္တို႔ မြန္ျပည္သူလူထု ေတြရယ္။ ေဒသခံျပည္သူေတြ ေအးေအးခ်မ္းခ်မ္းေနထိုင္နိုင္ဖို႔ရယ္။ သူတို႔ရဲ႕ ဘဝ ေနာ္ ၿငိမ္းခ်မ္းဖို႔ လိုအပ္ေနတဲ့အခ်ိန္မွာ ကြ်န္ေတာ္တို႕ဟာ သူတို႕အတြက္ကိုၾကည့္ၿပီးေတာ့ အက်ိဳးကိုၾကည့္ၿပီးေတာ့ ကြ်န္ေတာ္တို႕ေလွ်ာက္ေနတာပါ။ အခုေန ကြ်န္ေတာ္တို႔ ေပါင္းတာ မဟုတ္ပါဘူး။ ကြ်န္ေတာ္တို႕ကိုယ္စားလွယ္ လႊတ္တာပါ။ ဘယ္အစိုးရဘဲ တက္တက္ ကြ်န္ေတာ္တို႕ ေရြးေကာက္ခံထားရတဲ့ သူေတြဟာ ကိုယ္စားလွယ္ပါဘဲ။ အခုလည္း ကြ်န္ေတာ္တို႔ ထြက္လာတဲ ႏွစ္ ဦးဟာလည္း ပါတီရဲ႕ ကိုယ္စားလွယ္ပါဘဲ။ ဘယ္ပါတီ ဘယ္အဖြဲ႕အစည္းပဲ ကြ်န္ေတာ္တို႕ကို ေဝဖန္ ေဝဖန္ ကြ်န္ေတာ္တို႕ခံနိုင္ရည္ရွိတယ္။ ဒါ ျပည္သူအတြက္ ကိုယ္က်ိဳးအတြက္ ကြ်န္ေတာ္တို႕ၾကံ႕ၾကံ႕ခံနိုင္ပါတယ္။”

လက္ရွိမွာေတာ့ မြန္ညီညြတ္ေရးပါတီ ကိုယ္စားလွယ္ေတြ ျဖစ္တဲ့ ေဒါက္တာဗညားေအာင္မိုးနဲ႔ နိုင္လယ္တမ တို႔ဟာ စစ္ေကာင္စီရဲ့ ျပည္ေထာင္စုအဆင့္နဲ႔ ျပည္နယ္အဆင့္တို႔မွာ အဖြဲ႔ဝင္အျဖစ္ တာဝန္ ထမ္းေဆာင္ေနပါတယ္။ တိုင္းရင္းသား အခြင့္အေရးနဲ႔ ကိုက္ညီတဲ့ ေ႐ြးေကာက္ပြဲ စနစ္ ျဖစ္ေပၚလာေရး ႀကိဳးပမ္းေဆာင္႐ြက္သြားဖို႔နဲ႔ အနာဂတ္မွာ ေပၚေပါက္လာမယ့္ ဖက္ဒရယ္ျပည္ေထာင္စု ႏိုင္ငံေတာ္နဲ႔ အညီ ျပည္နယ္ဖြဲ႕စည္းပုံ အေျခခံဥပေဒ ေရးဆြဲအတည္ျပဳႏိုင္ေရးအတြက္ ဆက္လက္ ႀကိဳးပမ္းေဆာင္႐ြက္သြားမယ္လို႔ MUP ရဲ႕ ေရွ႕လုပ္ငန္းစဥ္ထဲမွာ ေဖာ္ျပထားပါတယ္။ လက္႐ွိမွာ စစ္တပ္ၾသဇာလႊမ္းမိုးတဲ့ နိုင္ငံေရးပုံစံနဲ႔ သြားေနတဲ့ အေပၚ မြန္လူမႈ အဖြဲ႕အစည္းက မြန္လူငယ္တဦးကေတာ့ ခုလိုေထာက္ျပ ကန္႔ကြက္ပါတယ္။

“ ကြ်န္ေတာ္တို႕နိုင္ငံက ဖက္ဒရယ္ ဒီမိုကေရစီနိုင္ငံ ထူေထာင္ဖို႔ လမ္းေၾကာင္းေပၚမွာ ေရာက္ေနစဥ္ အတြင္းမွာပဲ ဒီလို အာဏာသိမ္းျဖစ္လာတယ္။ အာဏာသိမ္းတဲ့ သူကလည္း စစ္တပ္အသိုင္းအဝိုင္းက ျဖစ္တယ္ဆိုေတာ့ တကယ့္ ဒီမိုကေရစီနိုင္ငံမွာ စစ္တပ္ၾသဇာလႊမ္းမိုးတဲ့ နိုင္ငံေရး ပုံစံမ်ိဳး သြားလို႔မရဘူးေလ။ သူတို႔ နိုင္ငံေရးပါတီ တခုအေနျဖင့္ ဆန္႔က်င္ဖို႔လိုတယ္လုိ႔ ကြ်န္ေတာ္ျမင္တယ္။ ”

မြန္တုိင္းရင္းသား ေဒသခံ ေနာက္တေယာက္ကေတာ့ မြန္ညီညြတ္ေရး ပါတီရဲ႕ ေတြ႕ဆုံညိွႏွိဳင္းေရး လမ္းစဥ္အေပၚ သူ႔အျမင္ကို ခုလိုေျပာပါတယ္။

“ ကြ်န္ေတာ္တို႔ အရင္တုန္းက ဒုကၡခံခဲ့တယ္ေပါ့ေနာ္။ ဒုကၡခံခဲ့တယ္။ မြန္ျပည္သူေတြအေနနဲ႕။ သူတို႔ လက္နက္ကိုင္ လမ္းစဥ္နဲ႔ သြားမယ္ဆိုလို႔ ရွိရင္ ျပည္သူလူထုကလည္း အိုးအိမ္ေတြပ်က္စီးမယ္။ စီးပြါးေရးလည္း ဆုံးရံႈးမယ္။ အခုေတြ႔ဆုံ ေဆြးေႏြးပြဲအေနနဲ႕ စကားဝို္င္းအေနနဲ႔ သြားေျပာျဖစ္မယ္ဆိုရင္ေတာ့ ပိုၿပီးေတာ့ ကိုက္ညီတယ္ေပါ့ေနာ္။ ျပည္သူတေယာက္ အေနနဲ႔ေတာ့ ဝမ္းသာတာေပါ့။ ႀကိဳဆိုတယ္ေပါ့။”

မြန္လက္နက္ကိုင္ အဖြဲ႕အစည္းတခုျဖစ္တဲ့ မြန္ျပည္သစ္ပါတီကလည္း လက္ရွိ နိုင္ငံေရးအခင္းအက်င္းအရ နိုင္ငံေရး ျပႆနာကို နိုင္ငံေရးနည္းလမ္းျဖင့္ ေျဖရွင္းနိုင္ဖို႕ အျမင္သေဘာထားရွိေနၿပီး စစ္ေကာင္စီကို လက္နက္ကိုင္တိုက္ဖို႕ သေဘာထား မရွိေသးတဲ့ အေျခအေနမွာ ရွိေနပါတယ္။ ျမန္မာႏိုင္ငံ တခ်ဳိ႕ေဒသေတြမွာ စစ္ေကာင္စီတပ္ေတြနဲ႔ ျပည္သူ႔ကာကြယ္ေရးတပ္ေတြ တိုက္ပဲြေတြျဖစ္ေနေပမဲ့ မြန္ျပည္နယ္ထဲမွာေတာ့ လက္႐ွိအေျခအေနမွာ စစ္ေရးပဋိပကၡေတြ မ႐ွိဘဲ ၿငိမ္းခ်မ္းေနပါတယ္။

မြန္ညီညြတ္ေရးပါတီဟာ ကြဲျပားေနတဲ့ မြန္နိုင္ငံေရးပါတီေတြ၊ မြန္နိုင္ငံေရး အင္အားစုေတြ၊ မြန္လူမႈအဖြဲ႕အစည္းေတြနဲ႔ ၿပီးခဲ့တဲ့ ၂၀၁၉ ခုႏွစ္မွာ ေပါင္းစည္းလိုက္ၾကၿပီး မြန္ညီညြတ္ေရးပါတီ MUP ကို ထူေထာင္ခဲ့တာျဖစ္ပါတယ္။ ၂၀၂၀ ျပည့္ႏွစ္ အေထြေထြေရြးေကာက္ပြဲမွာ လႊတ္ေတာ္ကိုယ္စားလွယ္ေနရာ (၁၂) ေနရာ အနိုင္ရရွိထားၿပီး မြန္ျပည္နယ္မွာ အမ်ိဳးသား ဒီမိုကေရစီအဖြဲ႔ခ်ဳပ္ NLD ၿပီးရင္ ဒုတိယအမ်ားဆုံး အနိုင္ရရွိထားတဲ့ ပါတီျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

နိုင်ငံရေးအကျပ်အတည်း ဆွေးနွေးဖြေရှင်းဖို့ မွန်ညီညွတ်ရေးပါတီဆုံးဖြတ်

လက်ရှိ အာဏာသိမ်း စစ်ကောင်စီမှာ ကိုယ်စားလှယ်အဖြစ် ပါဝင်နေတဲ့ မွန်ညီညွတ်ရေးပါတီ MUP အနေနဲ့ ငြိမ်းချမ်းစွာ ဆွေးနွေး ညှိနှိုင်ပြီးတော့ အဖြေရှာတဲ့ နည်းလမ်းကို ဆက်လက် လုပ်ဆောင်သွားမယ်လို့ ပါတီညီလာခံမှာ ဆုံးဖြတ်ခဲ့ပါတယ်။ နိုင်ငံရေး အလှည့်အပြောင်း ကာလတခုမှာ မွန်ပြည်သူတွေရဲ့ အကျိုးကို ရှေ့ရှုပြီး ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းကို ရွေးခဲ့တာလို့ မွန်ညီညွတ်ရေးပါတီ ပြောခွင့်ရက ပြောပါတယ်။ မွန်ညီညွတ်ရေးပါတီက စစ်တပ်သြဇာလွှမ်းမိုးတဲ့ နိုင်ငံရေး ပုံစံနဲ့ သွားနေတဲ့အပေါ် ဝေဖန်မှုတွေရှိနေသလို တွေ့ဆုံညှိနှိုင်းရေး လမ်းစဉ်အပေါ် လက်ခံသူ တွေလည်း ရှိနေတဲ့အကြောင်း ရန်ကုန်ကပေးပို့တဲ့သတင်းကို ကိုရဲမွန် တင်ပြပါမယ်။

မွန်ညီညွတ်ရေးပါတီ MUP ရဲ့ပါတီညီလာခံကို မတ်လ ၁၈ ရက်ကနေ ၂၀ ရက်နေ့အထိ ကျင်းပခဲ့ပြီး ရှေ့ဆက်လုပ်ငန်းစဉ် ၅ ရပ်ကို ချမှတ်ခဲ့ပါတယ်။ လုပ်ငန်းစဉ်တွေထဲမှာ မွန်ညီညွတ်ရေးပါတီအနေနဲ့ ဒေသခံပြည်သူတွေရဲ့အကျိုးကိုရှေ့ရှုပြီး တွေ့ဆုံညှိနှိုင်းရေး လမ်းကြောင်းကို ဆက်သွား မယ်လို့ ပါတီအတွင်းရေးမှူး နိုင်စံတင်က ဗွီအိုအေကို ပြောပါတယ်။

“ ပဋိပက္ခ ဖြေရှင်းတဲ့ နေရာမှာ ငြိမ်းချမ်းစွာ ဆွေးနွေးညှိနှိုင်းပြီးတော့ အဖြေရှာတဲ့ နည်းလမ်းကို ကျွန်တော်တို့ အနေနဲ့ ဆက်လက် ဆောင်ရွက်သွားမယ်။ ဘယ်အဖွဲ့ဘဲဖြစ်ဖြစ် တွေ့ဆုံညှိနှိုင်းမှုဟာ အဓိကပါလို့ ကျွန်တော်တို့အမြဲထင်တယ်။ လက်ရှိ တာဝန်ရှိတဲ့ သူတွေလည်း ကျွန်တော်တို့ ဆွေးနွေးဝိုင်းတိုင်းမှာ အဲတာကိုဘဲ ကျွန်တော်တို့ တင်ပြပါတယ်။ အခု တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေမှာလည်း ဒါကို ပိုလက်ခံထားတယ်။ ဒီကြားထဲမှာတော့ ပဋိပက္ခတော့ အမြဲတမ်း ရှိနေမှာဘဲ။ လက်နက်ကိုင်ဖြစ်လာပြီး နောက်ဆုံးကျတော့ စားပွဲဝိုင်းကို ပြန်ရောက်ကြမှာဘဲ။ ကျွန်တော်တို့ဟာ လက်နက် ကိုင်အဖွဲ့အစည်းမှ မဟုတ်တာ။ ရွေးကောက်ပွဲ ဝင်ဖို့ ပါတီဖွဲ့စည်းထားတာဘဲ။ ဆွေးနွေးညှိနှိုင်းပြီးတော့ အဖြေရှာတဲ့နည်း ကိုဘဲ ကျင့်သုံးဖို့လိုအပ်တယ်လို့ ကျွန်တော်တို့အဲတာမြင်တာပါ။ ”

မွန်ညီညွတ်ရေးပါတီ ညီလာခံမှာ ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့၊ ဗဟိုကော်မတီ အဖွဲ့ဝင်တွေ အပြင် ပါတီ ဥက္ကဋ္ဌ ၊ ဒုဥက္ကဋ္ဌ အပါအဝင် အတွင်းရေးမှူး အဖွဲ့ကိုလည်း ရွေးချယ်ခဲ့ပါတယ်။ လစ်လပ်နေတဲ့ ဥက္ကဌနေရာမှာ ဦးသိန်းစိန် အစိုးရလက်ထက်က မွန်ပြည်နယ်အစိုးရ လျှပ်စစ်၊ စက်မှုနဲ့ စွမ်းအင်ဝန်ကြီး ဖြစ်ခဲ့တဲ့ ယခင်မွန်ပြည်သစ်ပါတီ (NMSP) ဗိုလ်မှူးကြီးဟောင်းတဦး ဖြစ်တဲ့ နိုင်လဝိအောင် ခေါ် နိုင်မြင့်ဆွေကို ရွေးချယ်ခဲ့ပါတယ်။ မွန်ညီညွတ်ရေးပါတီဟာ စစ်တပ်အာဏာသိမ်းခဲ့ပြီးနောက် ဖွဲ့စည်းတဲ့ စစ်ကောင်စီထဲမှာ ပါဝင်ခဲ့ပါတယ်။
ဒီလို စစ်ကောင်စီနဲ့ ပူးပေါင်းတဲ့အတွက် ပါတီအပေါ် ဝေဖန်မှုတွေ တိုးနေပါတယ်။ မွန်ညီညွတ်ရေးပါတီ အတွင်းရေးမှူး နိုင်စံတင်ကတော့ မွန်ပြည်နယ်အတွင်း မွန်ပြည်သူတွေ ငြိမ်းချမ်းဖို့ ဒီလမ်းကြောင်း ကို ရွေးချယ်ခဲ့တာလို့ပြောပါတယ်။

“နိုင်ငံရေး အလှည့်အပြောင်းတခု ဖြစ်လာပြီးဆိုရင် အဲဒီ အလှည့်အပြောင်း အကွေ့မှာ ကျွန်တော်တို့ မွန်ပြည်သူလူထု တွေရယ်။ ဒေသခံပြည်သူတွေ အေးအေးချမ်းချမ်းနေထိုင်နိုင်ဖို့ရယ်။ သူတို့ရဲ့ ဘဝ နော် ငြိမ်းချမ်းဖို့ လိုအပ်နေတဲ့အချိန်မှာ ကျွန်တော်တို့ဟာ သူတို့အတွက်ကိုကြည့်ပြီးတော့ အကျိုးကိုကြည့်ပြီးတော့ ကျွန်တော်တို့လျှောက်နေတာပါ။ အခုနေ ကျွန်တော်တို့ ပေါင်းတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ကိုယ်စားလှယ် လွှတ်တာပါ။ ဘယ်အစိုးရဘဲ တက်တက် ကျွန်တော်တို့ ရွေးကောက်ခံထားရတဲ့ သူတွေဟာ ကိုယ်စားလှယ်ပါဘဲ။ အခုလည်း ကျွန်တော်တို့ ထွက်လာတဲ နှစ် ဦးဟာလည်း ပါတီရဲ့ ကိုယ်စားလှယ်ပါဘဲ။ ဘယ်ပါတီ ဘယ်အဖွဲ့အစည်းပဲ ကျွန်တော်တို့ကို ဝေဖန် ဝေဖန် ကျွန်တော်တို့ခံနိုင်ရည်ရှိတယ်။ ဒါ ပြည်သူအတွက် ကိုယ်ကျိုးအတွက် ကျွန်တော်တို့ကြံ့ကြံ့ခံနိုင်ပါတယ်။”

လက်ရှိမှာတော့ မွန်ညီညွတ်ရေးပါတီ ကိုယ်စားလှယ်တွေ ဖြစ်တဲ့ ဒေါက်တာဗညားအောင်မိုးနဲ့ နိုင်လယ်တမ တို့ဟာ စစ်ကောင်စီရဲ့ ပြည်ထောင်စုအဆင့်နဲ့ ပြည်နယ်အဆင့်တို့မှာ အဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်နေပါတယ်။ တိုင်းရင်းသား အခွင့်အရေးနဲ့ ကိုက်ညီတဲ့ ရွေးကောက်ပွဲ စနစ် ဖြစ်ပေါ်လာရေး ကြိုးပမ်းဆောင်ရွက်သွားဖို့နဲ့ အနာဂတ်မှာ ပေါ်ပေါက်လာမယ့် ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတော်နဲ့ အညီ ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲအတည်ပြုနိုင်ရေးအတွက် ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ MUP ရဲ့ ရှေ့လုပ်ငန်းစဉ်ထဲမှာ ဖော်ပြထားပါတယ်။ လက်ရှိမှာ စစ်တပ်သြဇာလွှမ်းမိုးတဲ့ နိုင်ငံရေးပုံစံနဲ့ သွားနေတဲ့ အပေါ် မွန်လူမှု အဖွဲ့အစည်းက မွန်လူငယ်တဦးကတော့ ခုလိုထောက်ပြ ကန့်ကွက်ပါတယ်။

“ ကျွန်တော်တို့နိုင်ငံက ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံ ထူထောင်ဖို့ လမ်းကြောင်းပေါ်မှာ ရောက်နေစဉ် အတွင်းမှာပဲ ဒီလို အာဏာသိမ်းဖြစ်လာတယ်။ အာဏာသိမ်းတဲ့ သူကလည်း စစ်တပ်အသိုင်းအဝိုင်းက ဖြစ်တယ်ဆိုတော့ တကယ့် ဒီမိုကရေစီနိုင်ငံမှာ စစ်တပ်သြဇာလွှမ်းမိုးတဲ့ နိုင်ငံရေး ပုံစံမျိုး သွားလို့မရဘူးလေ။ သူတို့ နိုင်ငံရေးပါတီ တခုအနေဖြင့် ဆန့်ကျင်ဖို့လိုတယ်လို့ ကျွန်တော်မြင်တယ်။ ”

မွန်တိုင်းရင်းသား ဒေသခံ နောက်တယောက်ကတော့ မွန်ညီညွတ်ရေး ပါတီရဲ့ တွေ့ဆုံညှိနှိုင်းရေး လမ်းစဉ်အပေါ် သူ့အမြင်ကို ခုလိုပြောပါတယ်။

“ ကျွန်တော်တို့ အရင်တုန်းက ဒုက္ခခံခဲ့တယ်ပေါ့နော်။ ဒုက္ခခံခဲ့တယ်။ မွန်ပြည်သူတွေအနေနဲ့။ သူတို့ လက်နက်ကိုင် လမ်းစဉ်နဲ့ သွားမယ်ဆိုလို့ ရှိရင် ပြည်သူလူထုကလည်း အိုးအိမ်တွေပျက်စီးမယ်။ စီးပွါးရေးလည်း ဆုံးရှုံးမယ်။ အခုတွေ့ဆုံ ဆွေးနွေးပွဲအနေနဲ့ စကားဝိုင်းအနေနဲ့ သွားပြောဖြစ်မယ်ဆိုရင်တော့ ပိုပြီးတော့ ကိုက်ညီတယ်ပေါ့နော်။ ပြည်သူတယောက် အနေနဲ့တော့ ဝမ်းသာတာပေါ့။ ကြိုဆိုတယ်ပေါ့။ ”

မွန်လက်နက်ကိုင် အဖွဲ့အစည်းတခုဖြစ်တဲ့ မွန်ပြည်သစ်ပါတီကလည်း လက်ရှိ နိုင်ငံရေးအခင်းအကျင်းအရ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းနိုင်ဖို့ အမြင်သဘောထားရှိနေပြီး စစ်ကောင်စီကို လက်နက်ကိုင်တိုက်ဖို့ သဘောထား မရှိသေးတဲ့ အခြေအနေမှာ ရှိနေပါတယ်။ မြန်မာနိုင်ငံ တချို့ဒေသတွေမှာ စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ပွဲတွေဖြစ်နေပေမဲ့ မွန်ပြည်နယ်ထဲမှာတော့ လက်ရှိအခြေအနေမှာ စစ်ရေးပဋိပက္ခတွေ မရှိဘဲ ငြိမ်းချမ်းနေပါတယ်။

မွန်ညီညွတ်ရေးပါတီဟာ ကွဲပြားနေတဲ့ မွန်နိုင်ငံရေးပါတီတွေ၊ မွန်နိုင်ငံရေး အင်အားစုတွေ၊ မွန်လူမှုအဖွဲ့အစည်းတွေနဲ့ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်မှာ ပေါင်းစည်းလိုက်ကြပြီး မွန်ညီညွတ်ရေးပါတီ MUP ကို ထူထောင်ခဲ့တာဖြစ်ပါတယ်။ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ လွှတ်တော်ကိုယ်စားလှယ်နေရာ (၁၂) နေရာ အနိုင်ရရှိထားပြီး မွန်ပြည်နယ်မှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပြီးရင် ဒုတိယအများဆုံး အနိုင်ရရှိထားတဲ့ ပါတီဖြစ်ပါတယ်။

XS
SM
MD
LG