သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တယ်လီနောကုမ္ပဏီ အပြီးသတ် လွဲှပြောင်းရောင်းချ


မကွေးမှာ တယ်လီနော ကုမ္ပဏီက စည်းရုံး ပုံဖေါ်ခဲ့တဲ့ မြန်မာပြည်မြေပုံ (February 12, 2018)
မကွေးမှာ တယ်လီနော ကုမ္ပဏီက စည်းရုံး ပုံဖေါ်ခဲ့တဲ့ မြန်မာပြည်မြေပုံ (February 12, 2018)

[[ ZAWGYI / UNICODE ]]

တယ်လီနောကုမ္ပဏီ အပြီးသတ် လွဲှပြောင်းရောင်းချ

နော်ဝေပိုင် တယ်လီနော ကုမ္ပဏီဟာ မြန်မာနိုင်ငံမှာရှိတဲ့ သူ့ရဲ့လုပ်ငန်းတွေ ရောင်းချမှုအတွက် နောက်ဆုံးအဆင့် လုပ်ဆောင်ပြီးပြီလို့ သောကြာနေ့မှာ ပြောဆိုလိုက်ပါတယ်။

တယ်လီနော လက်လွဲှရောင်းချဖို့အတွက် လအတန်ကြာစောင့်ဆိုင်းခဲ့ရပြီးနောက် မတ်လ ၁၈ ရက်နေ့တုန်းက ရောင်းချမှုကို အာဏာသိမ်း စစ်ကောင်စီက အတည်ပြုပေးခဲ့ပါတယ်။

လစ်ဘနွန်နိုင်ငံ M1 Group က ၂၀ % ၊ မြန်မာရွှေဗျိုင်းဖြူကုမ္ပဏီက ၈၀ % ပိုင်ဆိုင်မှုနဲ့ လက်လွဲှ ဝယ်ယူမှာဖြစ်ပါတယ်။ အရောင်းအဝယ် သဘောတူစာချုပ်အရ တယ်လီနောကုမ္ပဏီက အမေရိကန် ဒေါ်လာသန်း ၅၀ ကို လက်ငင်းရမှာဖြစ်ပြီး၊ ကျန်ဒေါ်လာ ၅၅ သန်းကို ၅ နှစ်အတွင်းအရစ်ကျ ရရှိမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံက ထွက်ခွါခဲ့တဲ့အတွက်၊ လာမယ့် ဒုတိယဘဏ္ဍာရေး ၃ လပတ်မှာ ကုမ္ပဏီအတွက် ဝင်ငွေဒေါ်လာ သန်း ၈၀၀ ကျော် ထိခိုက်မှာဖြစ်ပါတယ်။ တယ်လီနော ဆက်သွယ်ရေးလုပ်ငန်း အသုံးပြုသူ ၁၈ သန်းကျော်ရှိတဲ့ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ်ထဲ စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက် အများပြည်သူရဲ့ သတင်းအချက်အလက်တွေကို ကြားဖြတ် ထောက်လှမ်းဖို့ အာဏာသိမ်း စစ်ကောင်စီက ဖိအားပေး စေခိုင်းခဲ့ကြောင်း ပြီးခဲ့တဲ့နှစ် စက်တင်ဘာလမှာ တယ်လီနောက ပြောဆိုခဲ့ပါတယ်။

တယ်လီနောက အခုလို လက်လွဲရောင်းချခဲ့တဲ့အတွက် သန်းပေါင်းများစွာသော ပြည်သူတွေရဲ့အချက်အလက်တွေကို စစ်ကောင်စီလက်ထဲ ရောက်သွားလိမ့်မယ်ဆိုပြီး နော်ဝေနိုင်ငံမှာ တိုင်ကြားထားပါတယ်။

တိုက်ရိုက် လင့်ခ်

= = = = = = =

{{ UNICODE }}







XS
SM
MD
LG