သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

 မြန်မာနိုင်ငံက ထွက်ခွာပြီး Telenor အမြတ်ငွေ ကျဆင်း


Telenor Telecommunication company
Telenor Telecommunication company

မြန်မာနိုင်ငံက ထွက်ခွာပြီး Telenor အမြတ်ငွေ ကျဆင်း

{{Zawgyi/Unicode}}


Telenor ဆက်သွယ်ရေး ကုမ္ပဏီဟာ ၂၀၂၁ ခုနှစ်အတွင်း ကုမ္ပဏီရဲ့အမြတ်ငွေ ပမာဏ အကြီးအကျယ် ကျဆင်းသွားရတာဟာ စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံကနေ ထွက်ခွါခဲ့တာဟာ အဓိကအကြောင်းအရင်းတရပ်ဖြစ်တယ်လို့ ကုမ္ပဏီက ဗုဒ္ဓဟူးနေ့မှ ာထုတ်ပြန်ကြေညာပါတယ်။

၂၀၂၀ ခုနှစ်က ကုမ္ပဏီရဲ့အသားတင်အမြတ်ငွေဟာ နော်ဝေ ခရိုနာ ၁၇ ဒဿမ ၃ ဘီလီယံ(အမေရိကန်ဒေါ်လာ ၂ ဘီလီယံနီးပါး) ရှိခဲ့ရာကနေ၊ ၂၀၂၁ ခုနှစ်မှာ ခရိုနာ ၁ ဒဿမ ၅ ဘီလီယံ (အမေရိကန်ဒေါ်လာ သန်း ၁၇၀) လောက်ကို လျောကျသွားခဲ့ပါတယ်။

ဒီလိုအမြတ်ငွေကျဆင်းမှုရဲ့တဝက်လောက်ဟာ မြန်မာနိုင်ငံမှာလုပ်ကိုင်ခဲ့တဲ့ Telenor မြန်မာရဲ့အမြတ်ငွေကျဆင်းသွားမှုကြောင့်ဖြစ်ပြီး ကျန်တဲ့တဝက်ကတော့ ပစ္စည်းကရိယာတွေနဲ့ အတိုးနှုန်းကွာခြားမှုတွေကြောင့်ဖြစ်တယ်လို့ဆိုပါတယ်။

မြန်မာနိုင်ငံက Telenor လုပ်ငန်းတွေကို လစ်ဘနွန်နိုင်ငံက M1 အုပ်စုကိုရောင်းချမယ်လို့ Telenor ကပြီးခဲ့တဲ့ ဇူလိုင်လက ကြေညာခဲ့ပါတယ်။ ဒါပေမယ့်မြန်မာနိုင်ငံက လုပ်ထုံးလုပ်နည်းဥပဒေတွေအရ နောက်ဆုံးအတည်ပြုချက်ကို စောင့်ဆိုင်း နေရပါတယ်။

စောင့်ဆိုင်းနေရတာ အချိန်အတော်ကြာပြီဖြစ်ကြောင်းနဲ့ ဘယ်လိုရလဒ်မျိုးထွက်လာမယ်ကို မသိသေးကြောင်း ကုမ္ပဏီရဲ့ အမှုဆောင် အကြီးအကဲ Sigve Brekke ကပြောဆိုပါတယ်။

မြန်မာနိုင်ငံက Telenor ကို လစ်ဘနွန်က M1 အုပ်စုကိုရောင်းချလိုက်ရင် မြန်မာစစ်တပ်နဲ့ ပိုမိုနီးစပ်တဲ့ ကုမ္ပဏီလက်ထဲကို ရောက်သွားနိုင်တယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေ က ဝေဖန်ပြောဆိုတာတွေရှိပါတယ်။ ပြီးခဲ့တဲ့စက်တင်ဘာလထဲကတော့ တယ်လီဖုန်းဆက်သွယ်ရေးတွေကို စောင့်ကြည့်စစ်ဆေးနိုင်တဲ့ ကရိယာတွေ တပ်ဆင်ဖို့ မြန်မာစစ်ကောင်စီက တောင်းဆိုခဲ့တယ်လို့ Telenor ကပြောဆိုခဲ့ပါတယ်။

..................................................

တိုက်ရိုက် လင့်ခ်


{{Zawgyi/Unicode}}






XS
SM
MD
LG