(Zawgyi / Unicode)
ျမန္မာကုမၸဏီတခုက အနည္းဆုံး တပုိင္းေတာ့ ပိုင္ဆိုင္မႈပါရွိရမယ္လို႔ စစ္ေကာင္စီက ေတာင္းဆိုတဲ့အတြက္ တယ္လီေနာရဲ႕ ကုမၸဏီေရာင္းခ်ေရး အစီအစဥ္က ေရွ႕ဆက္မရ ျဖစ္ေနပါတယ္။
လက္ဘႏြန္ စီးပြားေရးအုပ္စု M1 ကို ေဒၚလာ ၁၀၅ သန္းနဲ႔ တယ္လီဖုန္း ဆက္သြယ္ေရး လုပ္ငန္းကို ေရာင္းခ်မယ္လို႔ တယ္လီေနာက ဇူလိုင္လမွာ ေၾကညာခဲ့တာပါ။
ၾကားျဖတ္ ဖမ္းယူနားေထာင္ႏုိင္တာ အပါအဝင္ ေထာက္လွမ္းေရး နည္းပညာကို တပ္ဆင္ရမယ္လို႔ တယ္လီဆက္သြယ္ေရးလုပ္ငန္းေတြကို ၫႊန္ၾကားခဲ့တဲ့အျပင္ တယ္လီေနာကုမၸဏီရဲ႕ ႏိုင္ငံျခားသား အႀကီးအကဲတေယာက္ကို ျမန္မာႏိုင္ငံက ထြက္ခြာခြင့္ ပိတ္ပင္ခဲ့ၿပီးတဲ့ေနာက္ တယ္လီေနာအတြက္ အခက္ေတြ ႀကဳံေနရတာ ျဖစ္ပါတယ္။
အဲဒီ ေထာက္လွမ္းေရးနည္းပညာကို တပ္ဆင္ဖို႔ အာဏာမသိမ္းမီ လမ်ားစြာကတည္းက ဆက္သြယ္ေရးလုပ္ငန္းေတြကို ၫႊန္ၾကားခဲ့တာျဖစ္ၿပီး ျပည္သူေတြ ေျပာသမွ်ကို စစ္တပ္က ၾကားျဖတ္နားဆင္ ဖမ္းယူထားႏိုင္မွာ ျဖစ္ပါတယ္။
M1 ဟာ ရင္းႏွီးျမႇဳပ္ႏွံမႈ ကုမၸဏီတခုျဖစ္ၿပီး လက္ဘႏြန္ဝန္ႀကီးခ်ဳပ္ Najib Mikati ရဲ႕ မိသားစုက ပိုင္ဆိုင္ပါတယ္။
စက္သုံးဆီနဲ႔ ေက်ာက္မ်က္လုပ္ငန္းေတြကို လုပ္ကိုင္ေနတဲ့ ေရႊဗ်ိဳင္းျဖဴ လုပ္ငန္းစုနဲ႔ M1 ကုမၸဏီတို႔ စကားေျပာေနၾကတယ္လို႔ ႐ိုက္တာသတင္းဌာနက ဆိုပါတယ္။ ေရႊဗ်ဳိင္းျဖဴ လုပ္ငန္းစုရဲ႕ ဥကၠ႒ ဦးသိန္းဝင္းေဇာ္ဟာ မဟာ႐ိုးမ အမ်ားပိုင္ကုမၸဏီရဲ႕ ဒါ႐ိုက္တာတေယာက္ ျဖစ္ပါတယ္။ မဟာ႐ိုးမဟာ Mytel ဆက္သြယ္ေရးလုပ္ငန္းမွာ အစုပါဝင္တဲ့ လုပ္ငန္းအုပ္စုတစုရဲ႕ အဖြဲ႔ဝင္ျဖစ္တယ္လို႔ ႐ိုက္တာသတင္းက ေျပာပါတယ္။
ျမန္မာႏုိင္ငံက ထြက္ခြာရတာဟာ ဥေရာပသမဂၢရဲ႕ ပိတ္ဆို႔ အေရးယူလာမယ့္ အေရးေၾကာင့္ ျဖစ္တယ္လို႔ ေနာ္ေဝႏိုင္ငံအေျခစိုက္ တယ္လီေနာကုမၸဏီက စက္တင္ဘာလက ေျပာပါတယ္။
---------------------
(Unicode)
မြန်မာတယ်လီနောကုမ္ပဏီ ရောင်းချရေး ကြန့်ကြာမှု ဖြစ်နေ
မြန်မာကုမ္ပဏီတခုက အနည်းဆုံး တပိုင်းတော့ ပိုင်ဆိုင်မှုပါရှိရမယ်လို့ စစ်ကောင်စီက တောင်းဆိုတဲ့အတွက် တယ်လီနောရဲ့ ကုမ္ပဏီရောင်းချရေး အစီအစဉ်က ရှေ့ဆက်မရ ဖြစ်နေပါတယ်။
လက်ဘနွန် စီးပွားရေးအုပ်စု M1 ကို ဒေါ်လာ ၁၀၅ သန်းနဲ့ တယ်လီဖုန်း ဆက်သွယ်ရေး လုပ်ငန်းကို ရောင်းချမယ်လို့ တယ်လီနောက ဇူလိုင်လမှာ ကြေညာခဲ့တာပါ။
ကြားဖြတ် ဖမ်းယူနားထောင်နိုင်တာ အပါအဝင် ထောက်လှမ်းရေး နည်းပညာကို တပ်ဆင်ရမယ်လို့ တယ်လီဆက်သွယ်ရေးလုပ်ငန်းတွေကို ညွှန်ကြားခဲ့တဲ့အပြင် တယ်လီနောကုမ္ပဏီရဲ့ နိုင်ငံခြားသား အကြီးအကဲတယောက်ကို မြန်မာနိုင်ငံက ထွက်ခွာခွင့် ပိတ်ပင်ခဲ့ပြီးတဲ့နောက် တယ်လီနောအတွက် အခက်တွေ ကြုံနေရတာ ဖြစ်ပါတယ်။
အဲဒီ ထောက်လှမ်းရေးနည်းပညာကို တပ်ဆင်ဖို့ အာဏာမသိမ်းမီ လများစွာကတည်းက ဆက်သွယ်ရေးလုပ်ငန်းတွေကို ညွှန်ကြားခဲ့တာဖြစ်ပြီး ပြည်သူတွေ ပြောသမျှကို စစ်တပ်က ကြားဖြတ်နားဆင် ဖမ်းယူထားနိုင်မှာ ဖြစ်ပါတယ်။
M1 ဟာ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီတခုဖြစ်ပြီး လက်ဘနွန်ဝန်ကြီးချုပ် Najib Mikati ရဲ့ မိသားစုက ပိုင်ဆိုင်ပါတယ်။
စက်သုံးဆီနဲ့ ကျောက်မျက်လုပ်ငန်းတွေကို လုပ်ကိုင်နေတဲ့ ရွှေဗျိုင်းဖြူ လုပ်ငန်းစုနဲ့ M1 ကုမ္ပဏီတို့ စကားပြောနေကြတယ်လို့ ရိုက်တာသတင်းဌာနက ဆိုပါတယ်။ ရွှေဗျိုင်းဖြူ လုပ်ငန်းစုရဲ့ ဥက္ကဋ္ဌ ဦးသိန်းဝင်းဇော်ဟာ မဟာရိုးမ အများပိုင်ကုမ္ပဏီရဲ့ ဒါရိုက်တာတယောက် ဖြစ်ပါတယ်။ မဟာရိုးမဟာ Mytel ဆက်သွယ်ရေးလုပ်ငန်းမှာ အစုပါဝင်တဲ့ လုပ်ငန်းအုပ်စုတစုရဲ့ အဖွဲ့ဝင်ဖြစ်တယ်လို့ ရိုက်တာသတင်းက ပြောပါတယ်။
မြန်မာနိုင်ငံက ထွက်ခွာရတာဟာ ဥရောပသမဂ္ဂရဲ့ ပိတ်ဆို့ အရေးယူလာမယ့် အရေးကြောင့် ဖြစ်တယ်လို့ နော်ဝေနိုင်ငံအခြေစိုက် တယ်လီနောကုမ္ပဏီက စက်တင်ဘာလက ပြောပါတယ်။