သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

တယ္လီေနာ ကုမၸဏီ ေရာင္းခ်မယ့္ အစီအစဥ္ ကန္႔ကြက္မႈနဲ႔ၾကံဳ 


Myanmar Telenor


တယ္လီေနာ ကုမၸဏီ ေရာင္းခ်မယ့္ အစီအစဥ္ ကန္႔ကြက္မႈနဲ႔ၾကံဳ

{{Zawgyi/Unicode}}
ေနာ္ေဝ အေျခစုိက္ တယ္လီိေနာ့ ဆက္သြယ္ေရးကုမၸဏီအေနနဲ႔ ျမန္မာႏုိင္ငံက လုပ္ငန္းေတြကုိေရာင္းခ်မယ့္ အစီအစဥ္ဟာ ပုဂၢိဳလ္ေရး လ်ိဳ ႔ဝွက္အခ်က္အလက္ေတြ ေပါက္ၾကားႏုိင္တဲ့ အႏၱယ္ရွိႏုိင္တယ္လုိ႔ သုံးစဲြသူျမန္မာႏုိင္ငံသားတဦးက ေနာ္ေဝအခ်က္အလက္မ်ား ထိန္းသိမ္းကာကြယ္ေရး အာဏာပုိင္ဌာနကုိ တုိင္ၾကားလုိက္ေၾကာင္း သူ့ရဲ့ေရွ့ေနေတြက အဂၤါေန႔မွာေျပာဆုိလုိက္ပါတယ္။

ျမန္မာႏုိင္ငံမွာ စစ္တပ္ကအာဏာသိမ္းၿပီးေနာက္ အဓိကတယ္လီဖုန္းနဲ႔ဆက္သြယ္ေရး ကုမၸဏီျဖစ္တဲ့ တယ္လီေနာ့ ဟာ ျမန္မာႏုိင္ငံက သူရဲ့လုပ္ငန္းေတြကုိ လစ္ဘႏြန္ႏုိင္ငံအေျခစိုက္ M1 ကုမၸဏီကုိေရာင္းခ်မယ္လုိ႔ ျပီးခဲ့တဲ့ႏွစ္ထဲက ေၾကညာခဲ့ၿပီး ျမန္မာႏုိင္ငံရဲ့ လုပ္ထုံးလုပ္နည္းအမ်ားအရ ေနာက္ဆုံးအဆင့္ကုိ ေစာင့္ဆုိင္းေနတယ္လုိ႔သာ သိရၿပီး အေျခအေနေတြကုိ ရွင္းရွင္းလင္းလင္းေတာ့ မသိရေသးပါဘူး။

အခုလုိေရာင္းခ်ခဲ့မယ္ဆုိရင္ သုံးစဲြသူေတြရဲ့အေရးႀကီးတဲ့ အခ်က္အလက္ေတြကုိ လဲႊေျပာင္းေပးႏုိင္တဲ့အႏၱရယ္ရွိတယ္လုိ့ တနလၤာေန့မွာ အမႈဖြင့္တုိင္ၾကားခဲ့တဲ့ ေရွေနအဖဲြ႔ကေျပာဆုိထားၿပီး၊ ဒီေရာင္းခ်မွုဟာ သုံးစဲြသူေတြရဲ့အေရးႀကီးတဲ့ အခ်က္လက္ေတြကုိ ထိန္းသိမ္းရမယ့္ စည္းမ်ဥ္းေတြကုိ ခ်ိဳးေဖါက္ျခင္း ရွိမရွိ ေနာ္ေဝ အခ်က္အလက္ထိန္းသိမ္းေရးဌာန အေနနဲ႔ စစ္ေဆးၿပီး ေသျခာေအာင္ အာမခံဖုိ႔ အမည္မေဖၚ လုိတဲ့ အမႈဖြင့္တုိင္ၾကားသူကုိ ကုိယ္စားျပုတဲ့ေနာ္ေဝေရွ႕ေနအဖဲြ့ျဖစ္တဲ့ SANDAS ကေတာင္းဆုိထားပါတယ္။

တယ္လီေနာ့ ကုိ အသုံးျပုသူေတြရဲ့ အခ်က္အလက္ေတြထဲမွာ နာမည္၊ လိပ္စာ၊ မွတ္ပုံတင္၊ ဖုန္းနံပတ္၊ မက္ေဆ့၊ နဲ့ ဖုန္းေခၚမွတ္တမ္းေတြပါ၀င္ၿပီး၊ ေနာက္ဝယ္ယူတဲ့ ကုမၸဏီအေနနဲ႔ တယ္လီေနာ့ လုိမ်ိဳး အခ်က္အလက္ေတြကုိ ထိန္းသိမ္းဖုိ႔ လုိက္နာတဲ့ စည္းကမ္းေတြဟာ မတူညီႏုိင္ဘူးလုိ႔ ေရွ႕ေနေတြကေျပာဆုိပါတယ္။

ဝယ္ယူမဲ့ လစ္ဘႏြန္အေျခစုိက္္ M1 အုပ္စုဟာ စစ္တပ္နဲ႔ နီးစပ္ႏုိင္တဲ့အတြက္ အခ်က္ေတြေတာင္းဆုိရင္ ေပးႏုိင္ေၾကာင္းနဲ႔ အထူးသျဖင့္ အာဏာသိမ္းမႈကုိ ဆန္႔က်င္သူ ေတြရဲ့အခ်က္လက္ေတြကုိေပးနုိင္တယ္လုိ့ ေဝဖန္သူေတြကေတာ့ေျပာဆုိၾကပါတယ္။

.................................................

တိုက္႐ိုက္ လင့္ခ္


တယ်လီနော ကုမ္ပဏီ ရောင်းချမယ့် အစီအစဉ် ကန့်ကွက်မှုနဲ့ကြုံ

{{Zawgyi/Unicode}}
နော်ဝေ အခြေစိုက် တယ်လီနော့ ဆက်သွယ်ရေးကုမ္ပဏီအနေနဲ့ မြန်မာနိုင်ငံက လုပ်ငန်းတွေကိုရောင်းချမယ့် အစီအစဉ်ဟာ ပုဂ္ဂိုလ်ရေး လျို့ဝှက်အချက်အလက်တွေ ပေါက်ကြားနိုင်တဲ့ အန္တယ်ရှိနိုင်တယ်လို့ သုံးစွဲသူမြန်မာနိုင်ငံသားတဦးက နော်ဝေအချက်အလက်များ ထိန်းသိမ်းကာကွယ်ရေး အာဏာပိုင်ဌာနကို တိုင်ကြားလိုက်ကြောင်း သူ့ရဲ့ရှေ့နေတွေက အင်္ဂါနေ့မှာပြောဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းပြီးနောက် အဓိကတယ်လီဖုန်းနဲ့ဆက်သွယ်ရေး ကုမ္ပဏီဖြစ်တဲ့ တယ်လီနော့ ဟာ မြန်မာနိုင်ငံက သူရဲ့လုပ်ငန်းတွေကို လစ်ဘနွန်နိုင်ငံအခြေစိုက် M1 ကုမ္ပဏီကိုရောင်းချမယ်လို့ ပြီးခဲ့တဲ့နှစ်ထဲက ကြေညာခဲ့ပြီး မြန်မာနိုင်ငံရဲ့ လုပ်ထုံးလုပ်နည်းအများအရ နောက်ဆုံးအဆင့်ကို စောင့်ဆိုင်းနေတယ်လို့သာ သိရပြီး အခြေအနေတွေကို ရှင်းရှင်းလင်းလင်းတော့ မသိရသေးပါဘူး။

အခုလိုရောင်းချခဲ့မယ်ဆိုရင် သုံးစွဲသူတွေရဲ့အရေးကြီးတဲ့ အချက်အလက်တွေကို လွဲှပြောင်းပေးနိုင်တဲ့အန္တရယ်ရှိတယ်လို့ တနင်္လာနေ့မှာ အမှုဖွင့်တိုင်ကြားခဲ့တဲ့ ရှေနေအဖွဲ့ကပြောဆိုထားပြီး၊ ဒီရောင်းချမှုဟာ သုံးစွဲသူတွေရဲ့အရေးကြီးတဲ့ အချက်လက်တွေကို ထိန်းသိမ်းရမယ့် စည်းမျဉ်းတွေကို ချိုးဖေါက်ခြင်း ရှိမရှိ နော်ဝေ အချက်အလက်ထိန်းသိမ်းရေးဌာန အနေနဲ့ စစ်ဆေးပြီး သေခြာအောင် အာမခံဖို့ အမည်မဖေါ် လိုတဲ့ အမှုဖွင့်တိုင်ကြားသူကို ကိုယ်စားပြုတဲ့နော်ဝေရှေ့နေအဖွဲ့ဖြစ်တဲ့ SANDAS ကတောင်းဆိုထားပါတယ်။

တယ်လီနော့ ကို အသုံးပြုသူတွေရဲ့ အချက်အလက်တွေထဲမှာ နာမည်၊ လိပ်စာ၊ မှတ်ပုံတင်၊ ဖုန်းနံပတ်၊ မက်ဆေ့၊ နဲ့ ဖုန်းခေါ်မှတ်တမ်းတွေပါဝင်ပြီး၊ နောက်ဝယ်ယူတဲ့ ကုမ္ပဏီအနေနဲ့ တယ်လီနော့ လိုမျိုး အချက်အလက်တွေကို ထိန်းသိမ်းဖို့ လိုက်နာတဲ့ စည်းကမ်းတွေဟာ မတူညီနိုင်ဘူးလို့ ရှေ့နေတွေကပြောဆိုပါတယ်။

ဝယ်ယူမဲ့ လစ်ဘနွန်အခြေစိုက် M1 အုပ်စုဟာ စစ်တပ်နဲ့ နီးစပ်နိုင်တဲ့အတွက် အချက်တွေတောင်းဆိုရင် ပေးနိုင်ကြောင်းနဲ့ အထူးသဖြင့် အာဏာသိမ်းမှုကို ဆန့်ကျင်သူ တွေရဲ့အချက်လက်တွေကိုပေးနိုင်တယ်လို့ ဝေဖန်သူတွေကတော့ပြောဆိုကြပါတယ်။

XS
SM
MD
LG