သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ပုိလန္ေရာက္ အေမရိကန္တပ္ဖဲြ႔ေတြနဲ႔ သမၼတဘုိင္ဒင္ သြားေရာက္ေတြ႔ဆုံ


အေမရိကန္ေလတပ္ တပ္မဟာ ၈၂ က တပ္ဖဲြ႔၀င္ေတြနဲ႔ ပိုလန္ႏိုင္ငံမွာ သြားေရာက္ေတြ႔ဆုံတဲ့ သမၼတ ဂ်ဳိးဘိုင္ဒန္ (25 Mas 2022)

[[ ZAWGYI / UNICODE ]]

ပုိလန္ေရာက္ အေမရိကန္တပ္ဖဲြ႔ေတြနဲ႔ သမၼတဘုိင္ဒင္ သြားေရာက္ေတြ႔ဆုံ

ယူကရိန္းအေပၚ ႐ုရွားရဲ႕ က်ဳးေက်ာ္မႈေၾကာင့္ လူသားခ်င္းစာနာမႈနဲ႔ လူ႔အခြင့္အေရး ျပႆနာေတြ ႀကံဳေနရတာကုိ ေျဖရွင္းဖုိ႔ ႀကိဳးစားေနတဲ့ မဟာမိတ္ေတြကို ေထာက္ခံေၾကာင္း ျပသတဲ့အေနနဲ အေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒန္ဟာ ပုိလန္ႏုိင္ငံကို သြားေရာက္ခဲ့ၿပီး အဲဒီမွာရွိတဲ ့အေမရိကန္တပ္ဖဲြ႔၀င္တြနဲ႔ ေတြ႔ဆုံခဲ့ပါတယ္။

အခုအခ်ိန္ဟာ ဒီမိုကေရစီနဲ႔ ခရိုနီေတြၾကားက တိုက္ပြဲအလယ္ ေရာက္ေနတာ ျဖစ္ေၾကာင္း အေမရိကန္သမၼတက အေမရိကန္ ေလတပ္ တပ္မဟာ ၈၂ က တပ္ဖဲြ႔၀င္ေတြနဲ႔ ပိုလန္ႏိုင္ငံ Rzeszów ၿမိဳ႕မွာ ေသာၾကာေန႔က ေတြ႔ဆံုခ်ိန္ ေျပာၾကားခဲ့တာပါ။

သမၼတဘုိင္ဒင္ သြားေရာက္ေတြ႔ဆုံခဲ့တဲ့ အေမရိကန္တပ္ဖဲြ႔ေတြဟာ ပိုလန္၊ Lithuania ၊ Latvia ၊ Estonia ၊ ဘူလ္ေဂးရီးယားနဲ႔ ရိုေမးနီးယား အပါအဝင္ NATO အဖဲြ႔၀င္ အေရွ႕ဥေရာပ ႏိုင္ငံေတြမွာ ေရာက္ေနတဲ့ ေထာင္နဲ႔ခ်ီတဲ့ NATO မဟာမိတ္တပ္ေတြ ကို အကူညီေပးဖုိ႔ ေရာက္ရွိေနတာ ဖစ္ပါတယ္။

ယူကရိန္းမွာ ႀကံဳေနရတဲ့ အၾကမ္းဖက္မႈအႏၱရာယ္က ထြက္ေျပးလာၾကတဲ့ ဒုကၡသည္အေရအတြက္ တိုးလာေနတာနဲ႔ လူသားစာနာမႈျပႆနာ ေတြကို မဟာမိတ္ေတြ ဘယ္လို တုန္႔ျပန္ကိုင္တြယ္ေနတယ္ဆိုတာကို သမၼတဘုိင္ဒန္ကို Rzeszów-Jasionka ေလဆိပ္မွာ ရွင္းလင္းတင္ျပခဲ့ၾကတာ ျဖစ္ ၿပီး ဒီသတင္းစာရွင္းလင္းပြဲကို ယူကရိန္းဒုကၡသည္ သိန္းနဲ႔ခ်ီလက္ခံထားတဲ့ ပိုလန္ ႏိုင္ငံရဲ့ သမၼတပါ တက္ေရာက္ခဲ့ပါတယ္။

သမၼတဘိုင္ဒန္ဟာ ပိုလန္ကိုမလာခင္ ေသာၾကာေန႔မွာပဲ ဘယ္လ္ဂ်ီယံႏုိင္ငံ ဘရပ္ဆဲလ္ မွာ ဥေရာပေကာ္မရွင္ အႀကီးအကဲ Ursula von der Leyen နဲ႔ေတြ႔ဆံုခဲ့တာ ျဖစ္ပါတယ္။ ဒီေတြ႔ဆံုပြဲမတိုင္ခင္မွာေတာ့ ဥေရာပေဒသရဲ့ ရုရွား ေရနံတင္ပို႔မႈ အေပၚ မွီခိုေနရမႈေတြ ေလ်ာ့ပါးေအာင္ ပူးတြဲအလုပ္အဖဲြ႔တခုကို ဖြဲ႔စည္းေၾကာင္း ေၾကညာခဲ့တာပါ။

တိုက္႐ိုက္ လင့္ခ္

= = = = = = = = =

{{ UNICODE }}

ပိုလန်ရောက် အမေရိကန်တပ်ဖွဲ့တွေနဲ့ သမ္မတဘိုင်ဒင် သွားရောက်တွေ့ဆုံ

ယူကရိန်းအပေါ် ရုရှားရဲ့ ကျုးကျော်မှုကြောင့် လူသားချင်းစာနာမှုနဲ့ လူ့အခွင့်အရေး ပြဿနာတွေ ကြုံနေရတာကို ဖြေရှင်းဖို့ ကြိုးစားနေတဲ့ မဟာမိတ်တွေကို ထောက်ခံကြောင်း ပြသတဲ့အနေနဲ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ဟာ ပိုလန်နိုင်ငံကို သွားရောက်ခဲ့ပြီး အဲဒီမှာရှိတဲ့အမေရိကန်တပ်ဖွဲ့ဝင်တွနဲ့ တွေ့ဆုံခဲ့ပါတယ်။

အခုအချိန်ဟာ ဒီမိုကရေစီနဲ့ ခရိုနီတွေကြားက တိုက်ပွဲအလယ် ရောက်နေတာ ဖြစ်ကြောင်း အမေရိကန်သမ္မတက အမေရိကန် လေတပ် တပ်မဟာ ၈၂ က တပ်ဖွဲ့ဝင်တွေနဲ့ ပိုလန်နိုင်ငံ Rzeszów မြို့မှာ သောကြာနေ့က တွေ့ဆုံချိန် ပြောကြားခဲ့တာပါ။

သမ္မတဘိုင်ဒင် သွားရောက်တွေ့ဆုံခဲ့တဲ့ အမေရိကန်တပ်ဖွဲ့တွေဟာ ပိုလန်၊ Lithuania ၊ Latvia ၊ Estonia ၊ ဘူလ်ဂေးရီးယားနဲ့ ရိုမေးနီးယား အပါအဝင် NATO အဖွဲ့ဝင် အရှေ့ဥရောပ နိုင်ငံတွေမှာ ရောက်နေတဲ့ ထောင်နဲ့ချီတဲ့ NATO မဟာမိတ်တပ်တွေ ကို အကူညီပေးဖို့ ရောက်ရှိနေတာ ဖစ်ပါတယ်။

ယူကရိန်းမှာ ကြုံနေရတဲ့ အကြမ်းဖက်မှုအန္တရာယ်က ထွက်ပြေးလာကြတဲ့ ဒုက္ခသည်အရေအတွက် တိုးလာနေတာနဲ့ လူသားစာနာမှုပြဿနာ တွေကို မဟာမိတ်တွေ ဘယ်လို တုန့်ပြန်ကိုင်တွယ်နေတယ်ဆိုတာကို သမ္မတဘိုင်ဒန်ကို Rzeszów-Jasionka လေဆိပ်မှာ ရှင်းလင်းတင်ပြခဲ့ကြတာ ဖြစ် ပြီး ဒီသတင်းစာရှင်းလင်းပွဲကို ယူကရိန်းဒုက္ခသည် သိန်းနဲ့ချီလက်ခံထားတဲ့ ပိုလန် နိုင်ငံရဲ့ သမ္မတပါ တက်ရောက်ခဲ့ပါတယ်။

သမ္မတဘိုင်ဒန်ဟာ ပိုလန်ကိုမလာခင် သောကြာနေ့မှာပဲ ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ် မှာ ဥရောပကော်မရှင် အကြီးအကဲ Ursula von der Leyen နဲ့တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။ ဒီတွေ့ဆုံပွဲမတိုင်ခင်မှာတော့ ဥရောပဒေသရဲ့ ရုရှား ရေနံတင်ပို့မှု အပေါ် မှီခိုနေရမှုတွေ လျော့ပါးအောင် ပူးတွဲအလုပ်အဖွဲ့တခုကို ဖွဲ့စည်းကြောင်း ကြေညာခဲ့တာပါ။

XS
SM
MD
LG