သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ယူကရိန္းဒုကၡသည္ (၁)သိန္း အေမရိကန္ လက္ခံမည္


FILE - ယူကရိန္း ဒုကၡသည္ မိသားစု March 14, 2022.

[[ ZAWGYI / UNCODE ]]

ယူကရိန္းဒုကၡသည္ (၁)သိန္း အေမရိကန္လက္ခံမည္

႐ုရွားရဲ႕ က်ဳးေက်ာ္တုိက္ခုိက္မႈေၾကာင့္ ယူကရိန္းက ထြက္ေျပးလာသူေတြနဲ႔ ယူကရိန္းႏုိင္ငံသားေတြ ၁ သိန္းေလာက္ကုိ အေမရိကန္ ျပည္ေထာင္စုက လက္ခံမယ့္အေၾကာင္း သမၼတအိမ္ျဖဴေတာ္က ၾကာသပေတးေန႔မွာပဲ ေၾကညာလုိက္ပါတယ္။

ယူကရိန္းမွာ ႐ုရွားက်ဳးေက်ာ္စစ္ေၾကာင့္ ဒုကၡေရာက္ရသူေတြအတြက္ လူသားခ်င္းစာနာမႈ အကူအညီေပးမယ့္ ေဒၚလာသန္း ၁ ေထာင္ တန္ဘုိးရွိတဲ့ အစီအစဥ္ တစိတ္တပုိင္းအျဖစ္ လက္ခံသြားမွာျဖစ္ေၾကာင္း အိမ္ျဖဴေတာ္ ၀ဘ္ဆုိဒ္မွာ ထုတ္ျပန္လုိက္တဲ့ ေၾကညာခ်က္မွာ ေဖာ္ျပခဲ့တာပါ။

ယူကရိန္း အမ်ားစုဟာ ကုိယ့္ဇာတိနဲ႔ နီးစပ္တဲ့ ဥေရာပမွာ ေနထုိင္ဖုိ႔ ဆုံးျဖတ္လိမ့္မယ္လုိ႔ ေမွ်ာ္လင့္ထားေပမဲ့ အေမရိကန္ကုိ လာမယ့္သူေတြကုိလည္း ဒုကၡသည္ေတြ လက္ခံတဲ့ အစီအစဥ္နဲ႔ တျခားတရား၀င္ နည္းလမ္းေတြအရ ႀကိဳဆုိသြားမွာျဖစ္ေၾကာင္း ေျပာပါတယ္။

အေမရိကန္မွာ ေဆြမ်ဳိးသားခ်င္း ရွိတဲ့သူေတြအတြက္ အစီအစဥ္သစ္ေတြ တုိးခ်ဲ႕ႏုိင္ဖုိ႔ နည္းလမ္းေတြ ရွာေဖြသြားမယ္လုိ႔လည္း ေျပာပါတယ္။ အေမရိကန္ အစုိးရရဲ႕ ေၾကညာခ်က္ကုိ ဒုကၡသည္အေရး ေဆာင္ရြက္ေနသူေတြက ႀကိဳဆုိလုိက္ၾကေပမဲ့ ဒုကၡသည္ေတြကုိ စိစစ္လက္ခံရာမွာ လက္ရွိ ေဆာင္ရြက္ေနတဲ့ ႏႈန္းထက္ပုိၿပီး ျမန္ဆန္ေအာင္ လုပ္ႏုိင္စြမ္း ရွိမရွိ ဆုိတာကုိလည္း ေမးခြန္းထုတ္ေနၾကတာပါ။

အေမရိကန္ ျပည္ေထာင္စု ဒုကၡသည္လက္ခံေရး အစီအစဥ္ေတြကုိေတာ့ အရင္သမၼတေဟာင္း Donald Trump လက္ထက္မွာ အႀကီးအက်ယ္ ေလွ်ာ့ခ်ခဲ့တာေၾကာင့္ ဒုကၡသည္အျဖစ္ ေလွ်ာက္ထားသူေတြနဲ႔ ေနာက္ထပ္ေရာက္လာသူေတြ တုိးလာေနတာကုိ စိစစ္လက္ခံဖုိ႔ အစုိးရနဲ႔ ျပန္လည္ေနရာခ်ထားေရး ေအဂ်င္စီေတြမွာ အင္အားအလုံအေလာက္ မရွိတဲ့ အေျခအေနနဲ႔ ႀကံဳေနရတာ ျဖစ္ပါတယ္။

ယူကရိန္းဒုကၡသည္ (၁)သိန္း အေမရိကန္ လက္ခံမည္
please wait

No media source currently available

0:00 0:00:59 0:00
တိုက္႐ိုက္ လင့္ခ္

= = = = = = = =

{{ UNICODE }}

ယူကရိန်းဒုက္ခသည် (၁)သိန်း အမေရိကန်လက်ခံမည်

ရုရှားရဲ့ ကျုးကျော်တိုက်ခိုက်မှုကြောင့် ယူကရိန်းက ထွက်ပြေးလာသူတွေနဲ့ ယူကရိန်းနိုင်ငံသားတွေ ၁ သိန်းလောက်ကို အမေရိကန် ပြည်ထောင်စုက လက်ခံမယ့်အကြောင်း သမ္မတအိမ်ဖြူတော်က ကြာသပတေးနေ့မှာပဲ ကြေညာလိုက်ပါတယ်။

ယူကရိန်းမှာ ရုရှားကျုးကျော်စစ်ကြောင့် ဒုက္ခရောက်ရသူတွေအတွက် လူသားချင်းစာနာမှု အကူအညီပေးမယ့် ဒေါ်လာသန်း ၁ ထောင် တန်ဘိုးရှိတဲ့ အစီအစဉ် တစိတ်တပိုင်းအဖြစ် လက်ခံသွားမှာဖြစ်ကြောင်း အိမ်ဖြူတော် ဝဘ်ဆိုဒ်မှာ ထုတ်ပြန်လိုက်တဲ့ ကြေညာချက်မှာ ဖော်ပြခဲ့တာပါ။

ယူကရိန်း အများစုဟာ ကိုယ့်ဇာတိနဲ့ နီးစပ်တဲ့ ဥရောပမှာ နေထိုင်ဖို့ ဆုံးဖြတ်လိမ့်မယ်လို့ မျှော်လင့်ထားပေမဲ့ အမေရိကန်ကို လာမယ့်သူတွေကိုလည်း ဒုက္ခသည်တွေ လက်ခံတဲ့ အစီအစဉ်နဲ့ တခြားတရားဝင် နည်းလမ်းတွေအရ ကြိုဆိုသွားမှာဖြစ်ကြောင်း ပြောပါတယ်။

အမေရိကန်မှာ ဆွေမျိုးသားချင်း ရှိတဲ့သူတွေအတွက် အစီအစဉ်သစ်တွေ တိုးချဲ့နိုင်ဖို့ နည်းလမ်းတွေ ရှာဖွေသွားမယ်လို့လည်း ပြောပါတယ်။ အမေရိကန် အစိုးရရဲ့ ကြေညာချက်ကို ဒုက္ခသည်အရေး ဆောင်ရွက်နေသူတွေက ကြိုဆိုလိုက်ကြပေမဲ့ ဒုက္ခသည်တွေကို စိစစ်လက်ခံရာမှာ လက်ရှိ ဆောင်ရွက်နေတဲ့ နှုန်းထက်ပိုပြီး မြန်ဆန်အောင် လုပ်နိုင်စွမ်း ရှိမရှိ ဆိုတာကိုလည်း မေးခွန်းထုတ်နေကြတာပါ။

အမေရိကန် ပြည်ထောင်စု ဒုက္ခသည်လက်ခံရေး အစီအစဉ်တွေကိုတော့ အရင်သမ္မတဟောင်း Donald Trump လက်ထက်မှာ အကြီးအကျယ် လျှော့ချခဲ့တာကြောင့် ဒုက္ခသည်အဖြစ် လျှောက်ထားသူတွေနဲ့ နောက်ထပ်ရောက်လာသူတွေ တိုးလာနေတာကို စိစစ်လက်ခံဖို့ အစိုးရနဲ့ ပြန်လည်နေရာချထားရေး အေဂျင်စီတွေမှာ အင်အားအလုံအလောက် မရှိတဲ့ အခြေအနေနဲ့ ကြုံနေရတာ ဖြစ်ပါတယ်။

XS
SM
MD
LG