သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်မှာဒုက္ခသည်အခြေချမှု လက်ခံဦးရေ ၂၀၁၉နှစ်မှာ အနည်းဆုံး


အမေရိကန်ပြည်ထောင်စုမှာ ဒုက္ခသည်လက်ခံတဲ့ အစီအစဉ်စတင်ခဲ့ချိန်ကစပြီး အခု ၂၀၁၉ ဘဏ္ဍာရေးနှစ်ရဲ့ နှစ်လည်ကို ရောက်လာချိန်အထိ ဆိုရင် လာရောက်သူဟာ သမိုင်းတင် အနည်းပါးဆုံး ဖြစ်နေပါတယ်။

နိုင်ငံခြားရေးဌာနရဲ့ ထုတ်ပြန်ချက်အရ ၂၀၁၈ အောက်တိုဘာ ၁ ရက် ကနေ ၂၀၁၉ မတ်လ ၃၁ ရက် အတွင်း အမေရိကန်နိုင်ငံထဲ ဒုက္ခသည်လာရောက်မှုကို ကြည့်ရင် နိုင်ငံ ၃ နိုင်ငံကို ဦးစားပေးထားတာ တွေ့ရပြီး လာရောက်သူစုစုပေါင်း ၁၂,၁၅၁ ယောက်ထဲမှာ အများဆုံးက ကွန်ဂို ဒီမိုကရက်တစ် သမ္မတနိုင်ငံ ဖြစ်ပြီး ၄၈ ရာခိုင်နှုန်း၊ ဒုတိယအများဆုံးက မြန်မာ ၁၇ ရာခိုင်နှုန်း နဲ့ ယူကရိန်းက ၁၃ ရာခိုင်နှုန်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဆောင်းဦးပေါက်မှာ သမ္မတ Donald Trump က ၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း ဒုက္ခသည် စုစုပေါင်း ၃ သောင်း အထိပဲ လက်ခံဖို့ သတ်မှတ်ခဲ့တာဖြစ်ပြီး ဒါဟာ ဒုက္ခသည်ခေါ်ယူမယ့် ဥပဒေ ပြဌာန်းခဲ့တဲ့ ၁၉၈၀ ကစရင် နှစ်ပေါင်း ၄၀ အတွင်း အနည်းဆုံးခေါ်ယူတာ ဖြစ်ပါတယ်။ လက်ရှိမှာ လာရောက်နှုန်းဟာ တလကို ဒုက္ခသည် ၂၀၂၅ ယောက် ဖြစ်ပါတယ်။

ဒေသအလိုက် ဒုက္ခသည် အများဆုံး လက်ခံမယ့် စာရင်းမှာတော့ အာဖရိကဒေသက ၁၁,၀၀၀၊ အရှေ့အာရှဒေသက ၄,၀၀၀၊ ဥရောပနဲ့ အလယ်ပိုင်းအာရှဒေသက ၃,၀၀၀၊ လက်တင်အမေရိကနဲ့ Caribbean ဒေသက ၃,၀၀၀ ၊ အရှေ့နဲ့ တောင်အာရှဒေသက ၉,၀၀၀ ဖြစ်ပြီး စုစုပေါင်း သုံးသောင်း အထိ လက်ခံမှာ ဖြစ်ပါတယ်။ အခုလက်ခံတဲ့ ဒုက္ခသည်တွေထဲမှာ ခရစ်ယာန်ဒုက္ခသည်က ၈၁ % ဖြစ်ပါတယ်။

၂၀၁၈ ခုနှစ် ဒီလိုအချိန်တုန်းကလည်း ဦးစားပေးခေါ်ယူတဲ့ နိုင်ငံတွေက ကွန်ဂို၊ မြန်မာနဲ့ ယူကရိန်း ၃ နိုင်ငံဖြစ်ပြီး ရောက်လာသူတွေထဲက ၆၈ % လောက်က ခရစ်ယာန်ဘာသာဝင်တွေ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG