သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၈ ခုနှစ် အမေရိကန် ဒုက္ခသည် လက်ခံမည့် အရေအတွက် လေ ျှာ့ချ


ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး အီသီယိုးပီးယား နိုင်ငံက တောင်ဆူဒန် စစ်ပြေး ဒုက္ခသည်တွေနဲ့ တွေ့ဆုံ။
ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး အီသီယိုးပီးယား နိုင်ငံက တောင်ဆူဒန် စစ်ပြေး ဒုက္ခသည်တွေနဲ့ တွေ့ဆုံ။

အမေရိကန်ပြည်ထောင်စုရဲ့ ဒုက္ခသည်လက်ခံရေး အစီအစဉ်ဟာ လာမယ့် ဘဏ္ဍာရေးနှစ်မှာ အရှိန်နှေးနှေးနဲ့ စတင်ဖို့ ရှိနေပါတယ်။ အသစ်ထုတ်ပြန်လိုက်တဲ့ ဒုက္ခသည် စိစစ်ရေး အစီအစဉ်တွေ အပြင် လာမယ့် ၁၂ လအတွင်း လာရောက် အခြေချမယ့်သူ အရေအတွက်ကို သိသာစွာ လျှော့ချမှာ ဖြစ်တဲ့ အကြောင်း အစိုးရက ကြေညာခဲ့တဲ့ အတွက်ကြောင့် ဖြစ်ပါတယ်

အောက်တိုဘာလထဲမှာ ဒုက္ခသည် ၁၂၀၀ လောက် ရောက်ရှိလာတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာက ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။ လက်ရှိ ဘဏ္ဍာရေးနှစ်မှာ ဒုက္ခသည် လက်ခံရေး အစီအစဉ်နဲ့ လာရောက်သူဟာ ၃၈ နှစ်အတွင်း မကြုံဖူးအောင် နည်းပါးခဲ့တာ ဖြစ်ပြီး အများဆုံး ဒုက္ခသည်ဦးရေ ၄ သောင်းခွဲ လက်ခံဖို့အတွက် တလကို ဒုက္ခသည် ၃၇၅၀ လက်ခံရမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် လက်ရှိနှုန်း အတိုင်းသာ ဆက်သွားနေမယ် ဆိုရင် အောက်တိုဘာလ ၁ ရက်နေ့မှာ စတင်မယ့် ၂၀၁၈ ဘဏ္ဍာရေးနှစ်အတွက် သမ္မတ Donald Trump သတ်မှတ်ထားတဲ့ ဒုက္ခသည် အရေအတွက်ရဲ့ ထက်ဝက်တောင် ပြည့်မှာ မဟုတ်ပါဘူး။

အမေရိကန ပြည်ထောင်စုမှာ သမိုင်း အစဉ်အလာအရ ဘဏ္ဍာရေးနှစ် တနှစ်ရဲ့ ပထမဆုံးလကို ကြည့်ပြီး လာမယ့် တနှစ်လုံးအတွက် ဒီအတိုင်း သွားမယ်လို့ ပြောလို့ မရပါဘူး။လုပ်ငန်းစတင်တဲ့ အောက်တိုဘာလ မှာတင် ဒုက္ခသည် အတော်များများ လာရောက်ခဲ့တဲ့ ၂၀၁၁ ခုနှစ်လို နှစ်တွေမှာ ဒုက္ခသည်က ၄၈၀၀ လောက် ရောက်ရှိလာခဲ့တာ ဖြစ်ပြီး နှစ်ကုန်တဲ့ အခါမှာတော့ ဒုက္ခသည် ၈ သောင်း လက်ခံလို့ရတဲ့ ထဲက ၇၁ ရာခိုင်နှုန်းသာ ရောက်လာတာမို့ သတ်မှတ်ထားတာထက် လျော့နည်းနေတာပါ။

၂၀၁၄ ဘဏ္ဍာရေးနှစ်မှာတော့ အစပိုင်းဖြစ်တဲ့ အောက်တိုဘာမှာ ၁၈၀၀ လောက်ရောက်လာခဲ့တာ ဖြစ်ပြီး သတ်မှတ်ဦးရေ ၇ သောင်းရဖို့ တလကို ၅၈၀၀ လောက် ပျမ်းမျှ လက်ခံရမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အဲဒီနှစ်မှာ အရှိန်မြှင့်ပြီး လက်ခံခဲ့တာမို့ ၃ နေရာသာ လိုခဲ့တာပါ။

ဘာပဲပြောပြော ၂၀၁၈ ဘဏ္ဍာရေးနှစ်အတွက် အများဆုံးလက်ခံဖို့ သတ်မှတ်ထားတာက ဒုက္ခသည် ဦးရေ ၄ သောင်းခွဲပဲ ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG