သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၈ ခု အမေရိကန် လက်ခံမည့်ဒုက္ခသည် သိသာစွာလှေ ျာ့ချ


သမ္မတထရမ့်ရဲ့ ခရီးသွားပိတ်ပင်မိန့်ကို ဆန္ဒပြနေသည့် အမေရိကန်ရောက် ဒုက္ခသည်နှင့် ရွှေ့ပြောင်းအခြေချသူများ (May 15, 2017)
သမ္မတထရမ့်ရဲ့ ခရီးသွားပိတ်ပင်မိန့်ကို ဆန္ဒပြနေသည့် အမေရိကန်ရောက် ဒုက္ခသည်နှင့် ရွှေ့ပြောင်းအခြေချသူများ (May 15, 2017)

လာမယ့်ဘဏ္ဍာရေးနှစ်အတွင်း အမေရိကန် ပြည်ထောင်စုအနေနဲ့ ဒုက္ခသည် ၄ သောင်းခွဲ လက်ခံဖို့ ရည်ရွယ်ထားတယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အစိုးရ အရာရှိကြီးတွေက ပြောကြားလိုက်ပါတယ်။

ဒါဟာ ၃၇ နှစ်တာအတွင်း အနည်းဆုံးအရေအတွက် ဖြစ်ပါတယ်။ ဒီလို ဒုက္ခသည်လက်ခံမှု အရေအတွက် လျော့ချလိုက်တာဟာ ဒုက္ခသည်အရေး ထောက်ခံပြောကြားသူတွေအတွက် စိတ်ပျက်စရာဖြစ်ပြီး ပြည်တွင်းပြည်ပမှာ အလုပ်သမားတွေ ထောင်ချီခန့်အပ်ထားတဲ့ စနစ်ကိုလည်း ထိခိုက်စေပါတယ်။

ဒုက္ခသည်လက်ခံရေး အစီအစဉ် စတင်ခဲ့တဲ့ ၁၉၈၀ပြည့်ကစလို့ အနည်းဆုံး အရေအတွက်ဖြစ်တဲ့ ဒီအစီအစဉ်ဟာ မီဒီယာတွေ ကြိုတင်ခန့်မှန်း ထားတဲ့အတိုင်း ဖြစ်လာတဲ့အတွက် အံ့အားသင့်စရာတော့ မဟုတ်ပါဘူး။ သမ္မတထရမ့်ဟာ ရာထူးလက်ခံပြီး မကြာခင်မှာပဲ ဒုက္ခသည် လက်ခံမှု ပမာဏလျှော့ချဖို့ ပြောကြားခဲ့ပြီး ဒုက္ခသည် အများအပြားလက်ခံခြင်းဟာ အမေရိကန် ပြည်ထောင်စုရဲ့ အကျိုးစီးပွား ထိခိုက်စေလိမ့် မယ်လို့ ပြောကြားခဲ့တာပါ။

၂၀၁၈ ခု အမေရိကန် လက်ခံမည့်ဒုက္ခသည် သိသာစွာလှေ ျာ့ချ
please wait

No media source currently available

0:00 0:00:36 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG