သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုက္ခသည်ဦးရေ သတ်မှတ်ချက်ထက်ပိုပြီး အမေရိကန်လက်ခံ


ကုလသမဂ္ဂ ဒုက္ခသည် အရေးအတွက် အကျိုးအမြတ် အချိုးကျ လှုဒါန်းနေတဲ့ ဝါရှင်တန်က Falafel ဆိုင်။ (Courtesy Falafel, Inc. Facebook page)
ကုလသမဂ္ဂ ဒုက္ခသည် အရေးအတွက် အကျိုးအမြတ် အချိုးကျ လှုဒါန်းနေတဲ့ ဝါရှင်တန်က Falafel ဆိုင်။ (Courtesy Falafel, Inc. Facebook page)

အခုနှစ် ဘဏ္ဍာရေးနှစ်အတွင်း အမေရိကန်ပြည်ထောင်စုက လက်ခံခဲ့တဲ့ ဒုက္ခသည် အရေအတွက်ဟာ ၅ သောင်းကျော်သွားပြီ ဖြစ်ပါတယ်။ ဒါဟာ အမေရိကန် ပြည်ထောင်စုကို လာရောက်တဲ့ ခရီးသွားတွေနဲ့ ဒုက္ခသည်တွေ အပေါ် ကန့်သတ်တဲ့ သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အုပ်ချုပ်ရေး အမိန့်နဲ့ သတ်မှတ်ထားတဲ့ အရေအတွက် ဖြစ်ပါတယ်။

ဒါပေမယ့် လပေါင်းများစွာ မတည်ငြိမ်မှုနဲ့ ဥပဒေရေးအရ အခြေအတင် ဖြစ်ခဲ့ပြီးတဲ့နောက် အမေရိကန် တရားရုံးက မကြာသေးခင်က ချမှတ်လိုက်တဲ့ ကင်းလွတ်ခွင့် အောက်မှာနောက်ထပ် ဒုက္ခသည်တွေ ဘယ်လောက်အထိ အမေရိကန်ပြည်ထောင်စုကို ရောက်ရှိလာမလဲ ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးဘဲ ဖြစ်နေပါတယ်။ အမေရိကန် တရားရုံးချုပ်ရဲ့ ကင်းလွတ်ခွင့်အရ အမေရိကန်ပြည်ထောင်စု အတွင်းမှာ မိသားစု ဒါမှမဟုတ် ပိုင်ဆိုင်မှုရှိနေတဲ့သူတွေကို ကင်းလွတ်ခွင့် ရတာဖြစ်ပါတယ်။

ဗုဒ္ဓဟူးနေ့ နေ့လည်အထိ အမေရိကန်ပြည်ထောင်စုက လက်ခံလိုက်တဲ့ ဒုက္ခသည် အရေအတွက်ဟာ စုစုပေါင်း ၅၀၀၈၆ ယောက်ဖြစ်ပါတယ်။သမ္မတ ဘရာ့ခ် အိုဘားမား လက်ထက်က ဒုက္ခသည် ၁ သိန်း ၁ သောင်းထိ လက်ခံဖို့ သတ်မှတ်ခဲ့ပြီး အခု သမ္မတ ထရမ့်ပ်လက်ထက်မှာ ၅ သောင်းပဲ လက်ခံဖို့ သတ်မှတ် ထားတာပါ။

ဒါကြောင့်လည်း ဒီနှစ်အတွင်း အမေရိကန်မှာ အခြေချ နေထိုင်ခွင့်ရတဲ့ မြန်မာနိုင်ငံသားဒုက္ခသည် အရေအတွက်လည်း တော်တော်လေး နည်းသွားတယ်လို့ အမေရိကန် ပြည်ထောင်စု အင်ဒီယားနား ပြည်နယ်မှာ မြန်မာဒုက္ခသည်ကူညီမှု လုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ BACI မြန်မာ အမေရိကန် လူမှုရေးအသင်းရဲ့ဥက္ကဌ ဒေါက်တာ ရိုဒင်းငါက ဗွီအိုအေကို ပြောထားဖူးပါတယ်။

ဒေါက်တာ ရိုဒင်းငါတို့အသင်းရဲ့စာရင်းကောက်ယူမှု အရ ၂၀၀၅ ခုနှစ် နောက်ပိုင်းကစလို့ အမေရိကန်ရောက် မြန်မာဒုက္ခသည်အရေအတွက်ဟာ ၂ သိန်း ၃ သောင်းလောက် ရှိပါတယ်။

ဒုက္ခသည်ဦးရေ သတ်မှတ်ချက်ထက်ပိုပြီး အမေရိကန်လက်ခံ
please wait

No media source currently available

0:00 0:01:07 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG