သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာ့စြမ္းအင္က႑အတြက္ ျပန္ျပည့္ၿမဲ ေလစြမ္းအင္


Wind turbines operate at a wind farm near Milford, Utah May 21, 2012. The Milford Wind Corridor Project, developed by the First Wind energy company, is a 306-megawatt, 165-unit wind farm. Picture taken May 21, 2012.

Zawgyi/ Unicode

ျမန္မာ့စြမ္းအင္က႑အတြက္ ျပန္ျပည့္ၿမဲ ေလစြမ္းအင္

တိုက္႐ိုက္ လင့္ခ္

(Zawgyi)

ျမန္မာႏုိင္ငံမွာ အဓိက လိုအပ္ေနတဲ့ စြမ္းအင္က႑လိုအပ္ခ်က္ကို ေလစြမ္းအင္လို ျပန္ျပည့္ၿမဲစြမ္းအင္နဲ႔ ျဖည့္ဆည္းေပး ႏိုင္ပါသလား။ ဂ်ပန္အဏၰဝါဘူမိသိပၸံနဲ႔ နည္းပညာဌာန (JAMSTEC) က ေဒါက္တာမိုးေက်ာ္သူကို ေဒၚခင္မ်ိဳးသက္က ေမးျမန္းထားပါတယ္။

ေမး။ ။ “အခု ျမန္မာႏိုင္ငံမွာ စြမ္းအင္က အေတာ္လိုအပ္ေနပါတယ္။ ေလစြမ္းအင္ကို ျမန္မာႏိုင္ငံမွာ ေျပာင္းၿပီး သံုးမယ္ဆိုရင္ သံုးလို႔ ျဖစ္ပါ့မလား ေျပာျပေပးပါ။”
ေဒါက္တာမိုးေက်ာ္သူ။ ။ “ဟုတ္ကဲ့ခင္ဗ်။ ျမန္မာႏိုင္ငံမွာ လွ်ပ္စစ္က အေရးတႀကီးေပါ့ေနာ္။ အဓိက လိုအပ္ေနတယ္ ဆိုတာ မွန္ပါတယ္။ အဲဒါအတြက္ကို က်ေနာ္တုိ႔ ေရအားလ ွ်ပ္စစ္ကို သံုးေနတာလည္း ႏွစ္ေပါင္းကို ၆၀ ေလာက္ ရွိၿပီေပါ့ေနာ္။ အဲဒီ အပိုင္းကလည္း ေရအားလ ွ်ပ္စစ္က တည္ေဆာက္ရတာ ဟိုးအရင္တုန္းကေတာ့ အေကာင္းဆံုး ျဖစ္ခဲ့ေပမယ့္ အခုအခ်ိန္မွာေတာ့ ပတ္ဝန္းက်င္အတြက္လည္း ထိန္းသိမ္းရတာ ခက္သလို ေဘးအႏၱရာယ္ ရွိတဲ့ အပိုင္းေလးးေတြလည္း ရွိပါတယ္။ ကုန္က်စားရိတ္ေတြလည္း ရွိတာေပါ့ေနာ္။ အဲဒီေတာ့ အဲဒါေလးေတြ တြဲၿပီး စဥ္းစားတဲ့ အခ်ိန္မွာ ဒီပတ္ဝန္းက်င္လည္း သန္႔ရွင္းတဲ့ ဥစၥာ၊ ဆိုလာ ကိုလည္း အသံုးျပဳလာသလို ဆိုလာၿပီးေတာ့ ဒုတိယကုန္က်စားရိတ္နည္းၿပီး တြက္ေျခကိုက္ၿပီး ပတ္ဝန္းက်င္အတြက္လည္း အရမ္းကို ေကာင္းတဲ့ ေလအား- ေလအားေပါ့ေနာ္၊ ေလအားက အခုဆို အရမ္းကို ေခတ္စားလာပါတယ္။"
"ေခတ္စားလာတဲ့ အတြက္ ဂ်ပန္မွာဆိုရင္လည္း အခု အေရးတႀကီး စၿပီးေတာ့ ျပင္ဆင္လာပါၿပီ။ အရင္က မသံုးခဲ့ေပမယ့္။ ဆိုေတာ့ အဲဒီအပိုင္းေလး ေတြကို က်ေနာ္တုိ႔လည္း ထဲထဲဝင္ဝင္ စၿပီး လုပ္တဲံ အပိုင္းေလးေတြပါလာလို႔ စိတ္ဝင္စားလို႔ ႏိႈင္းယွဥ္ၾကည့္မိေတာ့ - ျမန္မာႏုိင္ငံမွာ ျဖစ္ႏိုင္ပါတယ္။ ျဖစ္ႏိုင္ေပမယ့္ ဂ်ပန္ႏိုင္ငံတို႔လို၊ ေလအားလ ွ်ပ္စစ္ကို အဓိက သံုးေနတဲ့ ေျမာက္ဖက္က Scandinavia ႏိုင္ငံေတြ၊ ဂ်ာမဏီတို႔၊ အဂၤလန္တို႔လို ႏိုင္ငံေတြေလာက္၊ နယ္သာလန္တို႔ ဘယ္လ္ဂ်ီယံတို႔လို ႏုိင္ငံေတြေလာက္ ေလအားက စိတ္တိုင္းက်စရာေတာ့ မရွိဘူး။ ဒါေပမယ့္ ေရရွည္မွာေတာ့ က်ေနာ္တို႔ အတြက္က အခုကတည္းက စၿပီးျပင္ဆင္၊ ျပင္ဆင္ၿပီးေတာ့ ေရရွည္မွာေတာ့ သံုးႏုိင္မယ္ ဆိုတာကေတာ့ ေသခ်ာပါတယ္။”

ေမး။. ။ “ဒီေလအား လ ွ်ပ္စစ္ကို ျမန္မာႏိုင္ငံမွာ သံုးမယ္ဆိုရင္ ဘယ္လိုစၿပီးျပင္ဆင္ဖုိ႔ လိုပါသလဲ။”
ေဒါက္တာမိုးေက်ာ္သူ။. ။“ျမန္မာႏုိင္ငံအတြက္က ျပင္ဆင္ဖို႔ အထူးသျဖင့္ လိုအပ္ပါတယ္။ ဘာေၾကာင့္လည္း ဆိုေတာ့ ဒီေလအားလ ွ်ပ္စစ္ ရွိတဲ့ သံုးႏုိင္မယ့္ ေနရာေတြက ကမ္းရိုးတန္း တေက်ာေတြပါ ခင္ဗ်။ ကမ္းရိုးတန္း တေက်ာေတြမွာ ေသခ်ာ စံနစ္တက် ဘူမိေဗဒေျမပံု ထုတ္ထားၿပီးေတာ့ ေျမႀကီးရဲ့ ခံႏိုင္ရည္စြမ္းအား ေျမႀကီးရဲ့ တည္ၿငိမ္မႈ အပိုင္းေတြကို ေသခ်ာ ေျမပံုထုတ္ထားဖုိ႔ လိုအပ္သလို၊ ေရထဲကို နဲနဲ ဆင္းလုိက္ၿပီဆိုရင္ က်ေနာ္တို႔ ျမန္မာႏုိင္ငံမွာက ေျမပံုတို႔ဘာတို႔ စံနစ္တက် ထုတ္ထားတာ မရွိတဲ့ အတြက္ေၾကာင့္ အဲဒီ အပိုင္းေတြက အမ်ားႀကီး လိုအပ္ပါတယ္။ အခု ဂ်ပန္ႏုိင္ငံမွာ အခက္အခဲျဖစ္ေနတာ လည္း အဲဒီ အပိုင္းပါပဲ။ ဒီ ေရထဲမွာ ကမ္းစပ္မွာ ရွိတဲ့ ေနရာေတြမွာ ေဆာက္မယ္ ဆုိရင္ ေလအားလည္း ပိုရတဲ့ အတြက္ေၾကာင့္ ပိုၿပီး ေကာင္းမယ္ ဆိုေပမယ့္၊ အဲဒီအပိုင္းမွာ အေျခခံက်တဲ့ ေျမပံုက မရွိဘူး ဆိုေတာ့ ပုဂၢလိက က႑ကေန လုပ္ဖို႔ ဆိုတာက အေတာ္ကို ခက္ခဲပါတယ္။ ဆိုေတာ့ အဲဒီ အပိုင္းကို ျမန္္မာႏုိင္ငံမွာ စၿပီ ျပင္မယ္ဆိုရင္၊ အခုအခ်ိန္က စၿပီး ျပင္မယ္ ဆိုရင္ ေနာက္ ၅ ႏွစ္ကေန ၁၀ ႏွစ္ေလာက္ ၾကာမွာပါ။ အဲဒီ အပိုင္းေတြက။ ပံုမွန္က ေလအားလ ွ်ပ္စစ္ရဲ့ ဒီတိုင္ႀကီးေတြ တခုၿပီး တခုရဲ့ ဓါတ္အားထုတ္တဲ့ ဟာ တခုခ်င္း တခုခ်င္းကို လုပ္ဖုိ႔ အတြက္ကလည္း စၿပီး အၾကမ္းဖ်င္း ေလအား တြက္ခ်က္တာနဲ႔ ညီတဲ့ ခံႏိုင္ရည္ တို႔ကို တြက္တဲ့ဥစၥာ၊ ေျမပံုထုတ္တာနဲ႔ ျပင္ဆင္တာေတြ အားလံုးဟာ ၃ ႏွစ္ကေန ၅ ႏွစ္ ေက်ာ္ အထိေလာက္ ၾကာပါတယ္ ခင္ဗ်။ အဲဒါ အတြက္ေၾကာင့္ အခုကေန စၿပီး ျပင္ဆင္္မယ္ ဆိုရင္ေတာ့ အေနေတာ္ေလာက္ ျဖစ္မယ္လုိ႔ ျမင္ပါတယ္။”

ေမး။. ။“ဟုတ္ကဲ့။ ျပင္ဆင္မယ္ ဆိုရင္ ျမန္မာႏုိင္ငံရဲ့ ဘယ္အပိုင္းေတြက ဒီ ေလအား လ ွ်ပ္စစ္ထုတ္ဖုိ႔ အတြက္ ေကာင္းတဲ့ ေနရာေတြ ပါလဲ။”
ေဒါက္တာမိုးေက်ာ္သူ။. ။“ဟုတ္ကဲ ခင္ဗ်။ ႏိုင္ငံတကာ ဒီစြမ္းအင္ အႀကံေပးအဖြဲ႔ ေတြက ဒီ ၂၀၁၅ နဲ႔ ၁၆ ခုႏွစ္မွာ က်န္ခဲ့တဲ့ ျပည္သူ႔အစိုးရဆီကို အစီရင္ခံစာ တင္ထားးတဲ့ဥစၥာမွာ စံနစ္တက် ေသခ်ာ တိုင္းတာ ထားးတဲ့ ေျမပံုေတြလည္း ရွိေနပါတယ္ခင္ဗ်။ အခု ျပထားတဲ့ ဒုတိယ ေျမပံုမွာလည္း ျပေနပါတယ္။ ဆိုေတာ့ ရခိုင္ကေန စၿပီးေတာ့ေပါ့ေနာ္။ ရခိုင္ကမ္းရိုးတန္း တေက်ာလံုးက အေကာင္းဆံုး ေနရာထဲမွာ. ပါတယ္။ ၿပိးေတာ့ ဧရာဝတီ ျမစ္ဝကၽြန္းေပၚက ကမ္းရိုးတန္း ေနရာေတြ။ ၿပီးေတာ့ မြန္ကေန သြားၿပီးေတာ့ တနသၤာရီ ကမ္းရိုတန္း တေလ ွ်ာက္ ဆိုေတာ့ ျမန္မာႏိုင္ငံရဲ့ ပင္လယ္ကမ္းရိုးတန္း တေက်ာပါပဲ ခင္ဗ်။
ေတာင္ေပၚေဒသေတြကေတာ့ အမ်ားစုက ေလအား ေကာင္းတယ္လုိ႔ တြက္ခ်က္ မထားပါဘူး။ ေလအားလ ွ်ပ္စစ္ ထုတ္ေလာက္ေအာင္ မေကာင္းပါဘူး။ ေလက ေျမျပန္႔ထက္စာရင္ေတာ့ ပိုျပင္းရင္ ျပင္းမယ္။ တေနရာပဲ ရွိပါတယ္။ ေျမာက္ဘက္က ပူတာအို ပတ္ဝန္းက်င္ေပါ့ေနာ္။ ျမန္မာႏိုင္ငံေျမာက္ဘက္ ပူတာအို. ပတ္ဝန္းက်င္ တေက်ာကေတာ့ ေလအား ေကာင္းတယ္လုိ႔ ေျမပံုထဲမွာလည္း ေဖၚျပထားပါတယ္”

ေမးး. ။“ဒီ ျမန္မာႏုိင္ငံမွာ ေလအားလ ွ်ပ္စစ္ သံုးဖုိ႔အတြက္ ေနရာေတြ တည္ေဆာက္မယ္ ဆိုရင္ ဘယ္လိုုမ်ိဳး ပံုစံနဲ႔ စၿပီးတည္ေဆာက္ရမလဲ ရွင္းျပေပးပါ။”
ေဒါက္တာမိုးေက်ာ္သူ။. ။“အဲ ပထမေတာ့ ေလအားေကာင္းတယ္ မေကာင္းဘူး ဆိုတာကို ႏွစ္နဲ႔ လနဲ႔ခ်ီၿပီးေတာ့ တုိင္းတာဖို႔ လိုပါတယ္။ စံနစ္တက်ေပ့ါ။ တိတိက်က် တြက္ႏိုင္မွ ေကာင္းႏုိင္တယ္ ဆိုတာ သူက ေလအားထုတ္တာက သူက တုိင္ေထာင္တဲ့ ေနရာမွာ တိုင္ တခု တခုခ်င္း ကေနၿပီးေတာ့မွ ဒလက္ေတြလာမယ္။ တာဘိုင္လို႔ေခၚတဲ့ ဒလက္ အႀကီးႀကီးေတြ လာမယ္။ ၿပီးရင္ တုိင္ကေနၿပီးေတာ့မွ စံနစ္တက် ႀကိဳေတြနဲ႔သြယ္တန္းၿပီးေတာ့ အားကို ထုတ္တဲ့သေဘာပါ။ အဲဒီေတာ့ ေဆာက္လုပ္တဲ့ ေနရာ မွားသြားမယ္ ဆိုရင္ ဒီတိုင္ကို ေရႊ႕ဖို႔မလြယ္သလို ေနာက္ပိုင္းမွာ ေျမခြင့္ျပဳခ်က္တုိ႔၊ ပိုင္ဆိုင္မႈတို႔ ဘာတို႔မွာ အခက္အခဲေတြ ျဖစ္လာႏိုင္တဲ့ အတြက္ အဲဒီၤအပိုင္းကို အမ်ားစုက ကုန္းေပၚမွာေတာင္ ၂ ႏွစ္ကေန ၿ႔ပီးေတာ့ ၅ ႏွစ္ေလာက္ၾကာတဲ့ ျပင္ဆင္မႈက ၾကာတတ္ပါတယ္။ အဲဒီေတာ့ ေျမႀကီးရဲ့ ခံႏုိင္ရည္ အပိုင္းရယ္၊ ေလအားရဲ့ အပိုင္းရယ္ကို ေစာင့္ၿပီးေတာ့ monitor လုပ္ၿပီးေတာ့ တုိင္းမယ္။ ၿပီးတဲ့ ေနာက္မွာမွ ေသခ်ာ စံနစ္တက် အစီရင္ခံစာနဲ႔ ပတ္ဝန္းက်င္နဲ႔ပတ္သက္ၿပီး ပတ္ဝန္းက်င္ထိခိုက္မႈ အနည္းဆံုး ျဖစ္တဲ့ ပံုစံနဲ႔ေဆာက္ပါမယ္ ဆိုတဲ့ အစိုးရ သို႔မဟုတ္ နယ္ေျမေဒသ ေျမႀကီးရဲ့ ပိုင္ရွင္ေတြ ဆီမွာ ခြင့္ျပဴခ်က္ ေတြယူမယ္။ စာခ်ဳပ္ေတြ ခ်ဳပ္မယ္။ ေငြေတြ ေခ်းမယ္ဆုိၿပီး ေနာက္ထပ္ ၂ ႏွစ္ ၃ ႏွစ္ ၿပီးမွ တည္ေဆာက္တဲ့ အပိုင္းကို သြားပါမယ္။
တည္ေဆာက္တဲ့ အပိုင္းမွာလည္း ဒလက္ႀကီးေတြက ပံုထဲမွာ ျပထားသလို အႀကီးႀကီးေတြပါ ခင္ဗ်။ အႀကီးႀကီးေတြက ေရရွည္မွာ ထုတ္မယ့္ အား ေကာင္းသလို ေလအားလည္း ေကာင္းတယ္ ေပါ့ေနာ္။ ဆိုေတာ့ အဲဒီလို အႀကီးႀကီးေတြ တည္ေဆာက္ဖို႔ အတြက္က တစစီကို ဆက္ၿပီး တပ္တာမ်ိဳး မဟုတ္ပဲနဲ႔ တခုထည္းအေနနဲ႔ ခိုင္ခိုင္မာမာ ျဖစ္ေအာင္ ထုတ္လုပ္ရတာမို႔ က်ေနာ္တို႔က ဘယ္ကေန ဝယ္မွာလည္။ ေနာ္ေဝကေန ဝယ္မယ္ ဆိုရင္ အေဝးႀကီးလာရမယ္။ ကုန္က်စားရိတ္ကလည္းမ်ားမယ္။ ဒါေပမယ့္ ေကာင္းတာေလး တခုေတာ့ ရွိတာေပါ့ေနာ္။ တရုတ္ႏုိင္ငံက ၿပီးခဲ့ဲတဲ့ ၅ ႏွစ္ေလာက္ အတြင္းမွာ အႀကီးအက်ယ္ကို တပ္ဆင္ ေျပာင္းလဲေနတဲ့ အတြက္ေၾကာင့္ တရုတ္ႏုိင္ငံ ထုတ္ပစၥည္းေတြကို လြယ္လြယ္ကူကူနဲ႔ ေစ်သက္သက္သာသာ ရႏုိင္တယ္ ဆိုတာက ေကာင္တဲ့ သတင္းပါ။”

ေမး။ ။ “ဟုတ္ကဲ့။ အခု ေလအားလ ွ်ပ္စစ္ကို ဘာေၾကာင့္မ်ား အႀကံျပဳတာပါလဲ။ ကမာၻ႔ႏုိင္ငံေတြမွာ ဘယ္လို ေျပာင္းလဲသံုးလာလို႔ ျမန္မာႏုိင္ငံအတြက္ကိုပါ ဒါမ်ိဳး အႀကံေပးတာပါလဲ။”
ေဒါက္တာမိုးေက်ာ္သူ။ ။“ဟုတ္ကဲ့ခင္ဗ်။ အဓိကကေတာ့ ကုန္က်စားရိတ္ပါ။ ကုန္က်စားရိတ္က ဒီေလအားလ ွ်ပ္စစ္က ကုန္က်စားရိတ္က အခုဆို ကမာၻမွာ ဆိုလာၿပီးရင္ ဒုတိယ အနည္းဆံုး အဆင့္အထိ ေရာက္လာေနၿပီ။ ေနာက္ၿပီး ျမန္မာျပည္မွာ လက္ရွိေပးေနရတဲ့ လ ွ်ပ္စစ္ မီတာခထက္ နဲနဲပဲ ပိုမ်ားတယ္။ ေလအားလ ွ်ပ္စစ္က။”

ေမး။ ။“ဆိုေတာ့ ဒီလိုမ်ိဳး ျမန္မာႏုိင္ငံသားေတြ လ ွ်ပ္စစ္ကို ေပါေပါမ်ားမ်ား သံုးႏုိင္ေအာင္အတြက္ ဘာေတြ လုပ္သင့္လည္း နဲနဲ ၿခံဳၿပီး ေျပာျပပါ။”
ေဒါက္တာမိုးေက်ာ္သူ။ ။ “ ဒီေန႔ ေျပာတဲ့ ေခါင္းစဥ္ရဲ့ အဓိကအပိုင္းပါပဲ။ ျပန္ျပည့္ၿမဲ စြမ္းအင္ဆုိတဲ့ အပိုင္းကို က်ေနာ္တို႔ ေျပာင္းရပါမယ္။ ျမန္မာႏုိင္ငံရဲ့ အဓိက ေကာင္းတဲ့အခ်က္က ဆိုလာကို အဓိကရမွာက ျမန္မာႏုိင္ငံ အလယ္ပိုင္း။ ၿပီးေတာ့ ေလအားလ ွ်ပ္စစ္ ရမယ့္ ကမ္းရိုးတန္းေဒသ၊ ၿပီးေတာ့ ေရအားလ ွ်ပ္စစ္ရတဲ့ ရွမ္းျပည္နယ္ အေရွ႕ေျမာက္ပိုင္းနဲ႔ ေျမာက္ပိုင္းေဒသေတြဆိုေတာ့။ ေဒသေတြက မထပ္တဲ့ အတြက္ေၾကာင့္ အဲဒီ အပိုင္းေတြကို ခြဲျခားၿပီးလုပ္မယ္ ဆုိရင္ ျမန္မာႏိုင္ငံက smart grid လို႔ေခၚတာ ေပါ့ေနာ္။ လ ွ်ပ္စစ္ကို တကယ့္ကို ျပန္ျပည့္ၿမဲစြမ္းအင္ကို ရတဲ့ အျပင္ကို သူ႔ဟာသူ စံနစ္တက်ေလး သံုးသြားမယ္ ဆုိရင္ အာဆီယံထဲမွာလည္း ထိပ္ ကို ေရာက္ႏုိင္တယ္လို႔ ျမင္ပါတယ္ ခင္ဗ်။"

ျမန္မာႏုိိင္ငံမွာ အဓိက လုိအပ္ေနတဲ့ စြမ္းအင္က႑ အတြက္ ေလအားလ ွ်ပ္စစ္ကို အားကိုးႏိုင္တဲ့ အေၾကာင္း ေဒါက္တာမိုးေက်ာ္သူက ေျပာျပခဲ့တာပါ။

Unicode

မြန်မာ့စွမ်းအင်ကဏ္ဍအတွက် ပြန်ပြည့်မြဲ လေစွမ်းအင်


မြန်မာနိုင်ငံမှာ အဓိက လိုအပ်နေတဲ့ စွမ်းအင်ကဏ္ဍလိုအပ်ချက်ကို လေစွမ်းအင်လို ပြန်ပြည့်မြဲစွမ်းအင်နဲ့ ဖြည့်ဆည်းပေး နိုင်ပါသလား။ ဂျပန်အဏ္ဏဝါဘူမိသိပ္ပံနဲ့ နည်းပညာဌာန (JAMSTEC) က ဒေါက်တာမိုးကျော်သူကို ဒေါ်ခင်မျိုးသက်က မေးမြန်းထားပါတယ်။

မေး။ ။ “အခု မြန်မာနိုင်ငံမှာ စွမ်းအင်က အတော်လိုအပ်နေပါတယ်။ လေစွမ်းအင်ကို မြန်မာနိုင်ငံမှာ ပြောင်းပြီး သုံးမယ်ဆိုရင် သုံးလို့ ဖြစ်ပါ့မလား ပြောပြပေးပါ။”
ဒေါက်တာမိုးကျော်သူ။ ။ “ဟုတ်ကဲ့ခင်ဗျ။ မြန်မာနိုင်ငံမှာ လျှပ်စစ်က အရေးတကြီးပေါ့နော်။ အဓိက လိုအပ်နေတယ် ဆိုတာ မှန်ပါတယ်။ အဲဒါအတွက်ကို ကျနော်တို့ ရေအားလ ျှပ်စစ်ကို သုံးနေတာလည်း နှစ်ပေါင်းကို ၆၀ လောက် ရှိပြီပေါ့နော်။ အဲဒီ အပိုင်းကလည်း ရေအားလ ျှပ်စစ်က တည်ဆောက်ရတာ ဟိုးအရင်တုန်းကတော့ အကောင်းဆုံး ဖြစ်ခဲ့ပေမယ့် အခုအချိန်မှာတော့ ပတ်ဝန်းကျင်အတွက်လည်း ထိန်းသိမ်းရတာ ခက်သလို ဘေးအန္တရာယ် ရှိတဲ့ အပိုင်းလေးးတွေလည်း ရှိပါတယ်။ ကုန်ကျစားရိတ်တွေလည်း ရှိတာပေါ့နော်။ အဲဒီတော့ အဲဒါလေးတွေ တွဲပြီး စဉ်းစားတဲ့ အချိန်မှာ ဒီပတ်ဝန်းကျင်လည်း သန့်ရှင်းတဲ့ ဥစ္စာ၊ ဆိုလာ ကိုလည်း အသုံးပြုလာသလို ဆိုလာပြီးတော့ ဒုတိယကုန်ကျစားရိတ်နည်းပြီး တွက်ခြေကိုက်ပြီး ပတ်ဝန်းကျင်အတွက်လည်း အရမ်းကို ကောင်းတဲ့ လေအား- လေအားပေါ့နော်၊ လေအားက အခုဆို အရမ်းကို ခေတ်စားလာပါတယ်။"
"ခေတ်စားလာတဲ့ အတွက် ဂျပန်မှာဆိုရင်လည်း အခု အရေးတကြီး စပြီးတော့ ပြင်ဆင်လာပါပြီ။ အရင်က မသုံးခဲ့ပေမယ့်။ ဆိုတော့ အဲဒီအပိုင်းလေး တွေကို ကျနော်တို့လည်း ထဲထဲဝင်ဝင် စပြီး လုပ်တဲံ အပိုင်းလေးတွေပါလာလို့ စိတ်ဝင်စားလို့ နှိုင်းယှဉ်ကြည့်မိတော့ - မြန်မာနိုင်ငံမှာ ဖြစ်နိုင်ပါတယ်။ ဖြစ်နိုင်ပေမယ့် ဂျပန်နိုင်ငံတို့လို၊ လေအားလ ျှပ်စစ်ကို အဓိက သုံးနေတဲ့ မြောက်ဖက်က Scandinavia နိုင်ငံတွေ၊ ဂျာမဏီတို့၊ အင်္ဂလန်တို့လို နိုင်ငံတွေလောက်၊ နယ်သာလန်တို့ ဘယ်လ်ဂျီယံတို့လို နိုင်ငံတွေလောက် လေအားက စိတ်တိုင်းကျစရာတော့ မရှိဘူး။ ဒါပေမယ့် ရေရှည်မှာတော့ ကျနော်တို့ အတွက်က အခုကတည်းက စပြီးပြင်ဆင်၊ ပြင်ဆင်ပြီးတော့ ရေရှည်မှာတော့ သုံးနိုင်မယ် ဆိုတာကတော့ သေချာပါတယ်။”

မေး။. ။ “ဒီလေအား လ ျှပ်စစ်ကို မြန်မာနိုင်ငံမှာ သုံးမယ်ဆိုရင် ဘယ်လိုစပြီးပြင်ဆင်ဖို့ လိုပါသလဲ။”
ဒေါက်တာမိုးကျော်သူ။. ။“မြန်မာနိုင်ငံအတွက်က ပြင်ဆင်ဖို့ အထူးသဖြင့် လိုအပ်ပါတယ်။ ဘာကြောင့်လည်း ဆိုတော့ ဒီလေအားလ ျှပ်စစ် ရှိတဲ့ သုံးနိုင်မယ့် နေရာတွေက ကမ်းရိုးတန်း တကျောတွေပါ ခင်ဗျ။ ကမ်းရိုးတန်း တကျောတွေမှာ သေချာ စံနစ်တကျ ဘူမိဗေဒမြေပုံ ထုတ်ထားပြီးတော့ မြေကြီးရဲ့ ခံနိုင်ရည်စွမ်းအား မြေကြီးရဲ့ တည်ငြိမ်မှု အပိုင်းတွေကို သေချာ မြေပုံထုတ်ထားဖို့ လိုအပ်သလို၊ ရေထဲကို နဲနဲ ဆင်းလိုက်ပြီဆိုရင် ကျနော်တို့ မြန်မာနိုင်ငံမှာက မြေပုံတို့ဘာတို့ စံနစ်တကျ ထုတ်ထားတာ မရှိတဲ့ အတွက်ကြောင့် အဲဒီ အပိုင်းတွေက အများကြီး လိုအပ်ပါတယ်။ အခု ဂျပန်နိုင်ငံမှာ အခက်အခဲဖြစ်နေတာ လည်း အဲဒီ အပိုင်းပါပဲ။ ဒီ ရေထဲမှာ ကမ်းစပ်မှာ ရှိတဲ့ နေရာတွေမှာ ဆောက်မယ် ဆိုရင် လေအားလည်း ပိုရတဲ့ အတွက်ကြောင့် ပိုပြီး ကောင်းမယ် ဆိုပေမယ့်၊ အဲဒီအပိုင်းမှာ အခြေခံကျတဲ့ မြေပုံက မရှိဘူး ဆိုတော့ ပုဂ္ဂလိက ကဏ္ဍကနေ လုပ်ဖို့ ဆိုတာက အတော်ကို ခက်ခဲပါတယ်။ ဆိုတော့ အဲဒီ အပိုင်းကို မြန်မာနိုင်ငံမှာ စပြီ ပြင်မယ်ဆိုရင်၊ အခုအချိန်က စပြီး ပြင်မယ် ဆိုရင် နောက် ၅ နှစ်ကနေ ၁၀ နှစ်လောက် ကြာမှာပါ။ အဲဒီ အပိုင်းတွေက။ ပုံမှန်က လေအားလ ျှပ်စစ်ရဲ့ ဒီတိုင်ကြီးတွေ တခုပြီး တခုရဲ့ ဓါတ်အားထုတ်တဲ့ ဟာ တခုချင်း တခုချင်းကို လုပ်ဖို့ အတွက်ကလည်း စပြီး အကြမ်းဖျင်း လေအား တွက်ချက်တာနဲ့ ညီတဲ့ ခံနိုင်ရည် တို့ကို တွက်တဲ့ဥစ္စာ၊ မြေပုံထုတ်တာနဲ့ ပြင်ဆင်တာတွေ အားလုံးဟာ ၃ နှစ်ကနေ ၅ နှစ် ကျော် အထိလောက် ကြာပါတယ် ခင်ဗျ။ အဲဒါ အတွက်ကြောင့် အခုကနေ စပြီး ပြင်ဆင်မယ် ဆိုရင်တော့ အနေတော်လောက် ဖြစ်မယ်လို့ မြင်ပါတယ်။”

မေး။. ။“ဟုတ်ကဲ့။ ပြင်ဆင်မယ် ဆိုရင် မြန်မာနိုင်ငံရဲ့ ဘယ်အပိုင်းတွေက ဒီ လေအား လ ျှပ်စစ်ထုတ်ဖို့ အတွက် ကောင်းတဲ့ နေရာတွေ ပါလဲ။”
ဒေါက်တာမိုးကျော်သူ။. ။“ဟုတ်ကဲ ခင်ဗျ။ နိုင်ငံတကာ ဒီစွမ်းအင် အကြံပေးအဖွဲ့ တွေက ဒီ ၂၀၁၅ နဲ့ ၁၆ ခုနှစ်မှာ ကျန်ခဲ့တဲ့ ပြည်သူ့အစိုးရဆီကို အစီရင်ခံစာ တင်ထားးတဲ့ဥစ္စာမှာ စံနစ်တကျ သေချာ တိုင်းတာ ထားးတဲ့ မြေပုံတွေလည်း ရှိနေပါတယ်ခင်ဗျ။ အခု ပြထားတဲ့ ဒုတိယ မြေပုံမှာလည်း ပြနေပါတယ်။ ဆိုတော့ ရခိုင်ကနေ စပြီးတော့ပေါ့နော်။ ရခိုင်ကမ်းရိုးတန်း တကျောလုံးက အကောင်းဆုံး နေရာထဲမှာ. ပါတယ်။ ပြိးတော့ ဧရာဝတီ မြစ်ဝကျွန်းပေါ်က ကမ်းရိုးတန်း နေရာတွေ။ ပြီးတော့ မွန်ကနေ သွားပြီးတော့ တနင်္သာရီ ကမ်းရိုတန်း တလေ ျှာက် ဆိုတော့ မြန်မာနိုင်ငံရဲ့ ပင်လယ်ကမ်းရိုးတန်း တကျောပါပဲ ခင်ဗျ။
တောင်ပေါ်ဒေသတွေကတော့ အများစုက လေအား ကောင်းတယ်လို့ တွက်ချက် မထားပါဘူး။ လေအားလ ျှပ်စစ် ထုတ်လောက်အောင် မကောင်းပါဘူး။ လေက မြေပြန့်ထက်စာရင်တော့ ပိုပြင်းရင် ပြင်းမယ်။ တနေရာပဲ ရှိပါတယ်။ မြောက်ဘက်က ပူတာအို ပတ်ဝန်းကျင်ပေါ့နော်။ မြန်မာနိုင်ငံမြောက်ဘက် ပူတာအို. ပတ်ဝန်းကျင် တကျောကတော့ လေအား ကောင်းတယ်လို့ မြေပုံထဲမှာလည်း ဖေါ်ပြထားပါတယ်”

မေးး. ။“ဒီ မြန်မာနိုင်ငံမှာ လေအားလ ျှပ်စစ် သုံးဖို့အတွက် နေရာတွေ တည်ဆောက်မယ် ဆိုရင် ဘယ်လိုမျိုး ပုံစံနဲ့ စပြီးတည်ဆောက်ရမလဲ ရှင်းပြပေးပါ။”
ဒေါက်တာမိုးကျော်သူ။. ။“အဲ ပထမတော့ လေအားကောင်းတယ် မကောင်းဘူး ဆိုတာကို နှစ်နဲ့ လနဲ့ချီပြီးတော့ တိုင်းတာဖို့ လိုပါတယ်။ စံနစ်တကျပေ့ါ။ တိတိကျကျ တွက်နိုင်မှ ကောင်းနိုင်တယ် ဆိုတာ သူက လေအားထုတ်တာက သူက တိုင်ထောင်တဲ့ နေရာမှာ တိုင် တခု တခုချင်း ကနေပြီးတော့မှ ဒလက်တွေလာမယ်။ တာဘိုင်လို့ခေါ်တဲ့ ဒလက် အကြီးကြီးတွေ လာမယ်။ ပြီးရင် တိုင်ကနေပြီးတော့မှ စံနစ်တကျ ကြိုတွေနဲ့သွယ်တန်းပြီးတော့ အားကို ထုတ်တဲ့သဘောပါ။ အဲဒီတော့ ဆောက်လုပ်တဲ့ နေရာ မှားသွားမယ် ဆိုရင် ဒီတိုင်ကို ရွှေ့ဖို့မလွယ်သလို နောက်ပိုင်းမှာ မြေခွင့်ပြုချက်တို့၊ ပိုင်ဆိုင်မှုတို့ ဘာတို့မှာ အခက်အခဲတွေ ဖြစ်လာနိုင်တဲ့ အတွက် အဲဒီၤအပိုင်းကို အများစုက ကုန်းပေါ်မှာတောင် ၂ နှစ်ကနေ ြ့ပီးတော့ ၅ နှစ်လောက်ကြာတဲ့ ပြင်ဆင်မှုက ကြာတတ်ပါတယ်။ အဲဒီတော့ မြေကြီးရဲ့ ခံနိုင်ရည် အပိုင်းရယ်၊ လေအားရဲ့ အပိုင်းရယ်ကို စောင့်ပြီးတော့ monitor လုပ်ပြီးတော့ တိုင်းမယ်။ ပြီးတဲ့ နောက်မှာမှ သေချာ စံနစ်တကျ အစီရင်ခံစာနဲ့ ပတ်ဝန်းကျင်နဲ့ပတ်သက်ပြီး ပတ်ဝန်းကျင်ထိခိုက်မှု အနည်းဆုံး ဖြစ်တဲ့ ပုံစံနဲ့ဆောက်ပါမယ် ဆိုတဲ့ အစိုးရ သို့မဟုတ် နယ်မြေဒေသ မြေကြီးရဲ့ ပိုင်ရှင်တွေ ဆီမှာ ခွင့်ပြူချက် တွေယူမယ်။ စာချုပ်တွေ ချုပ်မယ်။ ငွေတွေ ချေးမယ်ဆိုပြီး နောက်ထပ် ၂ နှစ် ၃ နှစ် ပြီးမှ တည်ဆောက်တဲ့ အပိုင်းကို သွားပါမယ်။
တည်ဆောက်တဲ့ အပိုင်းမှာလည်း ဒလက်ကြီးတွေက ပုံထဲမှာ ပြထားသလို အကြီးကြီးတွေပါ ခင်ဗျ။ အကြီးကြီးတွေက ရေရှည်မှာ ထုတ်မယ့် အား ကောင်းသလို လေအားလည်း ကောင်းတယ် ပေါ့နော်။ ဆိုတော့ အဲဒီလို အကြီးကြီးတွေ တည်ဆောက်ဖို့ အတွက်က တစစီကို ဆက်ပြီး တပ်တာမျိုး မဟုတ်ပဲနဲ့ တခုထည်းအနေနဲ့ ခိုင်ခိုင်မာမာ ဖြစ်အောင် ထုတ်လုပ်ရတာမို့ ကျနော်တို့က ဘယ်ကနေ ဝယ်မှာလည်။ နော်ဝေကနေ ဝယ်မယ် ဆိုရင် အဝေးကြီးလာရမယ်။ ကုန်ကျစားရိတ်ကလည်းများမယ်။ ဒါပေမယ့် ကောင်းတာလေး တခုတော့ ရှိတာပေါ့နော်။ တရုတ်နိုင်ငံက ပြီးခဲ့ဲတဲ့ ၅ နှစ်လောက် အတွင်းမှာ အကြီးအကျယ်ကို တပ်ဆင် ပြောင်းလဲနေတဲ့ အတွက်ကြောင့် တရုတ်နိုင်ငံ ထုတ်ပစ္စည်းတွေကို လွယ်လွယ်ကူကူနဲ့ ဈေသက်သက်သာသာ ရနိုင်တယ် ဆိုတာက ကောင်တဲ့ သတင်းပါ။”

မေး။ ။ “ဟုတ်ကဲ့။ အခု လေအားလ ျှပ်စစ်ကို ဘာကြောင့်များ အကြံပြုတာပါလဲ။ ကမ္ဘာ့နိုင်ငံတွေမှာ ဘယ်လို ပြောင်းလဲသုံးလာလို့ မြန်မာနိုင်ငံအတွက်ကိုပါ ဒါမျိုး အကြံပေးတာပါလဲ။”
ဒေါက်တာမိုးကျော်သူ။ ။“ဟုတ်ကဲ့ခင်ဗျ။ အဓိကကတော့ ကုန်ကျစားရိတ်ပါ။ ကုန်ကျစားရိတ်က ဒီလေအားလ ျှပ်စစ်က ကုန်ကျစားရိတ်က အခုဆို ကမ္ဘာမှာ ဆိုလာပြီးရင် ဒုတိယ အနည်းဆုံး အဆင့်အထိ ရောက်လာနေပြီ။ နောက်ပြီး မြန်မာပြည်မှာ လက်ရှိပေးနေရတဲ့ လ ျှပ်စစ် မီတာခထက် နဲနဲပဲ ပိုများတယ်။ လေအားလ ျှပ်စစ်က။”

မေး။ ။“ဆိုတော့ ဒီလိုမျိုး မြန်မာနိုင်ငံသားတွေ လ ျှပ်စစ်ကို ပေါပေါများများ သုံးနိုင်အောင်အတွက် ဘာတွေ လုပ်သင့်လည်း နဲနဲ ခြုံပြီး ပြောပြပါ။”
ဒေါက်တာမိုးကျော်သူ။ ။ “ ဒီနေ့ ပြောတဲ့ ခေါင်းစဉ်ရဲ့ အဓိကအပိုင်းပါပဲ။ ပြန်ပြည့်မြဲ စွမ်းအင်ဆိုတဲ့ အပိုင်းကို ကျနော်တို့ ပြောင်းရပါမယ်။ မြန်မာနိုင်ငံရဲ့ အဓိက ကောင်းတဲ့အချက်က ဆိုလာကို အဓိကရမှာက မြန်မာနိုင်ငံ အလယ်ပိုင်း။ ပြီးတော့ လေအားလ ျှပ်စစ် ရမယ့် ကမ်းရိုးတန်းဒေသ၊ ပြီးတော့ ရေအားလ ျှပ်စစ်ရတဲ့ ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းနဲ့ မြောက်ပိုင်းဒေသတွေဆိုတော့။ ဒေသတွေက မထပ်တဲ့ အတွက်ကြောင့် အဲဒီ အပိုင်းတွေကို ခွဲခြားပြီးလုပ်မယ် ဆိုရင် မြန်မာနိုင်ငံက smart grid လို့ခေါ်တာ ပေါ့နော်။ လ ျှပ်စစ်ကို တကယ့်ကို ပြန်ပြည့်မြဲစွမ်းအင်ကို ရတဲ့ အပြင်ကို သူ့ဟာသူ စံနစ်တကျလေး သုံးသွားမယ် ဆိုရင် အာဆီယံထဲမှာလည်း ထိပ် ကို ရောက်နိုင်တယ်လို့ မြင်ပါတယ် ခင်ဗျ။"

မြန်မာနိုင်ငံမှာ အဓိက လိုအပ်နေတဲ့ စွမ်းအင်ကဏ္ဍ အတွက် လေအားလ ျှပ်စစ်ကို အားကိုးနိုင်တဲ့ အကြောင်း ဒေါက်တာမိုးကျော်သူက ပြောပြခဲ့တာပါ။

XS
SM
MD
LG